မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များနှင့် နယ်စပ်ကုန်သွယ်မှု စခန်းများ၏ စီးပွားရေးစင်္ကြံအဖြစ် သီလ၀ါ-မြ၀တီ၊ ကျောက်ဖြူ-မူဆယ်နှင့် လမ်းကြောင်းတစ်လျှောက်ရှိ မြို့များကို သတ်မှတ်ထာ

မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များနှင့် နယ်စပ်ကုန်သွယ်မှု စခန်းများ၏ စီးပွားရေးစင်္ကြံအဖြစ် သီလ၀ါ-မြ၀တီ၊ ကျောက်ဖြူ-မူဆယ်နှင့် လမ်းကြောင်းတစ်လျှောက်ရှိ မြို့များကို သတ်မှတ်ထာ - Property News in Myanmar from iMyanmarHouse.com
28 Apr 2016 10:43 am တွင် တင်ခဲ့သည်
1057 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များနှင့် နယ်စပ်ကုန်သွယ်မှုစခန်းများ၏ စီးပွားရေးစင်္ကြံအဖြစ် သီလ၀ါ အထူးစီးပွားရေးဇုန် - မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်-မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းနှင့် လမ်းကြောင်းတစ်လျှောက်ရှိ မြို့များကို သတ်မှတ်ထားကြောင်း အမျိုးသား ဘက်စုံဖွံ့ဖြိုးတိုးတက်မှု နှစ် ၂၀ စီမံကိန်းတွင် ဖော်ပြထားသည်။

တိုးတက်မှုဗဟိုဌာနများ၊ ဒေသအလိုက် စီးပွားရေးဖြစ်ထွန်းရာ မြို့များ၊ နယ်စပ်ဝင်ပေါက်များနှင့် အထူးစီးပွားရေးဇုန်များအတွင်း အပြန်အလှန်ချိတ်ဆက်မှုကို တိုးချဲ့မြှင့်တင်ရန် ဦးစားပေး သတ်မှတ်ထားသည့် စီးပွားရေးစင်္ကြံများ ဖွံ့ဖြိုးမှုမှတစ်ဆင့် ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်သည်။ နယ်စပ် ၀င်ပေါက်များနှင့် အထူးစီးပွားရေးဇုန်များသည် ဒေသတွင်း ထုတ်လုပ်မှုကွန်ရက်နှင့် ကမ္ဘာ့တန်ဖိုး ကွင်းဆက်များသို့ ပြင်ပချိတ်ဆက်မှုများ ဆောင်ရွက်နိုင်ရန် မျှော်မှန်းထားသည်။

လုပ်ငန်းမျိုးစုံ အလွှာလိုက်ဖြစ်ထွန်း ပေါ်ပေါက်မှု တိုးမြှင့်ရန် အရေးပါသည့် စီးပွားရေးစင်္ကြံမှာ သီလ၀ါ-မြ၀တီစင်္ကြံနှင့် ကျောက်ဖြူ-မူဆယ်စင်္ကြံတို့ ဖြစ်သည်။ လမ်းကြောင်းတစ်လျှောက် ချိတ်ဆက်မှုတွင် သီလ၀ါ အထူးစီးပွားရေးဇုန်-ရန်ကုန်-ပဲခူး- ဘားအံ-မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းနှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်-မကွေး - မိတ္ထီလာ-မန္တလေး-ပြင်ဦးလွင်-ကျောက်မဲ-လားရှိုး-မူဆယ်တို့ ပါဝင်သည်။

ဖွံ့ဖြိုးတိုးတက်မှုရှိသော ဦးစားပေးစင်္ကြံသည် သီလ၀ါအထူးစီးပွားရေးဇုန်မှ မြ၀တီနယ်စပ်သို့ ရန်ကုန်နှင့် ပဲခူးမြို့များမှတစ်ဆင့် ချိတ်ဆက်ထားခြင်း ဖြစ်သည်။ အဆိုပါစင်္ကြံသည် မြန်မာနိုင်ငံအတွက် စက်မှုလုပ်ငန်း ဆောင်ရွက်ချက်များ၊ ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှု၊ မြစ်ဝကျွန်းပေါ်ဒေသမှ လယ်ယာနှင့် ရေထွက်ပစ္စည်း ပို့ကုန်များအတွက် ကောင်းမွန်သည့် ပို့ဆောင်ရေးစနစ်များ ပေးစွမ်းနိုင်ရန် ခန့်မှန်းထားသည်။

သီလ၀ါအထူးစီးပွားရေးဇုန်ဖြင့် မဟာဗျူဟာအရ ချိတ်ဆက်မှုဆိုရာတွင် နိုင်ငံစုံစီးပွားရေး လုပ်ငန်းများကို အထူးစီးပွားရေးဇုန်များ၊ ပဲခူး၊ မြ၀တီသို့ ဆွဲဆောင်နိုင်ရန်နှင့် အလွှာလိုက်လုပ်ငန်းများကို အထောက်အကူပြုရန် လုံလောက်သော စီးပွားရေးအခြေခံ အဆောက်အအုံများ ပေးစွမ်းနိုင်မည်ဖြစ်သည်။ ပဲခူးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ကားတပ်ဆင်ထုတ်လုပ်သည့် အချက်အချာနေရာ (မြန်မာနိုင်ငံအတွင်း တပ်ဆင်ထုတ်လုပ်လိုသော နိုင်ငံတကာ ကားကုမ္ပဏီများကို မြေနေရာပေးရန် လျာထားသောနေရာ) နှင့် ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ဆက်သွယ်နိုင်မည်ဖြစ်သည်။

မူဆယ် (၁၀၅ မိုင်)ရှိ တရုတ်နယ်စပ်သည် စီးပွားရေးအခြေခံအဆောက်အအုံများနှင့် ချိတ်ဆက်ထားသော ပြည်ပ ၀န်ဆောင်မှုများ ဆောင်ရွက်ပြီးဖြစ်သည်။ မန္တလေး- မူဆယ် ကားလမ်းနှင့် မီးရထားလမ်းကွန်ရက် အဆင့်မြှင့်တင်ခြင်းကို တရုတ်နှင့် ကုန်သွယ်ရေး တိုးမြှင့်ရန် ကာလတို မူဝါဒလုပ်ငန်းစဉ် တစ်ရပ်အနေဖြင့် ဦးစားပေး သတ်မှတ်ထားခြင်း ဖြစ်သည်။ မန္တလေး-ကျောက်ဖြူလမ်းပိုင်း ကာလတိုမှ ကာလရှည်အထိ ဖွံ့ဖြိုးတိုးတက်မှုကို ၂၀၂၀ ကာလအလွန်တွင် အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်းသိရသည်။

နယ်စပ်ဒေသများ၏ မြို့ပြဖြစ်ထွန်းရေးသည် ကာလရှည်မူဝါဒများအနက် တစ်ခုဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍ၏ အခြေခံ လိုအပ်ချက်များပေါ် မူတည်ကာ မြို့ပြအခြေခံ အဆောက်အအုံကို တည်ထောင်ရမည် ဖြစ်သည်။ သတ်မှတ်ထားသော ဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုပေါ် အခြေခံပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ၏ အရည်အသွေးနှင့် အဆင့်အတန်းကို တိုးမြှင့်ရန် ရည်ရွယ်ထားသည်။

Credit: Eleven News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service