သြစတေးလျနိုင်ငံ၊ဗစ်တိုးရီးယားပြည်နယ်အစိုးရက ဒေသတွင်း အိမ်ခြံမြေဈေးနှုန်းများ အဆက်မပြတ်မြင့်တက်နေမှုကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ နိုင်ငံခြားဝယ်လက်များအပေါ် အခွန် ၂ ဆ တိုးမြှင့်ကောက်ခံသွားတော့မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်ဟု ဘန်ကောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ထို့ကြောင့် သြစတေးလျသည် အိမ်ခြံမြေကဏ္ဍရင်းနှီးမြှုပ်နှံသူတို့အတွက်
ဈေးအကြီးဆုံးနေရာဖြစ်လာတော့မည် ဖြစ်သည်။
ပြည်ပ၀ယ်လက်များ နေအိမ်ဝယ်ယူရာတွင် မူလက ၃ ရာခိုင်နှုန်း အခွန်ကောက်ခံခဲ့ရာမှ ယခုအခါတွင် ၇ ရာခိုင်နှုန်းအထိ အခွန်ကောက်ခံတော့မည်ဖြစ်ပြီး လာမည့် ဇူလိုင်လ ၁ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်သည်။
လက်ရှိအားဖြင့် နိုင်ငံခြားဝယ်လက်တို့သည် လစာပေးအခွန် payroll taxes နှင့် ကုန်စည်နှင့် ၀န်ဆောင်မှုအခွန်တို့ ကင်းလွတ်ခွင့် ရရှိထားသည်။
သြစတေးလျနိုင်ငံ ၊ မဲလ်ဘုန်းရှိ အိမ်ခြံမြေဈေးနှုန်းများမှာ ခေါင်ခိုက်လာပြီး ၂၀၁၅ ခုနှစ်အတွင်းတွင် ၉ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။
သြစတေးလျအိမ်ခြံမြေဈေးနှုန်းများ ခေါင်ခိုက်လာခြင်းမှာ
ပြည်ပ၀ယ်လက်များထံမှ ၀ယ်လိုအားမြင့်တက်လာမှုကြောင့်ဖြစ်ပြီး အထူးသဖြင့် တရုတ်ဝယ်လက်တို့သည် သြစတေးလျအိမ်ခြံမြေ၏ ကဏ္ဍအားလုံးသို့ အလုံးအရင်းဖြင့် ၀င်ရောက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာခြင်းကြောင့် ဖြစ်သည်။
Bloomberg မှ ထုတ်ပြန်သော အချက်အလက်များအရ ၂၀၁၅ ခုနှစ်အတွင်း သြစတေးလျတွင် ပြည်ပ၀ယ်လက်များသည် စုစုပေါင်း တန်ဖိုးအားဖြင့် သြစတေးလျဒေါ်လာ ၂၄ ဒသမ ၃ ဘီလီယံဖိုး ဝယ်ယူခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။