မန္တလေးမြို့ အထပ်မြင့် အဆောက်အအုံများတွင် လုံလောက်သည့် ကားပါကင် ပါမှ ခွင့်ပြုတော့မည်

မန္တလေးမြို့ အထပ်မြင့် အဆောက်အအုံများတွင် လုံလောက်သည့် ကားပါကင် ပါမှ ခွင့်ပြုတော့မည် - Property News in Myanmar from iMyanmarHouse.com
2 May 2016 10:43 am တွင် တင်ခဲ့သည်
1578 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့တွင် အထပ်မြင့် ဟိုတယ်နှင့် အဆောက်အအုံများတွင် လုံလောက်သည့် ယာဉ်ရပ်နားရန် နေရာ ပါရှိမှ ဆောက်လုပ်ခွင့်ပြုမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံနှင့် ကုန်ရုံဌာနဌာနမှ ခေတ္တဌာနမှူး ဦးဇော်ဝင်းက ပြောသည်။

၎ ထပ်နှင့်အထက် ရှိမည့် ဟိုတယ်များနှင့် အဆောက်အအုံများ အနေဖြင့် ယာဉ်ရပ်နားနေရာ ထည့်သွင်းထားသည့် ပုံစံဒီဇိုင်းများဖြင့် လျှောက်ထားရမည် ဖြစ်ပြီး အခန်းအရေအတွက်၊ တည်းခိုမည့် လူဦးရေနှင့် ကိုက်ညီသည့် အကျယ်အဝန်း ထားရှိရမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အသုံးပြုမည့် ယာဉ်အစီးရေ၏ ၂၀ ရာခိုင်နှုန်းအတွက် လုံလောက်သည် ကားပါကင် ပါရှိရန် သေချာစိစစ်နေကြောင်း၊ ဆောက်လုပ်ခွင့် ချထားပေးပြီးနောက် စည်းကမ်းမလိုက်နာသည့် ဆောက်လုပ်ခြင်းများ စစ်ဆေးတွေ့ရှိရပါက ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံနှင့် ကုန်ရုံဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

“အရင်က ကားပါကင် သတ်မှတ်ချက် ရှိခဲ့ပေမယ့် စစ်ဆေး အရေးယူမှုအပိုင်းမှာ အားနည်းမှုတွေ ရှိခဲ့ပါတယ်။ လက်ရှိမှာ မြို့တွင်းမှာလည်း ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတော့ နောက်ပိုင်းမှာ မြို့ရဲ့ လူဦးရေ တိုးတက်များပြားလာနိုင်တာကြောင့် အခုလို စိစစ် ဆောင်ရွက်မှုတွေ လုပ်ဆောင်ရတာဖြစ်ပါတယ်” ခေတ္တဌာနမှူး ဦးဇော်ဝင်းက ရှင်းပြသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေအရ ခွင့်ပြုထားသည့် အဆောက်အအုံ ပုံစံနှင့် ကွဲပြားခြားနားစွာ ဆောက်လုပ်ပါက အနည်းဆုံး ဒဏ်ငွေ ကျပ် ၃ သောင်းမှ အများဆုံး ကျပ် ၃ သိန်း ဖြစ်စေ၊ ထောင်ဒဏ် ၃ လအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ အရေးယူနိုင်သည်ဟု သိရသည်။

မန္တလေးမြို့ပြ ပိုမိုဖွံ့ဖြိုးလာစေရေး အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ခွင့်ကို ၄ ထပ်နှင့်အထက် အဆောက်အအုံများတွင် လုံလောက်သည့် ကားပါကင် ပါရှိရမည်ဖြစ်ပြီး မျက်နှာဖွင့် ပေ ၄၀ အောက်လျော့နည်းသည့် အဆောက်အအုံများကို ဘေးနှစ်ဘက် အမိုးစွန်းမှ ဝင်းခြံအထိ ၃ ပေ ချန်၍ ဆောက်ထားရန်၊ မျက်နှာဖွင့် ပေ ၄၀ အထက် အဆောက်အအုံများကို ဘေးနှစ်ဘက် အမိုးစွန်းမှ ဝင်းခြံအထိ ၅ ပေ ချန်၍ ဆောက်ထားရမည်ဖြစ်ပြီး သတ်မှတ်ချက်များ ပြည့်စုံမှ ခွင့်ပြုပေးမည်ဖြစ်ကြောင်း ကော်မတီ၏ အဆိုအရ သိရသည်။

“နောက်ပိုင်း ကာလမှာဆိုရင် ကော်မတီက အင်ဂျင်နီယာ လိုင်စင်တွေကို ချထားပေးမှာ မဟုတ်တော့ပါဘူး။ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီကနေပဲ RE၊ PE၊ RSE စတဲ့ အဆင့်သတ်မှတ်ချက်အတိုင်း ချထားပေးတဲ့အပေါ်မှာ စာရင်းလက်ခံပေးတာပဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ်”ဟု ခေတ္တဌာနမှူး ဦးဇော်ဝင်းက ပြောသည်။

ထို့ပြင် တည်ဆောက်ရေး လုပ်ငန်းများအတွက် အရေးကြီးသည့် အင်ဂျင်နီယာလိုင်စင်များနှင့် ကန်ထရိုက် လုပ်ငန်းလိုင်စင်များကိုလည်း စိစစ်ခွင့်ပြု ချထားပေးလျက်ရှိသဖြင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ အသိအမှတ်ပြု RE၊ PE၊ RSE ဖြေဆိုမှုများအတွက် အထောက်အကူ ဖြစ်စေမည်ဟု ၎င်းက ပြောကြားသည်။

ယခုအခါ ကန်ထရိုက် လုပ်ငန်းလိုင်စင် ချထားပေးမှုမှာ ကုမ္ပဏီ ၁၃၅ ခု၊ အကြီးတန်း အင်ဂျင်နီယာလိုင်စင် ၅၅၁ ဦး၊ အငယ်တန်း အင်ဂျင်နီယာလိုင်စင် ၄၀၇ ဦး ဖြစ်သည်ဟု သိရသည်။

Credit : Irrawaddy News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service