သန်းကြွယ်သူဌေးများ ဥရောပမှ စွန့်ခွာရွေ့ ပြောင်းလျက်ရှိ

သန်းကြွယ်သူဌေးများ ဥရောပမှ စွန့်ခွာရွေ့ ပြောင်းလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
29 Apr 2016 10:56 am တွင် တင်ခဲ့သည်
3426 ကြိမ် ကြည့်ရှု့ပြီး
ဥရောပတွင် အခြေစိုက်နေထိုင်လျက်ရှိကြသော သန်းကြွယ်သူဌေးများစွာသည် ဥရောပတွင် လူမျိုးရေးတင်းမာမှုများမြင့်တက်လာခြင်း၊ စီးပွားရေးနှေးကွေးနေခြင်းနှင့် ဆီးရီးယားမှ စွန့်ခွာထွက်ပြေးလာကြသော စစ်ပြေးဒုက္ခသည်ပြဿသာနာများနှင့် စပ်လျဉ်း၍ ရတက်မအေး ဖြစ်ကြသောကြောင့် ဥရောပမှ စွန့်ခွာရွှေ့ ပြောင်းလျက်ရှိကြကြောင်း အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီအခြေစိုက်သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ပြင်သစ်၊ ဂျာမနီနှင့် ဘယ်လ်ဂျီယမ်တို့ရှိ သန်းကြွယ်သူဌေးများစွာသည် သြစတေးလျနှင့် အစ္စရေးနိုင်ငံများသို့ ပြောင်းရွှေ့ လျက်ရှိကြသည်။
ပြီးခဲ့သော ၂၀၁၅ ခုနှစ်အတွင်း သန်းကြွယ်သူဌေးအများဆုံး စွန့်ခွာရွှေ့ ပြောင်းခဲ့ကြသည့် ဥရောပမြို့ ကြီး ၃ မြို့ မှာ ပဲရစ်၊ ရောမနှင့် အေသင်တို့ ဖြစ်ကြသည်။

သန်းကြွယ်သူဌေးအများဆုံးစွန့်ခွာကြသည့်နိုင်ငံမှာ ပြင်သစ်နိုင်ငံဖြစ်ပြီး သန်းကြွယ်သူဌေး ၇၀၀၀ ဦးခန့်အထိ စွန့်ခွာရွှေ့ ပြောင်း သွားခဲ့ကြသည်။
ယင်းပမာဏမှာ ပြင်သစ်သန်းကြွယ်သူဌေးစုစုပေါင်း၏ ၆ ရာခိုင်နှုန်း ဖြစ်သည်။
သန်းကြွယ်သူဌေးများဝင်ရောက်မှု၊ ထွက်ခွာမှုများသည် အခြားသာမန်ပြည်သူများ ၀င်ရောက်၊ ထွက်ခွာမှုထက် ပထ၀ီနိုင်ငံရေးအပေါ် ကြီးမားသည့် ဂယက်ရိုက်မှုများ ဖြစ်စေသည်။

အဘယ်ကြောင့်ဆိုလျှင် အစိုးရအခွန်ကောက်ခံရရှိမှုများ လျော့ပါးသွားစေမည်ဖြစ်သည့်အပြင် အလုပ်အကိုင်နေရာ ကွယ်ပျောက်မှုများ၊ ရင်းနှီးမြှုပ်နှံမှု အရင်းအမြစ်စီးထွက်မှုများကြောင့် အိမ်ခြံမြေဈေးနှုန်းများနှင့် ဘဏ္ဍာရေးဈေးကွက်များအပေါ် ကြီးမားသည့်ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာစေနိုင်သည်။

သန်းကြွယ်သူဌေးအများဆုံး စွန့်ခွာရွှေ့ ပြောင်းသွားသည့် မြို့ ကြီးများမှာ
(၁) ပဲရစ်- ၇၀၀၀ ဦး
(၂) ရောမ - ၅၀၀၀ ဦး
(၃) ချီကာဂို- ၃၀၀၀ ဦး
(၄) အေသင်- ၂၀၀၀ ဦးတို့ ဖြစ်ကြသည်။

ပြင်သစ်သည် ခရစ်ယာန်နှင့် မွတ်စလင်တို့အကြား ဘာသာရေးတင်းမာမှုများ အလွန်မြင့်တက်လျက်ရှိသော နိုင်ငံဖြစ်ပြီး
အထူးသဖြင့် မြို့ ပြများတွင် ဖြစ်သည်။

၂၀၁၅ ခုနှစ်အတွင်း ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ရပ်နှစ်ခုနှင့် ယခုနှစ် မတ်လအတွင်း ဘရပ်ဆဲလ်အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း ဥရောပတွင် မွတ်စလင်လူဦးရေ တိုးပွားမှုနှင့် စပ်လျဉ်း၍ အာရုံစိုက်လာကြသည်။
ဥရောပတွင် ပြင်သစ်နှင့် ဂျာမနီတို့သည် မွတ်စလင်အများဆုံးနေထိုင်ကြသော နိုင်ငံများဖြစ်ကြပြီး မွတ်စလင်ဦးရေ ၄ ဒသမ ၇ သန်းခန့် အသီးသီးရှိကြသည်။

ပြင်သစ်တွင်နေထိုင်သော မွတ်စလင်များအနက် အများစုမှာ ပဲရစ်မြို့ တော်တွင် နေထိုင်ကြသည်။
လွန်ခဲ့သောနှစ်အတွင်း အစ္စရေးနိုင်ငံသို့ ရွှေ့ ပြောင်းအခြေစိုက်လာသည့် သန်းကြွယ်သူဌေးများ၏ ၈၀ ရာခိုင်နှုန်းမှာ ဥရောပမှ ဖြစ်ကြသည်။
၂၀၁၅ ခုနှစ်အတွင်း အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်သို့ ရွှေ့ ပြောင်းအခြေချလာသည့် သန်းကြွယ်သူဌေးပေါင်း ၂၀၀၀ ၀န်းကျင်ရှိသည်။

အစ္စရေးသည် ကမ္ဘာပေါ်တွင် သြစတေးလျနိုင်ငံပြီးလျှင် သန်းကြွယ်သူဌေးအများဆုံး ရွှေ့ ပြောင်းအခြေချရာနေရာ ဖြစ်လာသည်။
သန်းကြွယ်သူဌေးအများဆုံး အခြေချလာသည့် မြို့ ကြီးများမှာ-
(၁) ဆစ်ဒနီ- ၄၀၀၀ ဦးအထက်
(၂) မဲလ်ဘုန်း- ၃၀၀၀ ဦးအထက်
(၃) တဲလ်အဗစ်- ၂၀၀၀ ဦးအထက်
(၄) ဒူဘိုင်း- ၂၀၀၀ ဦးအထက်
(၅) ဆန်ဖရန်စစ္စကို- ၂၀၀၀ ဦးအထက်
(၆) ဗန်ကူးဗား- ၂၀၀၀ ဦးအထက်တို့ ဖြစ်ကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
သန်းကြွယ်သူဌေးများ ဥရောပမှ စွန့်ခွာရွေ့ ပြောင်းလျက်ရှိ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service