ပန်းမြို့တော်ပြည်ဦးလွင်က မြေရောဂါကို ကုစားဖို့

ပန်းမြို့တော်ပြည်ဦးလွင်က မြေရောဂါကို ကုစားဖို့ - Property News in Myanmar from iMyanmarHouse.com
29 Apr 2016 11:05 am တွင် တင်ခဲ့သည်
3541 ကြိမ် ကြည့်ရှု့ပြီး
ခြံစည်းရိုးမြေစိုက်တိုင်တွေကို မြေနီရောင်ဆေးသုတ်ထားပါတယ် ။ မြေသားအရောင်အတိုင်း သည်လိုဆေးသုတ်ထားတဲ့အတွက် ဧကဆယ်ချီကျယ်ဝန်းတဲ့မြေပေါ်မှာ ခြံစည်းရိုးအကွက်ရိုက်ထားတယ်ဆိုတာ အဝေးကလှမ်းကြည့်ရင် ရုတ်တရက်မမြင်ရဘူး။

လယ်ယာမြေအကွက်ရိုက်ရောင်းချမှုတွေ ၊ သစ်တောမြေအကွက်ရိုက်ရောင်းချမှုတွေစတဲ့ လွှဲပြောင်းရောင်းဝယ်ခွင့်မရှိတဲ့ မြေရောင်းဝယ်မှုတွေကို ပြင်းပြင်းထန်ထန် တားဆီးပိတ်ပင်ဖို့ အာဏာပိုင်တွေဘက်က ကြိုးစားလာတာကြောင့် အခုလိုအစီအမံတွေ ပြုလုပ်လာတာဖြစ်ပါတယ်။

‘မြို့နယ်တိုင်းမြို့နယ်တိုင်းမှာတော့ မြေရောဂါရှိပါတယ် ၊ ဒါပေမဲ့ ပြင်ဦးလွင်က ပိုဆိုးပါတယ်’လို့ ပြင်ဦးလွင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးမှူး ဦးတင့်နိုင်စိုးက ပြောပါတယ်။

မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ် ၊ အရပ်ဘက်အဖွဲ့အစည်း ၊ ခရိုင်မြို့နယ်ဌာနဆိုင်ရာ အဖွဲ့အစည်း ၊ ရပ်ကွက်ကျေားရွာအုပ်စုအုပ်ချုပ်ရေး မှူးတွေ ပြင်ဦးလွင်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှာ အခုလ ၂၅ ရက်ကတွေ့ဆုံဆွေးနွေးစဉ်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးက အထက်ပါအတိုင်းပြောပါတယ်။

မြေရောဂါလို့ဆိုရာမှာ

အပန်းဖြေမြို့တော် ၊ ပန်းမြို့တော်အဖြစ် ကျော်ကြားလှတဲ့ မြို့တော်အတွက် မြေရောဂါလို့ဆိုရာမှာ ကြိုးဝိုင်း ၊ ကြိုးပြင်သစ်တောမြေကို ကျူးကျော် ၊ သစ်ပင်တွေခုတ်ထွင်ရှင်းလင်းပြီး လက်ညိုးထိုးရောင်းချတာတွေ ၊ လမ်းနယ်နမိန်ပေါ် ကျူးကျော်အဆောက်အအုံဆောက်လုပ်တာတွေ ၊ လယ်ယာမြေကို အဆောက်အအုံဆောက်လုပ်မှုတွေ ၊ ကိုယ်ကျိုးရှာသမားအချို့ရဲ့ မြေနဲ့ပတ်သက်တဲ့လုပ်ရပ်တွေ ကျူးကျော်မှုတွေကို ရည်ညွန်းပြောဆိုခြင်းဖြစ်ပါတယ်။

‘အခြေခံအကျဆုံးက ပြင်ဦးလွင်မှာတော့ အားလုံးသိတဲ့အတိုင်းပါပဲ ၊ ကျူးကျော်တဲ့ကိစ္စတွေ လယ်မြေ ယာမြေမှာ ဆောက်လုပ်ခွင့်မရှိဘဲ ဆောက်နေတဲ့ကိစ္စတွေ ၊ ဒါတွေက အထင်အရှားရှိနေတာ ဖြစ်ပါတယ်’ လို့ ပြင်ဦးလွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှမျိုးက ပြောပါတယ်။

မြို့ဖွံ့ဖြိုးတိုးတက်ရေး အတွက် အတားအဆီးသဖွယ်ဖြစ်နေတဲ့ သည်ပြဿနာကို အခုထပ်ပိုမိုဆိုးရွားမလာစေဖို့နဲ့ လျော့နည်းသွားဖို့အတွက် နည်းလမ်းရှာဖွေသင့်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ၊ ဌာနဆိုင်ရာအဖွဲ့အစည်းတာဝန်ရှိသူတွေနဲ့ ဒေသခံအချို့က ယူဆထားပါတယ်။

‘ဒီရောဂါကို ကိုဖို့ ဆေးလိုတယ် ၊ နည်းစနစ်လိုတယ် ၊ ဒါတွေကို အဖြေရှာရမယ် ၊ ဥပဒေကတော့ ရှိပြီးသားဖြစ်တယ် ၊ မြေကိုရောင်းစားရင် ဘယ်ဥပဒေနဲ့ အရေးယူမယ် ၊ လွှဲပြောင်းပိုင်ခွင့်ရှိတဲ့မြေက ဘာဖြစ်တယ် ၊ ရောင်းစားပိုင်ခွင့်ရှိတဲ့မြေက ဘယ်မြေအမျိုးအစားဖြစ်တယ် ၊ ဥပဒေထဲမှာပါပြီးသားဖြစ်တယ် ၊ သို့သော်လဲပဲ အဲဒါတွေအတိုင်း သွားနေတာတော့ကြာခဲ့ပြီ ၊ တချို့ကိစ္စတွေက ဥပဒေရဲ့အားနည်းချက်လို့ ပြောရမလား ၊ ဒေသနေသူတွေရဲ့ ဒီအပေါ်မှာ အခွင့်အရေးယူတယ်လို့ ပြောရမလား’ လို့ ပြင်ဦးလွင်မြိုနယ်အုပ်ချုပ်ရေးမှူးဦးတင့်နိုင်စိုးက ပြောပါတယ်။

ပြင်ဦးလွင်မြို့နယ်ဟာ မန္တလေးမြို့ရဲ့ အရှေ့ဘက် ၄၂မိုင်အကွာ ပင်လယ်ရေမျက်နှာပြင်အထက် ၃၅၃၈ ပေမှာ တည်ရှိပါတယ်။ မြို့နယ်အကျယ်အဝန်းအားဖြင့် ၇၃၆.၇၄ မိုင် ၊ မြို့အကျယ်အဝန်းအားဖြင့် ၃၉.၅၅ မိုင် (၂၅.၃၀၃ ဧက)ရှိပါတယ်။

ရပ်ကွက်ကြီး ၂၁ ရပ်ကွက် ၊ ကျေးရွာအုပ်စု ၃၇ စု ၊ ကျေးရွာပေါင်း ၁၁၆ ရွာရှိပါတယ် ။ လူဦးရေ စုစုပေါင် ၁၇ သိန်းကျော်မှီတင်းနေထိုင်ပြီး မြို့နေလူဦးရေ ၆၂.၆၇ ရာခိုင်နှုန်း (၁၁၁,၉၉၄ ဦး) ၊ ကျေးလက်နေလူဦးရေ ၃၇.၃၃ (၆၆,၆၃၈ ဦး)ရှိပါတယ်။

မြို့နယ်အတွင်းမှာ သစ်တောမြေ (ကြိုးဝိုင်းကြိုးပြင်ကာကွယ်တော) ဧရိယာဟာ အများဆုံး ၁၉၈,၇၀၄ ဖြစ်ပြီး မြို့မြေဧရိယာ ၁၈,၃၇၅ ၊ ရွာမြေဧရိယာ ၆၄၃၈ ဧကရှိပါတယ်။

မြေဝယ်လက်တွေ စိတ်ဝင်စား

ထင်ရှားတဲ့ တောင်ပေါ်အပန်းဖြေစခန်းလေးဖြစ်တာနဲ့အမျှ ယင်းမြို့နယ်က မြေတွေအပေါ် မြန်မာနိုင်ငံအနှံ့အပြားက မြေဝယ်လက်တွေ စိတ်ဝင်စားကြပါတယ် ။ အထူးသဖြင့် အခြားမြို့တွေနဲ့ နှိုင်းယှဉ်လိုက်ရင် ဈေးနှုန်းအလွန်သက်သာတာက မြို့နယ်ထဲမှာ မြေရောဂါပိုထစေပါတယ်။

သစ်တောမြေကို ခုတ်ထွင်လက်ညိုးထိုးရောင်းစားမှုဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ အလွန်ဆိုးရွားလာတယ် ။ ယင်းလုပ်ရပ်ကြောင့် မြို့နယ်အတွင်းရှိ သစ်တောဧက ၄၀ ရာခိုင်နှုန်းခန့် ဆုံးရှုံးတယ်လို့ စိမ်းလန်းပြင်ဦးလွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ တာဝန်ရှိသူက ခန့်မှန်းပြောဆိုပါတယ်။

လမ်းနယ်နမိတ်အပေါ် အဆောက်အအုံ ကျူးကျော်ဆောက်လုပ်မှုတွေကြောင့်လည်း မြို့ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေပါတယ်။ ဥပမာ လမ်းချဲ့ထွင်ဖို့လိုအပ်တဲ့အချိန် ဘတ်ဂျတ်ရန်ပုံငွေလည်းအသင့်ရှိချိန်မှာ ကျူးကျော်မှုတွေကြောင့် လုပ်ငန်းလုပ်ဆောင်ရာမှာ ကြန့်ကြာနှောင့်နှေးမှုတွေ ဖြစ်စေပါတယ်။

ပူးပေါင်းဆောင်ရွက်မှုအားနည်း

ဌာနဆိုင်ရာအချင်းချင်းကြားမှာ ပှုးပေါင်းဆောင်ရွက်မှုအလေ့အထ အားနည်းချက်က သည်ပြဿနာကို ဖြစ်ပွားစေတာဖြစ်တယ်လို့ ပြင်ဦးလွင်ခရိုင်လမ်းဦးစီးဌာနတာဝန်ရှိသူက ပြောပါတယ်။

လမ်းနယ်နိမိတ် သတ်မှတ်တာဟာ လမ်းဦးစီးဌာနက ဖြစ်ပြီး မြေပိုင်ဆိုင်မှု အနေအထားတိုင်းတာ ၊ စာရွက်စာတမ်း ဂရန်ထုတ်ပေးတာက စည်ပင်အဖွဲ့အစည်း ဖြစ်ပါတယ်။

ဌာနဆိုင်ရာချင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းတဲ့အတွက် လမ်းနယ်နိမိတ်ထဲပါဝင်နေတဲ့ မြေကိုသိရှိခြင်းမရှိဘဲ ဂရန်ထုတ်ပေးမိတဲဖြစ်စဉ်တစ်ခုကို ဥပမာပြပြီး လမ်းဦးစီးဌာန တာဝန်ရှိသူက အထက်ပါအတိုင်း ပြောတာပါ။

ဒါကြောင့်မို့ လမ်းနယ်နိမိတ်ပေါ် ကျူးကျော်မှုတွေ ပပျောက်ဖို့ လမ်းဘေးနေရာတွေမှာ မြေပိုင်ဆိုင်မှု လျှောက်ထားလာပါက သက်ဆိုင်ရာမြို့နယ် ၊ ခရိုင်လမ်းဦးစီးဌာနအဆင့်ဆင့်ထံ အသိပေးအကြောင်းကြားဖို့ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲမှာ တောင်းဆိုခဲ့ပါတယ်။

လယ်ယာမြေကို အကွက်ရိုက်ရောင်းချမှု ၊ ကိုယ်ကျိုးရှာသမားအချို့ရဲ့ မြေလက်ညိုးထိုးရောင်းစားမှုတွေကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုတွေ ၊ ဖြေရှင်းလို့မရနိုင်သေးတဲ့ ပြဿနာတွေဖြစ်ပါတယ်။

လက်ညိုးထိုးရောင်း

‘သစ်တောမြေကို လက်ညိုးထိုးရောင်းတယ် ၊ ရွာကမြေတွေကို လက်ညိုးထိုးရောင်းတယ် ၊ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ တချို့နေရာတွေက ရေထိန်းတောတွေဘာတွေရှိတယ် ၊ အပင်တွေအကုန်လှဲပြီး အကွက်ရိုက်ရောင်းတယ် ၊ အကုန်ပျက်ရော’လို့ စိမ်းလန်းပြင်ဦးလွင် ဒုတိယဥက္ကဌ ဦးကိုကြီးက ပြောပါတယ်။
ကိုယ်ကျိုးရှာသမားအချို့ရဲ့ တွေ့တဲ့မြေကို လက်ညိုးထိုးရောင်းစားမှုက မြေယာအရှုပ်အရှင်းပြဿနာတွေကို ပိုမိုဆိုးရွားစေတယ်လို့ မြို့ခံအချို့က ပြောပါတယ်။

‘တကယ်တမ်းပိုင်ရှင်ရှိတယ် ၊ သယကအိမ်မဆောက်သေးခင်စပ်ကြားမှာ အဲဒီလို လက်ညိုးထိုးရောင်းစားတဲ့ ပွဲစားတွေက တစ်ကွက်ကို သိန်း ၂၀ ၊ ၁၅ သိန်းတို့နဲ့ ရောင်းတယ် ၊ ဘာမှအထောက်အထားလဲမပါဘူး ၊ အဲဒီသူတွေက ဇွတ်ဝင်ပြီးအိမ်ဆောက်နေတယ် ၊ စာရွက်စာတမ်းနဲ့ ကိုင်ထားတဲ့သူတွေကျတော့ ခုထက်ထိအဆောင်နိုင်သေးဘူးဖြစ်နေတယ်’လို့ မြေကျူးခံရတဲ့မြေပိုင်ရှင်တစ်ဦးက ဆိုပါတယ်။

ပူးပေါင်းပါဝင်ဖို့လို

မြေရောဂါကို ကုစားဖို့အတွက် နည်းလမ်းရှာဖွေနေတယ် ။ သည်ပြဿနာလျော့နည်းပပျောက်စေဖို့ ဌာနဆိုင်ရာ ၊ ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့ ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးက ပြောပါတယ်။

Credit: The Modern
ပန်းမြို့တော်ပြည်ဦးလွင်က မြေရောဂါကို ကုစားဖို့ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service