အိမ်ခြံမြေ ငှားရမ်းခများ ၂၀ ရာခိုင်နှုန်း ကျဆင်း

အိမ်ခြံမြေ ငှားရမ်းခများ ၂၀ ရာခိုင်နှုန်း ကျဆင်း - Property News in Myanmar from iMyanmarHouse.com
28 Apr 2016 10:26 am တွင် တင်ခဲ့သည်
1379 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တော်အတွင်း နိုင်ငံခြားသား အိမ်ခြံမြေ၊ တိုက်ခန်းကွန်ဒိုငှားရမ်းမှုသိသာစွာ လျော့နည်းလာပြီး နှုန်းထားများမှာ ယခင်နှစ် ထက် ၂၀ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာ ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှု အသင်း(ဗဟို)အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။

"နိုင်ငံခြားသား အိမ်ငှားခတွေ ကျသွား တာကို တွက်ကြည့်လိုက်ရင် နိုင်ငံတကာက လာပြီး ငှားတဲ့လူတွေ နည်းလို့ဆိုတာ သေချာ သလောက်ပဲ၊
နိုင်ငံခြားသားတွေက ဘယ် မြို့မှာဘာလိုမြေတွေရှိသလဲ၊ ဈေးနှုန်းဘယ်လောက်ရှိသလဲဆိုတာ လာမေးမြန်းပြီး ပြန်သွားကြ တာပဲ၊ နိုင်ငံခြားသားတွေက သူတို့ အလုပ်နဲ့ နီးစပ်ရာတွေမှာပဲ ငှားကြတယ်။ ၂၀၁၄ ငှားဈေးနဲ့ တွက်လိုက်ရင် ၂၀ ရာခိုင် နှုန်းအထိ ငှားခဈေးတွေ ကျသွားတယ်။ ငှားမယ့်အိမ်တွေ အများကြီး ရှိပါတယ်၊ အရင် က ၂၅ ပေ၊ ပေ ၅၀ ကွန်ဒို ပရိဘောဂ အပြည့်ပါ ရင် ဒေါ်လာ ၂,၅၀၀ လောက်၊ မြန်မာငွေ သိန်း ၃၀ လောက်ပေးရတာ။ အခု ၁၈ သိန်းဆို ကောင်းကောင်းငှားလို့ရပြီ"ဟု ၎င်းကပြောသည်။

နိုင်ငံခြားသားများက ၎င်းတို့နေထိုင် မည့် တိုက်ခန်းများ၊ လုံးချင်းတိုက်များကို ငှားရမ်း ရာတွင် ၎င်းတို့ လုပ်ငန်းလုပ်ကိုင် သည့် နေရာများနှင့် အနီးစပ်ဆုံးနှင့် သွားလာရေး လွယ်ကူ အဆင်ပြေသည့် နေရာများ ကို ရွေးချယ်ငှားရမ်းခြင်းဖြစ်ပြီး မြို့တွင်း ခြောက်မြို့နယ် အပြင် ဆပ်စပ်မြို့နယ်များ ဖြစ်သည့် အလုံ၊ စမ်းချောင်းနှင့် လှိုင်သာ ယာ စက်မှုဇုန်သို့ သွားလာရေး အဆင်ပြေ စေသည့် မရမ်းကုန်းမြို့နယ်တို့ကို ပိုမို ရွေးချယ်ငှားရမ်းလာကြ သည်။ နိုင်ငံခြားသားများ ပြည်တွင်းသို့ အများ အပြားဝင်ရောက်လျက်ရှိသော်လည်း ပြည်တွင်း၌အခြေချ နေထိုင်ရန် ငှားရမ်းမှု နှုန်းများမှာ ယခင်နှစ်များကထက် များစွာ နိမ့်ကျလျက်ရှိသည်။ နိုင်ငံခြားသားများကို ဦးတည်ကာ ငှားရမ်းနိုင်ရေးအတွက် ကွန်ဒို တိုက်ခန်းပိုင်ရှင်များနှင့် လုံးချင်း အိမ်ပိုင် ရှင်များက နေအိမ်များကို အသေအချာ ပြုပြင် ထားကြသဖြင့် ဈေးကွက်အတွင်း အိမ်ခန်းများ ပေါများကာ ဈေးကွက် အတွင်း၌ နိုင်ငံခြား သားများအတွက် လည်း ရွေးချယ်နိုင်သည့် အခွင့်အရေးများ ပိုမိုများပြားလာရခြင်းသည် လည်း ငှားရမ်း ခနှုန်းထားများ ကျဆင်းလာရသည့်အကျိုးဆက်တစ်ခုဖြစ်နိုင်ကြောင်း အေးရိပ်စံအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းပိုင်ရှင် ဒေါ်နီလာကျော်ကလည်း ပြောသည်။

"၂၀၁၂-၁၃ ဈေးနှုန်းလောက်ပြန်ဖြစ် သွားတယ်။ ဈေးအတက်ဆုံးဖြစ်တဲ့ ၂၀၁၄ နဲ့ ယှဉ်ရင်တော့ ဈေးက ၂၀ လောက်အထိ ပြန်ကျသွားတဲ့ သဘောပါ။ ငှားမယ့် အိမ်တွေ အများကြီး ရှိတယ်"ဟု ၎င်းကပြောသည်။ ၂၀၁၄ ခုနှစ်တွင် စမ်းချောင်းမြို့နယ် ကျွန်းတော လမ်းပေါ်ရှိ အကျယ် ၂၅ ပေ၊ အရှည်ပေ ၅၀ ရှိသည့် ကွန်ဒိုတိုက်ခန်း တစ်ခန်းလျှင် တစ်လ ငှားရမ်းခ ကျပ် ၂၂ သိန်း ပေးချေခဲ့ရသော်လည်း နိုင်ငံခြားသား ငှားရမ်းမှု လျော့နည်း လာသည့်အတွက် ယခုနှစ်တွင် ကျပ် ၁၆ သိန်းဝန်းကျင်ခန့် အထိ ငှားရမ်းခနှုန်းထားများ ကျဆင်းလျက် ရှိသည်။

ရန်ကုန် တိုက်ခန်းကွန်ဒိုဈေးကွက် အတွင်း၌ နိုင်ငံခြားသား တိုက်ခန်းငှားရမ်းခနှုန်း ထားများမှာ အခန်းအကျယ်၊ အထပ်အမြင့်နှင့် ပရိဘောဂ အစုံအလင် ပါရှိမှု ပေါ်မူတည်ကာ အနည်းဆုံး ကျပ် ၁၀ သိန်းမှ ကျပ် ၂၀ အထိရှိပြီး လုံးချင်းအိမ်များကို အနည်းဆုံး တစ်လလျှင် အမေရိကန် ဒေါ်လာ ၃,၀၀၀ အထက်မှာရှိသည်။

Credit : Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service