လူထုဦးစိန်ဝင်းနေထိုင်ခဲ့သည့် နှစ်ရာကျော်သက်တမ်းရှိအဆောက်အအုံကို အများပြည်သူလေ့လာနိုင်ရန်ပြသ

လူထုဦးစိန်ဝင်းနေထိုင်ခဲ့သည့် နှစ်ရာကျော်သက်တမ်းရှိအဆောက်အအုံကို အများပြည်သူလေ့လာနိုင်ရန်ပြသ - Property News in Myanmar from iMyanmarHouse.com
2 May 2016 10:17 am တွင် တင်ခဲ့သည်
1222 ကြိမ် ကြည့်ရှု့ပြီး
သတင်းစာဆရာကြီး လူထုစိန်ဝင်းနေထိုင်ခဲ့သော နှစ် ၁၀၀ ကျော် သက်တမ်းရှိသည့် အ ဆောက်အအုံတစ်လုံးကို အများ ပြည်သူလေ့လာနိုင်ရန် ‘‘Living Restoration’’အမည်ဖြင့် ဧပြီ ၃၀ ရက်တွင် စတင်ပြသမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ အဆောက်အအုံ သည် ကုန်သည်လမ်းပေါ်ရှိကျောက်တံတားမြို့နယ်အတွင်း တည်ရှိ ကာ စီးပွားရေးလုပ်ငန်းများနှင့် လူနေအိမ်ခန်းများပါဝင်သည့် ကိုလို နီခေတ်လက်ရာ နှစ်ထပ်အဆောက်အအုံဖြစ်ပြီး လက်ရှိ၌ နေထိုင်သူ ၈၀ ဦးခန့်ရှိကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့မှ သိရသည်။

အဆိုပါအဆောက်အအုံကို ဧပြီ ၃၀ ရက်မှစ၍ ဇူလိုင် ၃၁ ရက်အထိ နေ့စဉ် တနင်္လာနေ့မှလွဲ၍ ညနေ ၃ နာရီမှ ည ၇ နာရီအထိ အများပြည်သူလေ့လာနိုင်ရန် ဖွင့် လှစ်ထားမည် ဖြစ်ပြီး အများပြည်သူအတွက် ဟောပြောပွဲများ၊ ရုပ်ရှင်၊ ဓာတ်ပုံပြပွဲများနှင့် သရုပ်ပြပွဲများကို အပတ်စဉ်ပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါအဖွဲ့မှ သိရသည်။

‘‘အများမြင်သာတဲ့ လမ်းမ ကြီးပေါ်လည်းဖြစ်၊ ဆရာလူထု စိန်ဝင်းနေထိုင်ခဲ့တဲ့ နေရာလည်း ဖြစ်၊ အဆောက်အအုံကလည်း ရန်ကုန်မြို့ အစောပိုင်းကတည်း ကရှိခဲ့တဲ့ မူလလက်ရာဖြစ်ပြီး ဗိသုကာလက်ရာအားဖြင့်လည်း ကောင်းမွန်ထူးခြားတဲ့အတွက် ရွေးချယ်ခဲ့ကြတာပါ’’ဟု ရန်ကုန် မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါ်မိုးမိုးလွင်က ပြောသည်။

ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ နှင့် နိုင်ငံတကာအင်န်ဂျီအိုတစ်ခု ဖြစ်သော Turquoise Mountain တို့ ပူးပေါင်း၍ အဆိုပါအဆောက် အအုံကို ၂၀၁၅ ဇူလိုင်မှစကာ ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။

ယင်းအဆောက်အအုံကို ရန်ကုန်မြို့တွင် နိုင်ငံတကာစံချိန် စံညွန်းမီ ပြုပြင်ထိန်းသိမ်းသည့် ပထမဆုံးအဆောက်အအုံအဖြစ် ရန်ကုန်မြို့ပြအမွေအနှစ်ထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့က ဧပြီ ၂၉ ရက်၌ အပြာရောင် ကမ္ပည်းပြားတပ်ဆင်ခဲ့သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service