မန္တလေးအိမ်ခြံမြေဈေးကွက် စီမံကိန်းတွေမှာပါ အရောင်းအဝယ်ရပ်

မန္တလေးအိမ်ခြံမြေဈေးကွက် စီမံကိန်းတွေမှာပါ အရောင်းအဝယ်ရပ် - Property News in Myanmar from iMyanmarHouse.com
27 Apr 2016 10:24 am တွင် တင်ခဲ့သည်
4957 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးအိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်မှာ စီမံကိန်းအနီးနေရာတွေမှာပါ အရောင်းအဝယ်ရပ်တန့်နေပြီး တချို့စီမံကိန်းဝန်းကျင်နေရာတွေမှာ လေးလအတွင်း မြေတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းခန့်အထိ ဈေးနှုန်းကျဆင်းသွားတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။

ကျောက်စိမ်းဥယျာဉ်မြို့တော်စီမံကိန်း ၊ မြို့သာစက်မှုဥယျာဉ်စီမံကိန်း ၊ တံတားဦးဟိုတယ်ဇုန်စီမံကိန်း ဧရိယာတွေ အနီးဝန်းကျင်ရှိ အိမ်ခြံမြေတွေဟာ စီမံကိန်းသတင်းကြားတဲ့အချိန်ကစပြီး အရောင်းအဝယ်သွက် အဆမတန်ဈေးမြင့်တက်နေရာကနေ အခုလို အရောင်းအဝယ်အေး ဈေးကျဆင်းလာတာဖြစ်ပါတယ်။

တံတားဦးမြို့နယ်က နယ်ခံအကျိုးဆောင်တစ်ဦးက ‘ဈေးကျရတဲ့အကြောင်းအရင်းကတော့ အများကြီးပဲ ၊ အဓိက စီမံကိန်းပေါ်မှာ မှုတည်တယ်’ လို့ ပြောပါတယ်။

အဆိုပါစီမံကိန်းဝန်းကျင်ရှိ အိမ်ခြံမြေတွေရဲ့ ဈေးနှုန်းဟာ မန္တလေးမြို့အနီးဝန်းကျင်ရှိ မြေယာတွေရဲ့ တန်ဖိုးနီးပါး ဈေးနှုန်းအမြင့်ဆုံးရောက်ရှိနေတာ ၊ အချို့စီမံကိန်းတွေဟာ မျှော်မှန်းထားသလောက် ဖွံ့ဖြိုးလာတာမျိုးမရှိဘဲ လမ်းပန်းဆက်သွယ်ရေးကအစ မြို့ထဲနဲ့အလှမ်းကွာဝေးတဲ့အပြင် စီးပွားရေးအကွက်အကွင်းမရှိသေးတာ စတာတွေကြောင့် ယခုလို ဈေးနှုန်းကျဆင်လာတာဖြစ်တယ်လို့ ဝါရင့်အိမ်ခြံမြေအကျိုးဆောင်တချို့က ပြောပါတယ်။

မန္တလေးမြို့ အမရပူမြို့နယ် ဆင်ရွာမြင်းမှုရွာရှိ တည်ဆောက်ဆဲ ကျောက်စိမ်းဈေးသစ်ကြီးအနီး ရန်ကုန်-မန္တလေးကားလမ်းနဲ့ မြစ်ငယ်-စစ်ကိုင်းကားလမ်းဆုံရာ ပတ်ဝန်းကျင်ရှိ မြေနေရာတွေဟာ ကျောက်စိမ်းဥယျာဉ်မြို့တော်စီမံကိန်း အကောင်အထည်ဖော်မယ်ဆိုတဲ့ သတင်းတွေကြောင့် အဆမတန်ဈေးမြင့်နေရာကနေ ယခု ဈေးပြန်ကျလာတယ် ။

အခုနှစ်ဆန်းပိုင်းအထိ တစ်ဧကကို ကျပ်သိန်း ၂၈၀၀ ခန့်ပေါက်ဈေးရှိခဲ့တဲ့ မြေနေရာတွေလည်း ယခု ကျပ်သိန်း ၂၅၀၀ ခန့်သာ ပေါက်ဈေးရှိတယ်။

တစ်ဧက ကျပ်သိန်း ၁၀၀ ခန့်ကနေ ကျပ်သိန်း ထောင်ချီပေါက်ဈေးရှိခဲ့တဲ့ မြို့သာစက်မှုဥယျာဉ်စီမံကိန်းအနီးဝန်းကျင်နဲ့ တံတားဦးဟိုတယ်ဇုန် စီမံကိန်းဧရိယာဝန်းကျင်ရှိ မြေနေရာတွေဟာလည်း ယခုအခါ ဈေးနှုန်းကျဆင်းနေတယ်။ ဈေးနှုန်းကျဆင်းနေပေမဲ့ အဝယ်မရှိဘူးလို့ ဒေသခံအကျိုးဆောင်အချို့က ပြောပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service