စက်မှုဇုန်များ ကုန်ထုတ်လုပ်မှုကဏ္ဍတိုးတက်ရေးအတွက် လျှပ်စစ်နှင့် ကျူးကျော်ပြဿသာနာ ဖြေရှင်းပေးသွားမည်

စက်မှုဇုန်များ ကုန်ထုတ်လုပ်မှုကဏ္ဍတိုးတက်ရေးအတွက် လျှပ်စစ်နှင့် ကျူးကျော်ပြဿသာနာ ဖြေရှင်းပေးသွားမည် - Property News in Myanmar from iMyanmarHouse.com
28 Apr 2016 11:50 am တွင် တင်ခဲ့သည်
1786 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးသည် ရန်ကုန်မြို့၏ ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကကျပြီး နိုင်ငံ့ ဂျီဒီပီ၏ ရာခိုင်နှုန်းအများဆုံးပါဝင်နေသော ရန်ကုန်စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်၍ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍ တိုးတက်ရေးအတွက် အဓိကပြဿနာရပ်များဖြစ်သည့် လျှပ်စစ်နှင့် ကျူးကျော်ပြဿနာကို ဖြေရှင်းပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

လက်ရှိအစိုးရတာဝန်ယူဆောင်ရွက်သော တစ်လအတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မြို့ပြဖွံ့ဖြိုးတိုးတက် ရေးအတွက် အဓိကကျသည့် စက်မှုကဏ္ဍနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်မှုတွင် အဓိကရင်ဆိုင်နေရသည့် ပြဿနာများ၊ အခက်အခဲများ၊ လိုအပ်ချက်များနှင့် ဖြေရှင်းဆောင်ရွက်ရမည်တို့ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၁ ဇုန်မှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် ယနေ့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးချုပ်တွင် တွေ့ဆုံဆွေးနွေးစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

''စက်မှုဇုန်တွေ ဖွံ့ဖြိုးတိုးတက်ခြင်းအားဖြင့် ကျွန်တော်တို့ တိုင်းပြည်ရဲ့ အလုပ်အကိုင်တွေကို ပေးနိုင်မှာဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေကို ပေးနိုင်မှ ကျွန်တော်တို့ တိုင်းပြည်မှာ ဖြစ်နေတဲ့ လမ်းဘေးဈေးသည်ကိစ္စတွေ၊ ကျွန်တော်တို့ မြို့ထဲမှာ ကျပ်နေတဲ့အခြေအနေတွေ၊ အလုပ်အကိုင်အခွင့်အလမ်းရနိုင်တဲ့ နေရာတွေကို လူတွေကရွေ့လျားသွားမယ်။ ဒါဆိုရင် စက်မှုဇုန် တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ကျွန်တော်တို့ ရန်ကုန်ရဲ့ဖွံ့ဖြိုးတိုးတက် မှုအတွက် အရေးကြီးတယ်။ ကျွန်တော်တို့နိုင်ငံဟာ ကုန်သွယ်မှု လိုငွေအမြဲတမ်းပြနေတဲ့နိုင်ငံဖြစ်ပါတယ်။ ကုန်သွယ်မှုလိုငွေပြတဲ့ အတွက် ကျွန်တော်တို့တိုင်းပြည်မှာ ဘတ်ဂျက်လိုငွေဖြစ်တယ်။ ဘတ်ဂျက်လိုငွေဖြစ်ခြင်းနဲ့အတူ ငွေကြေးဖောင်းပွမှုက တစ်ဆက်တစ်စပ်တည်းရှိနေပါတယ်။ စီးပွားရေးတည်ငြိမ်နိုင်မှုနဲ့ ငွေတန်ဖိုးတည်ငြိမ်နိုင်မှုအတွက် ကျွန်တော်တို့တိုင်းပြည်ရဲ့စီးပွားရေး အောင်မြင်အောင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားဖို့လိုပါ တယ်'' ဟု ဝန်ကြီးချုပ်က လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားရန် အဓိကကျပြီး သွင်းကုန်ကိုသာ အားကိုးကာ သယံဇာတများကိုသာ မှီခိုထုတ်ရောင်းပြီး ရပ်တည်နေရသည့် နိုင်ငံအဖြစ်မှ စက်မှုအခြေခံတိုးတက်သော နိုင်ငံဖြစ်ရန် ပြုပြင်ပြောင်းလဲတည်ဆောက်ရာတွင် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်မှုသည့် အဓိကမဏ္ဍိုင်ပင်ဖြစ်သည်ဟု ဝန်ကြီးချုပ်က မှတ်ချက်ပြုသည်။ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်မှု၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရက စီမံခန့်ခွဲမှုနှင့် စည်းကမ်းပိုင်း ဆိုင်ရာများ၊ လိုအပ်ချက်များကို ပူးပေါင်းဖြေရှင်းကာ ဖြည့်ဆည်းပေးသွားမည် ဟုလည်း ဆိုသည်။

''ကျွန်တော်တို့မှာ ထုတ်ရောင်းစရာပစ္စည်း စက်မှုလက်မှုနဲ့ တန်ဖိုးမြှင့် ထုတ်ရောင်းစရာပစ္စည်းတွေကို မထုတ်လုပ်နိုင်ဘူးဆိုရင် ကျွန်တော်တို့ တိုင်းပြည်ဟာ သယံဇာတတွေရောင်းပြီး ရပ်တည်နေရတဲ့ နိုင်ငံအဖြစ် ဆက်ဖြစ်နေမယ်။ ဒါဆိုရင် ကျွန်တော်တို့ တိုင်းပြည်မှာ ပြည်သူတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တဲ့ နိုင်ငံတစ်ခုကို ထူထောင်နိုင်မှာ မဟုတ်ပါဘူး။ ဒီနေရာမှာ ဘဏ်စနစ်တွေနဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲဆောင်ရွက် နေကြတဲ့အခါမှာ အသေးစား၊ အလတ်စား စက်ရုံအလုပ်ရုံတွေအတွက် အခွင့် အလမ်းရအောင် ဘယ်လိုဆောင်ရွက်ပေးမလဲဆိုတဲ့ အခြေအနေဟာ ကျွန်တော် တို့အစိုးရမှာ တာဝန်ရှိပါတယ်။ ဒီနေ့ ခြေလှမ်းတစ်လှမ်းကိုစမယ်။ စက်မှုဇုန် တွေကို ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင် လုပ်မလဲ။ ဒီနေရာမှာ စီမံခန့်ခွဲရေး အပိုင်းနဲ့ စည်းကမ်းပိုင်းကို စလုပ်မယ်။ ပြီးရင် အခြေခံအဆောက်အအုံပိုင်းတွေ ပြုပြင်ပြောင်းလဲရေးတွေကို စလုပ်မယ်။ စီမံခန့်ခွဲရေးအပိုင်းနဲ့ စည်းကမ်းပိုင်းက ချက်ချင်းအကောင်အထည်ဖော်လို့ရတယ်။ ကျွန်တော်တို့ရဲ့ စီမံခန့်ခွဲမှုကို ချက်ချင်းပြင်လို့ရတယ်။ ဇုန်တွေကို ဘယ်လိုနည်းလမ်းနဲ့ စက်မှုဇုန် တာဝန်ရှိတဲ့သူတွေကို ဖွဲ့စည်းမလဲ၊ ဘယ်လိုစည်းမျဉ်းစည်းကမ်း ဘောင်တွေနဲ့ နိုင်ငံတော်က ချမှတ်ထားတဲ့စည်းကမ်းဘောင်တွေနဲ့ ဘယ်လိုဖွံ့ဖြိုးတိုးတက် အောင်လုပ်မလဲ။ စီမံခန့်ခွဲမှုအပိုင်းကို စတင်ချင်ပါတယ်။ ဒီကတစ်ဆင့် ဇုန်ထဲမှာ ဖြစ်ပေါ်နေတဲ့ ကျူးကျော်ပြဿနာတွေ၊ အခြားအခြားသော ပြဿနာတွေကို အစိုးရရယ်၊ စက်မှုဇုန်မှာ တာဝန်ယူလုပ်နေတဲ့ လုပ်ငန်းရှင်တွေရယ်၊ အလုပ်သမားရယ်၊ ပြည်သူလူထုရယ် ပူးပေါင်းဆောင်ရွက်သွားကြမယ်ဆိုရင် ရန်ကုန်ဟာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခြေလှမ်းတစ်လှမ်းစတင်နိုင်လိမ့်မယ်''ဟု ၎င်းက ဆိုသည်။

ယင်းသို့ ဆွေးနွေးပြောကြားရာတွင် စက်မှုဇုန်များအလိုက် တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များက လိုအပ်ချက်များကို တင်ပြခဲ့ကြပြီး အဓိက ပြဿနာရပ်များမှာ လျှပ်စစ်မီး၊ ရေစီးရေလာနှင့် ရေဆက်သွယ်ရရှိမှု၊ ကျူးကျော် အိမ်များ၊ ကျူးကျော်ဆိုင်များနှင့် လမ်းပန်းဆက်သွယ်ရေးအခြေအနေတို့ အပေါ် ပြန်လည်ဆွေးနွေးတင်ပြကြသည်။

အဆိုပါပြဿနာရပ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ယူ ဖြေရှင်းဆောင်ရွက်မည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရမည်များကိုလည်း တင်ပြဆောင်ရွက်သွားမည်ဟု သိရသည်။ ယင်းအပြင် တိုင်းဒေသကြီးအတွင်း ဆက်စပ်နေသော ဌာနဆိုင်ရာများပါဝင်လျက် ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုဇုန်များ၏ အခြေခံလိုအပ်ချက်များ၊ ပြဿနာအခက်အခဲများ ဖြေရှင်းအဖြေရှာဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်သွားမည်ဟု သိရသည်။

စက်မှုဇုန်များ အဓိက ကြုံတွေ့နေရသည့် ပြဿနာတစ်ခုဖြစ်သည့် လျှပ်စစ်မီးပြဿနာသည် ကုန်ထုတ်လုပ်မှုတွင် ကုန်ကျစရိတ်မြင့်မားလျက်ရှိပြီး သွင်းကုန်ပစ္စည်းများနှင့် ဈေးနှုန်းယှဉ်ပြိုင်နိုင်ခြင်းမရှိသည့်အတွက်ကြောင့်လည်း လုပ်ငန်းရှင်များ ရပ်တည်နိုင်ရန် ခက်ခဲသည်ဟု သိရသည်။ ယင်းလျှပ်စစ် ပြဿနာအပေါ်ကိုလည်း လာမည့်နွေရာသီတွင် လျှပ်စစ်အလုံအလောက်ရရှိ စေရေးအတွက် ဆောင်ရွက်လျက်ရှိသည်ဟု ဝန်ကြီးချုပ်က ပြောသည်။ ကျူးကျော်ပြဿနာ ဖြေရှင်းရာတွင်လည်း ဘူဒိုဇာအစိုးရဟူ၍မဖြစ်ချင်ဘဲ အကောင်းမွန်ဆုံးဖြေရှင်းဆောင်ရွက်နိုင်ရေး ဆောင်ရွက်သွားမည်ဟု ပြောကြား သွားခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ စက်မှုဇုန်များ မှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ၊ သတင်းမီဒီယာများ တက်ရောက် ခဲ့ကြသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service