ရန်ကုန်မြို့အတွက် ၂၀၅၀ ခုနှစ်အထိ ရေးဆွဲထားတဲ့ မဟာရန်ကုန်မြို့ပြစီမံကိန်းအသစ်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို တင်ပြထားတယ်လို့ မြို့ပြစီမံကိန်း ရေးဆွဲရေးပညာရှင် ဒေါက်တာကျော်လတ်က ပြောပါတယ်။
သူက ကဂျိုက်ကာရဲ့ ၂၀၄၀ မာစတာပလန်ထက် ပြီးပြည့်စုံတဲ့ အချက်တွေကို ဆွဲထားတဲ့ ပလန်ရှိပါတယ်။ အဲ့ဒါကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ကို မနေ့က ပေးလိုက်တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့အတွက် town plan ရေးဆွဲဖို့ ရှိပြီး ဂျိုက်ကာက ရေးဆွဲထားတဲ့ ၂၀၄၀ စီမံကိန်း ရှိသလို သည် ၂၀၄၀ ထဲမှာပဲ ပုံပျက်ပန်းပျက်ဖြစ်သွားနိုင်တဲ့ အခြေအနေတွေ အများကြီး ရှိတယ်လို့ပြောပါတယ်။
နှစ် ၅၀/၆၀ အထိ အနာဂတ်ရှိတဲ့ မြို့ပြစီမံကိန်းတစ်ခုကို ရေးဆွဲဖို့ ရှိတယ်လို့ ဦးဖြိုးမင်းသိန်းက ရှင်းပြပါတယ်။ ဂျိုက်ကာ(ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနဲ့ YCDC ပူးပေါင်းရေး ဆွဲထားတဲ့ မဟာရန်ကုန်မြို့ပြစီမံကိန်း ၂၀၄၀ က လိုအပ်ချက်တွေရှိနေတယ်လို့ မြို့ပြစီမံကိန်းရေးဆွဲရေး ပညာရှင်တွေက ထောက်ပြကြပါတယ်။
ဒေါက်တာကျော်လတ်က ဂျိုက်ကာရဲ့ မာစတာပလန်မပြည့်စုံရတာက လူအင်အားနဲ့ အချိန်ပေးနည်းတာကြောင့်ဖြစ်ပြီး ရန်ကုန်မြို့မှာ ပြဿနာရှိတယ်ပဲ ပြောသွားပါတယ်၊ အဲ့ဒီပြသနာကို ဘယ်လိုဖြေရှင်ရမယ်ဆိုတာ မပြောသွားဘူးလို့ ပြောပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌါနက ညွှန်ကြားရေးမှူး၊ မြို့ပြစီမံကိန်းရေးဆွဲရေးပညာရှင် ဒေါ်လှိုင်မော်ဦးက ပလန်တွေကို တိတိကျကျ မလိုက်နာဘဲ ဒီကြားထဲမှာ ဖြစ်ပျက်ပြောင်းလဲသွားတဲ့ အနေအထားတွေ ရှိပါတယ်။ အဲ့ဒီလိုအနေအထားမျိုးမှာ ပလန်ကို လိုက်ပြင်ပေးရတယ် အခြေအနေပေါ်မူတည်ပြီး လိုက်ပြင်ရတလို့ လိုအပ်ချက်တွေလဲ ရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်ခန့်က ရေးဆွဲခဲ့တဲ့ ဂျိုက်ကာစီမံကိန်းကလည်း ပြုပြင်ဖို့ လိုအပ်နေပြီးလို့ ဆိုပါတယ်။ ဂျိုက်ကာရဲ့ ၂၀၄၀ စီမံကိန်းက ရန်ကုန်မြို့ရဲ့ လမ်းစနစ်၊ မြို့သစ် တိုးချဲ့တာ ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းဖို့ နှစ်ထပ်လမ်းတွေ၊ မြေအောက်မီးရထားလမ်း၊ BRT သယ်ယူပို့ဆောင်ရေးစနစ်၊ အမှိုက်စနစ်၊ အခြေခံအဆောက်အအုံ စတဲ့စနစ် တချို့က စတင်အကောင်အထည်ဖော်နေပြီလို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက သိရပါတယ်။
Credit: The Morden