တောင်သမန်သစ္စာ Resort ဟိုတယ် စီမံကိန်းပထမအဆင့်ကို ၂၀၁၇ အကုန် အပြီးတည်ဆောက်မည်ဟုဆို

တောင်သမန်သစ္စာ Resort ဟိုတယ် စီမံကိန်းပထမအဆင့်ကို ၂၀၁၇ အကုန် အပြီးတည်ဆောက်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
28 Apr 2016 10:14 am တွင် တင်ခဲ့သည်
2755 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့ ဦးပိန်တံတားအနီးတွင် တည်ဆောက်နေ သည့် တောင်သမန်သစ္စာ Resort ဟိုတယ်နှင့် အပန်းဖြေအိမ်ရာစီမံကိန်းပထမအဆင့်ကို ၂၀၁၇ နှစ်ကုန်တွင် အပြီးတည်ဆောက်မည်ဖြစ်ကြောင်း တောင်သမန်သစ္စာကုမ္ပဏီမှ သတင်းရရှိသည်။

‘‘ပထမအဆင့်အနေနဲ့ ဟိုတယ်စီမံကိန်းကို ၂၀၁၇ နှစ်ကုန်ပိုင်းမှာ အပြီးတည်ဆောက်မယ်လို့ မှန်းထားပါတယ်။ မြန်မာနိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုတွေကို ဖော်ထုတ်တဲ့အနေနဲ့ အရင်ခေတ်က ရိုးရာယဉ်ကျေးမှုပုံစံတွေနဲ့ အခုခေတ်ပုံစံနှစ်ခုကို ပေါင်းစပ်ပြီး စီမံကိန်းကို အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်’’ဟု တောင်သမန်သစ္စာကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးကျော်မြင့်က ပြောကြားသည်။

တောင်သမန်သစ္စာ Resort ဟိုတယ်နှင့် အပန်းဖြေအိမ်ရာစီမံကိန်းကို အပိုင်းလေးပိုင်းခွဲကာ အကောင်အထည်ဖော်မည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် ဟိုတယ်စီမံကိန်းကို မြေ ၄၀ ဒသမ ၇၂ ဧကပေါ်၌ အကောင်အထည်ဖော်မည်ဖြစ်သည်။

အဆိုပါ မြေနေရာ၏ ထက်ဝက်သာ ဟိုတယ်တည်ဆောက်မည်ဖြစ်ပြီး ကျန်နေရာကို ShoppingMall၊ မြန်မာ့ရိုးရာလက်မှုပစ္စည်းအရောင်းဆိုင်များ၊ ကျောက်မျက်ရတနာအရောင်းဆိုင်များနှင့် စားသောက်ဆိုင်များ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။

‘‘ဟိုတယ်စီမံကိန်းကို နိုင်ငံခြားသားဧည့်သည်တွေပါ အပန်းဖြေတည်းခိုနိုင်ဖို့အတွက် စီစဉ်ထားတယ်။ အဲဒီနေရာက အင်းဝ၊ ပြင်ဦးလွင်နဲ့ စစ်ကိုင်းလိုမျိုးနေရာတွေ ကိုလည်း အလွယ်တကူသွားလာနိုင်တဲ့အတွက် ခရီးသွားအပန်းဖြေနေရာတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်’’ဟု ဦးကျော်မြင့်က ဆက်လက်ပြောကြားသည်။

ဟိုတယ်စီမံကိန်းကို တည်ဆောက်ပြီးပါက အပန်းဖြေအိမ်ရာစီမံကိန်းများ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုပြယုဂ်များကို တစ်နေရာတည်းတွင် ပြသထားမည့် သမိုင်းပြတိုက်နှင့် စီမံကိန်းဧရိယာ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ၊ တောင်သမန်အင်း ရေသန့်စင်ရေးလုပ်ငန်းများ စသည့်စီမံကိန်းများကိုလည်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Credit: 7daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service