အိမ်ခြံမြေအကျိုးဆောင်များအား တရားဝင်လိုင်စင်ထုတ်ပေးရန်တင်ပြမှုကို ကန့်ကွက်မည်ဟုဆို

အိမ်ခြံမြေအကျိုးဆောင်များအား တရားဝင်လိုင်စင်ထုတ်ပေးရန်တင်ပြမှုကို ကန့်ကွက်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
2 May 2016 11:17 am တွင် တင်ခဲ့သည်
1409 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေ အကျိုး ဆောင်များအား တရားဝင်လိုင်စင် ထုတ်ပေးရန် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ မြန်မာ နိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအ သင်း၏ တင်ပြချက်သည် အိမ်ခြံ မြေအသင်းအဖွဲ့များနှင့် အကျိုး ဆောင်များအားလုံးကို ကိုယ်စား မပြုသောကြောင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများသို့ ကန့်ကွက်လွှာတင်ပြမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေကိုယ်စားလှယ်များဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်က ပြောသည်။

‘‘အကျိုးဆောင်လိုင်စင်ရှိဖို့ လိုအပ်တယ်လို့ယူဆရင် မြန်မာ နိုင်ငံတစ်ဝန်းမှာရှိတဲ့ အကျိုး ဆောင်အားလုံးနဲ့ အိမ်ခြံမြေအ သင်းဝင်တဲ့သူတွေရော အသင်းမ ၀င်ထားတဲ့သူတွေပါအားလုံးသင် တန်းပေးသင့်တယ်။ အခုလုပ်တာ က မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န် ဆောင်မှုအသင်းအမည်ခံပြီး တ ခြားသောအိမ်ခြံမြေအသင်းများ၊ တခြားတစ်သီးပုဂ္ဂလအိမ်ခြံမြေအ ကျိုးဆောင်တွေကို ဖိတ်ခေါ်တိုင် ပင်ဆွေးနွေးတာမရှိဘဲ မြန်မာနိုင် ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်း အသင်းဝင်များ ၂-၃-၄ ရက် ရက်တိုသင်တန်းဆင်းတဲ့ အိမ်ခြံ မြေအကျိုးဆောင်များကိုသာ တ ရားဝင်လိုင်စင်ထုတ်ပေးဖို့ တင်ပြ တာမျိုးဖြစ်နေတဲ့အတွက် ကန့် ကွက်ခြင်းဖြစ်တယ်’’ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေ၀န် ဆောင်မှုအသင်းက သင်တန်းပေး ကာ အကျိုးဆောင် လက်မှတ် ထုတ်ပေးထားသော သင်တန်း သား ၄,၃၃၈ ဦးရှိပြီး မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင်အကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူ ၁၀၀,၀၀၀ကျော်ရှိကြောင်း မြန်မာနိုင်ငံအိမ် ခြံမြေ၀န်ဆောင်မှုအသင်းမှ သ တင်းရရှိသည်။

‘‘အခုအကျိုးဆောင်လိုင်စင် ရဖို့တင်ပြတာက ကျွန်တော်တို့အ သင်းသားတွေတင်မဟုတ်ဘဲတစ် နိုင်ငံလုံးမှာရှိတဲ့ အကျိုးဆောင် အားလုံးအတွက် ပြည်ထောင်စု ၀န်ကြီးကိုတင်ပြတာပါ။ နိုင်ငံတ ကာမှာလည်း ဒီလိုင်စင်က ရှိ တယ်။ ဒါကြောင့် ကိုယ့်နိုင်ငံမှာ ရှိ သင့်ရှိထိုက်တဲ့အတွက်ဝန်ကြီးကို တင်ပြတာဖြစ်တယ်’’ဟု မြန်မာ နိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအ သင်းဥက္ကဋ္ဌဦးခင်မောင်သန်းက ပြောသည်။

အိမ်ခြံမြေအကျိုးဆောင်တ ရားဝင်လိုင်စင်ကို သက်ဆိုင်ရာက ခေတ်စနစ်နှင့်အညီ အိမ်ခြံ မြေအကျိုးဆောင်များအတွက်လို အပ်ပါက တရားဝင်ဖွဲ့စည်းတည် ထောင်ထားသော အိမ်ခြံမြေအ သင်းများ၊ တစ်သီးပုဂ္ဂလ အကျိုး ဆောင်များအား ခေါ်ယူညှိနှိုင်း တိုင်ပင်ပြီး သက်ဆိုင်ရာဝန်ကြီး ဌာနအစီအမံဖြင့်သာ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းလိုင်စင်ချ ထားပေးရန် မိမိတို့မန္တလေးတိုင်း ဒေသကြီး အိမ်ခြံမြေ ကိုယ်စား လှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအ သင်းမှ သတင်းရရှိသည်။

‘‘လိုင်စင်ကိစ္စ တင်ပြထား တာကို အရင်ကတည်းကကန့် ကွက်ထားတယ်။ အခုတင်ပြတဲ့ အသင်းက အကျိုးဆောင်အများစုကို ကိုယ်စားပြုတဲ့ အသင်း လည်းမဟုတ်ဘူး။ အကျိုးဆောင် အားလုံးမပါဝင်ဘဲ လိုင်စင်ကိစ္စ ကို ချုပ်ကိုင်မယ်ဆိုရင်တော့ သ ဘောမတူနိုင်ဘူး။ ဒါနဲ့ပတ်သက် ပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေ ကို ကန့်ကွက်တင်ပြမယ်’’ဟု ရန်ကုန်တိုင်းအိမ်ခြံမြေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service