The Strand Yangon ဟိုတယ်အား အရှေ့တောင်အာရှ ထိပ်တန်းဖြစ် ရန် ခြောက်လကြာ ပြင်ဆင်မွမ်းမံမှုပြုလုပ်မည်

The Strand Yangon ဟိုတယ်အား အရှေ့တောင်အာရှ ထိပ်တန်းဖြစ် ရန် ခြောက်လကြာ ပြင်ဆင်မွမ်းမံမှုပြုလုပ်မည် - Property News in Myanmar from iMyanmarHouse.com
29 Apr 2016 10:24 am တွင် တင်ခဲ့သည်
1442 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ရှိ အထင်ကရဟိုတယ်တစ်ခုဖြစ်ပြီး ရာစုနှစ်တစ်ခုကျော်ကြာ တည်ရှိခဲ့သည့် ကမ်းနားလမ်းရှိ The Strand Hotel ကို အရှေ့တောင် အာရှနိုင်ငံများရှိ ဇိမ်ခံဟိုတယ် ဝန်ဆောင်မှုနယ်ပယ်တွင် ထိပ်တန်း ဟိုတယ်အဖြစ် ပြန်လည်အတည်ပြု သတ်မှတ်သွား ရန် ခြောက်လ ခန့်ကြာ ပြန်လည်ပြင်ဆင် မွမ်းမံမှုများကို ပြုလုပ်သွား မည်ဟု သိရသည်။

ရန်ကုန်မြို့၏ ရှေးဟောင်းအဆောက်အအုံစာရင်းဝင် The Strand Hotel ကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ယခုနှစ် မေ ၁ ရက်မှ နိုဝင်ဘာအထိ ပိတ်ထားမည်ဖြစ်ကြောင်း ဧပြီ ၂၈ ရက်က အဆိုပါဟိုတယ်တွင် သတင်း စာရှင်းလင်းပွဲပြုလုပ်ကာ ဟိုတယ်ပိတ်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

'' The Strand ဆိုတဲ့ အမည်က အရှေ့တောင်အာရှမှာ ၁၉ဝ၁ ခုနှစ်ကစပြီး ခမ်းနားတဲ့ ဧည့်ဝတ်ကျေပွန်မှုတွေနဲ့အတူ ယှဉ်တွဲနေပြီးတော့ အခုပြုပြင် သွားမယ့် မွမ်းမံမှုတွေက သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်လိုက် တာပဲ ဖြစ်ပါ တယ်။ ဒီလို ပြန်လည်ဆန်းသစ်မှုဟာ ပုဂံနဲ့ မန္တလေးကို ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် ရေကြောင်းခရီးနဲ့ သွားလာနိုင်တဲ့ အခန်း ၂၈ ခန်းပါ The Strand Cruise ကို အောင်အောင် မြင်မြင် မိတ်ဆက်ပြီး လအနည်းငယ်အတွင်း အကောင် အထည်ဖော်တာဖြစ်ပါတယ်။ The Strand ကို ဈေးကွက်မှာ ဦးဆောင်မယ့် ဟိုတယ်တစ်ခုအနေနဲ့ ထပ်မံအားဖြည့် ပေးသွားနိုင် မှာဖြစ်ပါ တယ်''ဟု Vice President of The Strand Hotel & Cruise , Mr. Olivier Trinquand က ပြောသည်။

ဟိုတယ်အား ဘက်စုံအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက် သွားရာတွင် ခေတ်သစ်အပြင်အဆင် များအပြင် ကိုလိုနီခေတ် အသွင်အပြင် များကို ဆက်လက် ထိန်းသိမ်းသွားမည်ဟု သိရသည်။ ယင်းသို့ ပြင်ဆင်နေစဉ် ကာလအတွင်း ဟိုတယ်ဝန်ထမ်းများကို အထူးကြပ်မတ်ထားသော ဝန်ဆောင်မှု သင်တန်းများနှင့် ဘာသာစကား သင်ကြား မှုများ ထောက်ပံ့ပေး သွားမည်ဟု သိရသည်။

The Strand Yangon သည် ၁၈၉၂ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ကာ ၁၉ဝ၁ ခုနှစ်မှစ၍ ရန်ကုန်မြို့၏ အထိမ်းအမှတ်အဖြစ်တည်ရှိခဲ့ပြီး ကိုလိုနီခေတ် ဟိုတယ် များဖြစ်သည့် စင်ကာပူရှိ Raffles ၊ ပီနန်ရှိ Eastern & Oriental တို့ အား တာဝန်ယူလုပ်ဆောင်ခဲ့သည့် ဟိုတယ် ပိုင်ရှင်များဖြစ်သော Aviet နှင့် Tigran Sarkies တို့က ဖန်တီးဆောက်လုပ်ခဲ့သည့် Strand ဟိုတယ် သည် နှစ် ပေါင်း ၁၁၄ နှစ်ကျော်ကြာ ရပ်တည်ခဲ့သည့်ဟိုတယ်ဖြစ်သည်။ ယင်း သို့ ထိပ်တန်းဟိုတယ်တစ်ခု အဖြစ် ပြန်လည် ပြင်ဆင် ကာလာ မည့် နိုဝင်ဘာလ တွင် ပြန်လည်ဖွင့်လှစ် သွားမည်ဖြစ်သည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service