တန်ဖိုးနည်းအိမ်ရာကိုကျပ်သိန်းတစ်ရာအောက် ဖြင့် ရောင်းချရန်ရည်ရွယ်ပြီး နေ ပြည်တော်တွင် စမ်းသပ်တည် ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်
လုပ်ရေးဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီးဦးဝင်းခိုင်ကပြော သည်။
အဆိုပါအိမ်ရာကို စံနှုန်း တစ်ခုပေါ်ထွန်းလာရန် စမ်းသပ် တည်ဆောက်ခြင်းဖြစ်ပြီး ကျပ် သိန်းတစ်ရာအောက်ဖြင့် စတင် ရောင်းချနိုင်ပါက တစ်နိုင်ငံလုံး တွင် ယင်းကဲ့သို့ အိမ်ရာမျိုးအ မြောက်အမြားတည်ဆောက်သွား ရန်ရည်ရွယ်ထားကြောင်း ပြည် ထောင်စုဝန်ကြီး
ကပြောသည်။
‘‘စံနမူနာဖြစ်တဲ့အတွက် ဒီ အိမ်ရာစီမံကိန်းကနေ စံချိန်၊ စံ ညွှန်းယူမယ်။ကုန်ကျစရိတ်ကို လျော့နိုင်သလောက် လျော့ အောင်တွက်ချက်ပြီး ဆောက် မယ်’’ဟု ၎င်းကပြောသည်။
တန်ဖိုးနည်းအိမ်ရာစီမံကိန်း ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပိုင်မြေပေါ်တွင် တည်ဆောက် မည်ဖြစ်ပြီး မေ ၁ရက်၌ စတင် ဆောင်ရွက်ကာ ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ ရက်တစ်ရာစီမံ ချက်တွင်ပါဝင်မည်ဟုဆိုသည်။
စမ်းသပ်တည်ဆောက်မည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွင် အထပ်ငါးထပ်၊ အခန်း၄၀ ပါဝင်မည့်အဆောက်အအုံဖြစ်ပြီး ယခင်အစိုးရလက်ထက်က တည် ဆောက်ခဲ့သည့် တန်ဖိုးနည်းအိမ် ရာစီမံကိန်းများသည် ကျပ်သိန်းတစ်ရာကျော်အထက်ရှိ၍ ပြည်သူအများစုလက်လှမ်းမမီသည့် ဈေးနှုန်းများဖြစ်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ဝေဖန်သည်။
ထို့ကြောင့် အစိုးရသစ်လက် ထက်တွင် ယင်းကဲ့သို့ ဈေးနှုန်း များမကြီးမြင့်စေရန်အဓိကထား ၍အရေအတွက်များများတည် ဆောက်မည်ဖြစ်ကြောင်း ဦးဝင်းခိုင်က ဆိုသည်။
‘‘အစိုးရမြေမှာဆိုရင်တော့ သိန်းတစ်ရာအောက်နဲ့ဆောက် နိုင်တယ်။ နယ်မြို့တွေမှာဆိုဖြစ် နိုင်ဖို့သေချာတယ်။ ရန်ကုန်မှာဆို ရင်တော့ မြေရှားတယ်။ ဈေးကြီး တယ်။ အစိုးရသစ်အတွက် သိန်း တစ်ရာအောက်နဲ့ရောင်းဖို့ စိန်ခေါ် မှုဖြစ်နိုင်တယ်’’ဟု မြရတီဆောက် လုပ်ရေးလုပ်ငန်းမှ မန်နေဂျင်းဒါ ရိုက်တာဦးထွန်းမြတ်ကသုံးသပ် သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာ နက ယခုကဲ့သို့ တန်ဖိုးနည်းအိမ်ရာ များတည်ဆောက်ခြင်းနှင့်အတူ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူတည်ဆောက်ပါက ကျပ်သိန်းတစ်ရာအောက်ဖြင့် ရောင်းချနိုင်ကြောင်း ၎င်းကဆိုသည်။
ပြီးခဲ့သည့်အစိုးရလက်ထက် က ဆောက်လုပ်ရေးကုမ္ပဏီအချို့ က ရန်ကုန်မြို့၌ ကျပ် သိန်းတစ်ရာမှ သိန်းငါးဆယ်အတွင်းရောင်းချနိုင်သည့် အိမ်ရာများတည်ဆောက်ရန် ကမ်းလှမ်းခဲ့ဖူးသည်။
Credit: 7Daydaily