ကမ္ဘာ့ရွှေဈေးအပြောင်း အလဲကြောင့် ပြည်တွင်းရွှေဈေး ကျပ်ရှစ်သိန်းခန့်အထိ ဈေးတက် လာသော်လည်း အရောင်းအ၀ယ်နည်းပါးကြောင်း ပြည်တွင်းရွှေဈေးကွက်မှ သတင်းရရှိသည်။
ဧပြီလဆန်းတွင် အခေါက် ရွှေတစ်ကျပ်သားလျှင် ကျပ် ၇၇၀,၀၀၀ ခန့်ရှိနေရာမှ တဖြည်း ဖြည်း ပြန်လည်ကျဆင်းပြီး ဧပြီလကုန်ပိုင်းတွင် ဈေးပြန်တက်လာ ကာ ဧပြီ ၃၀ ရက်တွင် ကျပ် ၈၀၀,၀၀၀ ခန့်ထိ တက်လာခြင်း ဖြစ်သည်။
‘‘အခုဈေးတက်တာက ပြည် တွင်းမှာ ရွှေထုတ်နည်းလို့၊ အ ရောင်းအ၀ယ်များလို့ ဖြစ်သွားတဲ့ ဈေးမဟုတ်ဘူး။ ကမ္ဘာ့ရွှေဈေးအ ပြောင်းအလဲကြောင့် အခုလိုဖြစ် သွားတာပါ’’ဟု ရွှေလုပ်ငန်းရှင် အသင်း အတွင်းရေးမှူးက ပြော ကြားသည်။
ပွင့်လင်းရာသီရောက်လာ သော်လည်း ရွှေဈေးအတက်အကျ များနေသောကြောင့်အရောင်းအ၀ယ်နည်းပါးနေကြောင်း
ပြည်တွင်းရွှေဆိုင်များမှ သိရသည်။
‘‘အတက်အကျများတော့ ၀ယ်ရောင်းလုပ်သူတွေက အဆင် ပြေပါတယ်။ သာမန်ဝယ်စုတဲ့သူ တွေက သိပ်မ၀ယ်ကြဘူး’’ဟု ရွှေ အရောင်းအ၀ယ်လုပ်သည့် ကိုဝင်း ပြည့်က ပြောသည်။
အမေရိကန်တွင် ရွှေဈေးထိုး တက်နေခြင်းနှင့် အမေရိကန်ဒေါ် လာဈေး ပြန်လည်မြင့်လာခြင်း တို့ကြောင့်လည်း ပြည်တွင်းရွှေ ဈေးတက်ခြင်းဖြစ်သည်ဟု ပြည် တွင်းရွှေလုပ်ငန်းရှင်များက သုံး သပ်သည်။
‘‘အခုကတော့ ပြည်တွင်းမှာ ၀ယ်လိုအား၊ ရောင်းလိုအားက လိုက်လျောညီထွေဖြစ်နေတယ်။ အရောင်းအ၀ယ် မဖြစ်တော့တာ မျိုး မရှိသေးပါဘူး’’ ဟု အောင် သမာဓိရွှေဆိုင် အထွေထွေမန်နေ ဂျာ ဦးမောင်က ပြောသည်။
ပြည်တွင်း ရွှေဈေးသည် ၂၀၁၅ တွင် တစ်ကျပ်သားလျှင် ကျပ် ၈၀၀,၀၀၀ ကျော်အထိ နှစ်ခါ ဈေးမြင့်တက်ခဲ့သည်။
၂၀၁၆ ဖေဖော်ဝါရီနှင့် ဇန်န၀ါရီအတွင်း ကျပ် ၈၀၀,၀၀၀ ကျော်အထိတစ်ကြိမ် ဈေးတက်ဖူးသည်။
ထိုသို့အမြင့်နှုန်းများ မြင့်တက်လာပြီးနောက် ပြန်လည်ကျ
ဆင်းလာခြင်း ဖြစ်သည်။
Credit: 7Daydaily