စက်မှုဇုန်များတွင် မြေဈေးကစားမှု လျော့နည်းစေရန် သုံးနှစ်အတွင်း စက်မှုလုပ်ငန်း မထူထောင်ပါက လျော်ကြေးမပေးဘဲ ပြန်လည်သိမ်းယူခြင်းစနစ် ကျင့်သုံးမည်

စက်မှုဇုန်များတွင် မြေဈေးကစားမှု လျော့နည်းစေရန် သုံးနှစ်အတွင်း စက်မှုလုပ်ငန်း မထူထောင်ပါက လျော်ကြေးမပေးဘဲ ပြန်လည်သိမ်းယူခြင်းစနစ် ကျင့်သုံးမည် - Property News in Myanmar from iMyanmarHouse.com
28 Apr 2016 10:48 am တွင် တင်ခဲ့သည်
3691 ကြိမ် ကြည့်ရှု့ပြီး
စက်မှုဇုန်များတွင် မြေဈေးကစားမှု လျော့နည်းစေရန် ၃ နှစ်အတွင်း စက်မှုလုပ်ငန်း မထူထောင်ပါက လျော်ကြေးမပေးဘဲ ပြန်လည်သိမ်းယူခြင်းစနစ်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စက်မှုလုပ်ငန်း မူဝါဒအရ သိရသည်။

အဆိုပါ စက်မှုလုပ်ငန်းမူဝါဒတွင် စက်မှုဇုန်များတွင် မြေဈေးကစားမှု အလေ့အကျင့်ကို လျော့နည်းစေပြီး ရေရှည်တွင် စီးပွားစွန့်ဦးတီထွင်မှုများ တိုးပွားစေရန်အတွက် ၃ နှစ်အတွင်း စက်မှုလုပ်ငန်း မထူထောင်လျှင် လျော်ကြေး တစ်စုံတစ်ရာမပေးဘဲ ပြန်လည် သိမ်းယူခြင်းစနစ် ကျင့်သုံးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

စက်မှုလုပ်ငန်း မြေနေရာအတွက် ဈေးနှုန်းကြီးမြင့်ခြင်း၊ ကုန်ကြမ်းနှင့် ထုတ်လုပ်မှုစရိတ် ကြီးမြင့်ခြင်းတို့မှာ စက်မှုကဏ္ဍဖွံ့ဖြိုးမှုအတွက် အဟန့်အတား ဖြစ်နေကြောင်း စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စက်မှုလုပ်ငန်း မူဝါဒတွင် ဖော်ပြထားသည်။

အဆိုပါ စက်မှုလုပ်ငန်းမူဝါဒတွင် စက်မှုကဏ္ဍ၏ လက်ရှိပြဿနာများအဖြစ် ကုန်ကြမ်းနှင့် ထုတ်လုပ်မှုစရိတ် ကြီးမြင့်ခြင်း၊ အရည်အသွေးနှင့် ဆန်းသစ်တီထွင်မှု အားနည်းပြီး ထုတ်လုပ်မှုနည်းပညာ နိမ့်ကျခြင်း၊ ပြည်ပဈေးကွက် မထိုးဖောက်နိုင်ခြင်း၊ ထိရောက်သော ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်ရန် ဓနအင်အား မရှိခြင်း၊ အရည်အသွေး ပြည့်ဝသော စွမ်းအင်နှင့် လျှပ်စစ် အပြည့်အ၀ မရရှိခြင်း၊ စွမ်းအင်ကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်မှု အားနည်းခြင်း၊ လမ်းပန်းဆက်သွယ်ရေး ပြည့်စုံကောင်းမွန်မှု မရှိသေးခြင်း၊ ကျွမ်းကျင်လုပ်သား အလုံအလောက် မရရှိခြင်း၊ အချို့ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများသည် ခေတ်နှင့် လျော်ညီမှုမရှိခြင်း၊ အလုပ်သမား၊ အလုပ်ရှင် ပဋိပက္ခ ဖြေရှင်းရမှု များပြားခြင်း၊ စက်မှုလုပ်ငန်းမြေနေရာအတွက် ဈေးနှုန်းကြီးမြင့်ခြင်းတို့ကို ဖော်ပြထားသည်။

ထုတ်လုပ်မှု ကွင်းဆက်အတွင်း မ၀င်ရောက်နိုင်ခြင်း၊ သုတေသနပြုမှု အားနည်းခြင်း၊ ဈေးကွက်ထိုးဖောက်မှု မဟာဗျူဟာဆိုင်ရာ ကျွမ်းကျင်မှုနည်းပါးခြင်း၊ လယ်ယာထုတ်ကုန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်မှု နည်းပါးခြင်း၊ အခြေခံအဆောက်အအုံ မပြည့်စုံခြင်း၊ လူ့စွမ်းအားအရင်းအမြစ် မဖွံ့ဖြိုးခြင်း၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား သုံးသပ်ပြင်ဆင် ရေးဆွဲမှုအားနည်းခြင်းတို့မှာ စက်မှုကဏ္ဍ၏ လက်ရှိပြဿနာ အရင်းအမြစ်များဖြစ်ကြောင်း အဆိုပါ စက်မှုလုပ်ငန်း မူဝါဒတွင် ဖော်ပြထားသည်။

စက်မှုဇုန်များကို ၁၉၉၅ ခုနှစ်မှ စတင်ဖွဲ့စည်းပေးခဲ့ပြီး အရေအတွက်အားဖြင့် ၂၁ ခု ရှိကြောင်း သိရသည်။ ယင်းစက်မှုဇုန်များမှာ ရန်ကုန်အရှေ့ပိုင်းခရိုင် စက်မှုဇုန်၊ ရန်ကုန် အနောက်ပိုင်းခရိုင် စက်မှုဇုန်၊ ရန်ကုန်တောင်ပိုင်းခရိုင် စက်မှုဇုန်၊ ရန်ကုန်မြောက်ပိုင်းခရိုင် စက်မှုဇုန်၊ မော်လမြိုင် စက်မှုဇုန်၊ တောင်ကြီး (အေးသာယာ) စက်မှုဇုန်၊ မုံရွာ စက်မှုဇုန်၊ ကလေး စက်မှုဇုန်၊ ပခုက္ကူ စက်မှုဇုန်၊ ရေနံချောင်း စက်မှုဇုန်၊ မန္တလေး စက်မှုဇုန်၊ မြင်းခြံ စက်မှုဇုန်၊ မိတ္ထီလာ စက်မှုဇုန်၊ ပြည် စက်မှုဇုန်၊ မြောင်းမြ စက်မှုဇုန်၊ ပုသိမ် စက်မှုဇုန်၊ ဟင်္သာတ စက်မှုဇုန်၊ မြိတ် စက်မှုဇုန်၊ ဘားအံ စက်မှုဇုန်၊ ရတနာပုံ စက်မှုဇုန်(မန္တလေးတိုင်းဒေသကြီး)နှင့် နေပြည်တော် စက်မှုဇုန်တို့ ဖြစ်ကြောင်း သိရသည်။

Credit: Eleven News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service