ကမ္ဘာ့ရွှေဈေးက အတက်အကျကြမ်းနေပြီး မြန်မာ့ရွှေဈေးကတော့ ထပ်ကျနိုင်ခြေရှိတယ်လို့ သိရပါတယ်။
သင်္ကြန်အပြီး ဈေးကွက်ထဲမှာ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို (သင်္ကြန်ပိတ်ရက်မတိုင်မီက ၁၂၃၈ ဒေါ်လာဝန်းကျင်ရှိခဲ့ပေမဲ့) ၁၂၄၈ ဒေါ်လာအထိ ဈေးမြင့်ခဲ့ပါတယ်။ သည်နေ့မှာတော့ ၁၂၃၃ ဒေါ်လာဖြစ်ပါတယ်။
ပြည်တွင်းရွှေဈေးကတော့ တစ်ကျပ်သားကို ကျပ် ၇၇၀,၀၀၀ အထက်မှာပဲ ရှိခဲ့တယ်။
ရွှေဈေးကွက်ကျွမ်းကျင်သူ တစ်ဦးက ‘ကမ္ဘာ့ရွှေဈေးက အတက်အကျ ကြမ်းနေတယ် ၊ ကမ္ဘာ့ရွှေရော ဒေါ်လာဈေးပါ ကျနေတာ ၊ ပြည်တွင်းရွှေဈေးကတော့ ထပ်ကျနိုင်ခြေရှိတယ်’ လို့ပြောပါတယ်။
ဧပြီ ၂၂ ရက်နေ့က ကမ္ဘာ့ရွှေဈေး ဒေါ်လာ ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၂၄၀ ကျော်ရှိခဲ့ပေမဲ့ သည်နေ့မှာတော့ ၁၀ ဒေါ်လာကျော်လောက်အထိ ဈေးကျတာပါ။ ပြည်တွင်းရွှေဈေးကတော့ မနေ့ကထက် ကျပ် ၅၀၀၀ ကျော်လောက် ဈေးကျနေပါတယ်။
သည်နေ့မှာ မနက်ပိုင်းမှာ ပြည်တွင်းရွှေဈေးက တစ်ကျပ်သားကို ကျပ် ၇၇၀,၀၀၀ ရှိခဲ့ပေမဲ့ ညနေပိုင်းမှာ ကျပ် ၇၆၈,၅၀၀ ရှိပြီး ကမ္ဘာ့ရွှေဈေးက ၁၂၃၂ ဒေါ်လာရှိပါတယ်။
Credit: The Kumudra