အငှားနှင့်တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ပေးခြင်းဖြင့် ဈေးနှုန်းကျဆင်းမှု အထောက်အကူပြု

အငှားနှင့်တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ပေးခြင်းဖြင့် ဈေးနှုန်းကျဆင်းမှု အထောက်အကူပြု - Property News in Myanmar from iMyanmarHouse.com
26 Apr 2016 11:40 am တွင် တင်ခဲ့သည်
758 ကြိမ် ကြည့်ရှု့ပြီး
အခြေခံ လူတန်းစားများအတွက် အငှားအိမ်ရာများနှင့် တန်ဖိုးနည်း အိမ်ရာများကို မန္တလေးမြို့အတွင်း နေရာအနှံ့အပြား တည်ဆောက်ပေး ခြင်းဖြင့် အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းမှုကို အထောက်အကူပြု နိုင်ကြောင်း မန္တလေးမြို့အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ များထံမှ သိရသည်။

မန္တလေးမြို့ စည်ပင်သာယာ နယ်နိမိတ်အတွင်း ကျူးကျော်ဝင် ရောက် နေထိုင် လျက်ရှိကြသော အခြေခံ လူတန်းစားများအတွက် အဆိုပါအိမ်ရာများ တည်ဆောက် ပေးပြီး သင့်တော်သောနှုန်းထားဖြင့် ငှားရမ်းရောင်း ချပေးခြင်းဖြင့် မန္တလေး မြို့၏ မြင့်တက်နေသည့် အိမ်ခြံမြေ ဈေးနှုန်းများလည်း ကျဆင်းသွားနိုင် သည့်အပြင် မြေယာပြဿသာနာများလည်း ကင်းရှင်း သွားမည်ဖြစ်ကြောင်း မန္တလေးမြို့ရှိ မန်းမြေယာဇာအိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီမှ ဦးကျော်ဝင်း က ပြောကြားသည်။

''မြေယာကိစ္စတွေက လက်ရှိပြည်သူ့ အစိုးရအတွက် အဓိက စိန်ခေါ်မှု ကြီးပဲ။ ဒါကိုကိုင်တွယ်ဖို့က ပထမဆုံး ကျူးကျော်တွေအတွက် နေထိုင်ဖို့ သင့်တင့်တဲ့အိမ်ရာတွေကို စီစဉ်ပေး ပြီး အရင်ဆုံးဖြေရှင်းရမယ်။မန္တလေး မှာက အရပ်လေးမျက်နှာတင်မက အရပ်ရှစ်မျက်နှာအထိ ကျူးကျော် နေထိုင်သူတွေ အများကြီးရှိနေတယ်။ ဒါကြောင့် အိမ်ရာတွေကို အရပ်ရှစ် မျက်နှာအထိ ဆောက်ပေးပြီး လမ်း ဘေးကျူးကျော်တွေကို အရင်ရှင်းပစ် ရမယ်လို့ ထင်ပါတယ်'' ဟု ၎င်းက ပြောသည်။

ထို့အပြင် မြေဈေးနှုန်းကြီးမြင့်မှုသည် ငွေကြေးဖောင်းပွ
မှုဖြစ်ခြင်း ကြောင့် ငွေကြေးကွာဟမှုကို ထိန်းချုပ် ပေးသင့်ကြောင်း ၎င်းက ဆက်လက် ပြောကြား သည်။

''အမှန်တကယ်က ငွေဈေးကြီးတာ မဟုတ်ဘူး။ငွေကြေး ကွာဟမှုကြောင့် ဖြစ်နေတာပါ။ ကျွန်တော်တို့ မြန်မာငွေက တရုတ် ငွေတန်ဖိုးနဲ့ဆို အဆ ၂ဝဝ၊ ထိုင်းနဲ့ဆို အဆ ၄ဝ၊ ဒေါ်လာနဲ့ဆို အဆထောင် ကျော် ကွာဟနေတဲ့ အတွက် မြန်မာ ငွေနဲ့တွက် ရင် မြေဈေးကကြီးတယ်လို့ ထင်စရာဖြစ်နေတာပါ။ ငွေဈေးညီမျှမှု ရှိရင် ဒီပြဿနာ ပြေလည်သွားမှာပါ''ဟု ၎င်းကဆိုသည်။

လက်ရှိမန္တလေးမြို့၌ ဧရာဝတီ မြစ်ကမ်းတစ်လျှောက် ကျူးကျော် နေထိုင်ကြသည့် အခြေခံလူတန်းစား များအတွက် အငှားအိမ်ရာများကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက တည်ဆောက်ပေးခဲ့ပြီး တစ်လလျှင် ငွေကျပ် ၃ဝဝဝဝ နှုန်း ဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service