အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ တော်ရှိ အထင်ကရအဆောက် အအုံကြီးများဖြစ်သော ဘက်တာဆီးဓာတ်အားပေးဌာန၊ ဟော်လိုဝေးအကျဉ်းထောင်၊ ၀ါသမ်စတောင်း ခွေးပြိုင်ကွင်းတို့အပြင် စကော့တလန်ယာဒ့်စုံထောက်အဖွဲ့ကြီး၏ ရုံးချုပ်တို့ကိုပင် လူနေအိမ်ခန်းများအဖြစ် ပြောင်းလဲလာတော့မည်ဖြစ်ကြောင်း လန်ဒန်အခြေစိုက်အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ထို့အပြင် လန်ဒန်ရှိအထင်ရှားဆုံးအဆောက်အအုံများတွင် တစ်ခုအပါအ၀င်ဖြစ်သည့် ဘီဘီစီရုပ်မြင်သံကြားဌာနကိုလည်းလူနေအိမ်ခန်းများအဖြစ် ပြောင်းလဲခဲ့ပြီးဖြစ်ကာမကြာသေးမီရက်များအတွင်းကတစ်ခန်းလျှင် ပေါင် ၅၅၀၀၀၀ ဖြင့် ရောင်းချပေးလျက်ရှိသည်။
လန်ဒန်ရှိထင်ရှားသောအဆောက်အအုံများကိုနေအိမ်များအဖြစ်ပြောင်းလဲသည်မှာပထမဆုံးအကြိမ်မဟုတ်သကဲ့သို့ နောက်ဆုံးဖြစ်လိမ့်ဦးမည်လည်းမဟုတ်ချေ။
အချို့ စီမံကိန်းများမှာဆောက်လုပ်လျက်ရှိပြီးအချို့ မှာစီစဉ်ဆဲဖြစ်သည်။
ဘက်တာဆီးဓာတ်အားပေးဌာနကိုလူနေအိမ်ခန်းများအဖြစ်ပြောင်းလဲခဲ့ပြီးဖြစ်ရာအိပ်ခန်း ၂ ခန်းပါ အခန်းတစ်ခန်းလျှင် ပေါင် ၁ ဒသမ ၂ သန်းဖြင့် ရောင်းချလျက်ရှိသည်။
နာမည်ကျော်စကော့တလန်ယာ့ဒ်စုံထောက်အဖွဲ့ကြီး၏ ရုံးချုပ်အဆောက်အအုံကိုလည်းလူနေအိမ်ခန်းများအဖြစ် ပြောင်းလဲတည်ဆောက်ရန်အတွက် အဘူဒါဘီအခြေစိုက် ရင်းနှီးမြှုပ်နှံသူများထံသို့ ပေါင် သန်း ၃၇၀ ဖြင့် ၂၀၁၄ ခုနှစ်ကပင် ရောင်းချထားခဲ့ပြီးဖြစ်သည်။
စကော့တလန်ယာ့ဒ်စုံထောက်အဖွဲ့ကြီးသည် ရုံးချုပ်သစ်ကိုပေါင် ၅၆ သန်းအကုန်အကျခံဆောက်လုပ်ခဲ့ပြီး ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)