ကွန်ဒိုဥပဒေ က အိမ်ခြံမြေ ဈေးကွက်အားကယ်တင်နိုင်မည်လား

ကွန်ဒိုဥပဒေ က အိမ်ခြံမြေ ဈေးကွက်အားကယ်တင်နိုင်မည်လား - Property News in Myanmar from iMyanmarHouse.com
25 Apr 2016 10:49 am တွင် တင်ခဲ့သည်
2247 ကြိမ် ကြည့်ရှု့ပြီး
မကြာသေးမီကာလက အတည်ပြုခဲ့သော အိမ်ခြံမြေ ကွန်ဒို ဥပဒေသည် ကျဆင်းနေသော အိမ် ခြံ မြေ ဈေးကွက်အား ကျားကန်ပေးနိုင်မည်ဟု အိမ်ခြံမြေ အရောင်းအဝယ်လုပ်ငန်းနှင့် စပ်ဆက်နေသူ အားလုံးက မျှော်လင့်နေကြသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားဧည့်သည် ဝင်ရောက်မှုသည် နှစ်စဉ်တိုးတက်များပြားလျက်ရှိသည်။ယင်းကဲ့သို့ နှစ်စဉ်တိုးပွားလာသောပြည်ပ ခရီးသွားဧည့်သည်များသည် အပမ်းပြေ လာရောက်လည်ပတ်သော ခရီးသွားများကြောင့်ပင် မဟုတ်ပဲ ဈေးကွက်စီးပွားရေးစနစ်အရ လာရောက်စီးပွားရေးလုပ်ကိုင်လိုသည့် ပြည်ပနိုင်ငံသားများလည်းများစွာပါဝင်သည်။ယင်း ဈေးကွက်အား ခရီးသွားလုပ်ငန်းရှင်များက Commercial Market ဟု ခေါ်ဆိုကြသည်။ Commercial Market ကြောင့် နှစ်စဉ်ဝင်ရောက် လာသော နိုင်ငံခြားဧည့်သည်များသည် ရန်ကုန်အပါအဝင် သက်ဆိုင်ရာမြို့များ၌ နေထိုင်ရေးအတွက် ယခင်က ဟိုတယ်များကို အားထားခဲ့ကြရသည်။ထိုမှတစ်ဖန် အိမ် ခြံ မြေ လုံးချင်းများ၊ ကွန်ဒိုများကို အားကိုးလာကြရပြန်သည်။

သို့သော် မြန်မာနိုင်ငံ၏ အငှားဈေးကွက် သည် နိုင်ငံတကာကဲ့သို့ stable ဖြစ်သော ဈေးကွက် တစ်ခုမဟုတ်ခြင်းကြောင့် သတ်မှတ်အချိန် ကာလကုန်ဆုံးသည်နှင့် တစ်ပြိုင်နက် ဈေးနှုန်းပြောင်း လဲမှုဖြစ်လေ့ရှိသည်။ ထိုအခါ စီးပွားရေးလုပ်ငန်းနှင့် စပ်ဆိုင်သဖြင့် လာရောက်နေ ထိုင်ကြသော ပြည်ပနိုင်ငံသားများမှာ မကြာခဏ အခက်အခဲကြုံတွေ့ကြရသည်။ပြည်ပနိုင်ငံသားများအနေဖြင့် အိမ် ခြံ ယာ မြေ အစရှိသည့် မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို တရားဝင် ဝယ်ယူခွင့်မရှိခဲ့သောကြောင့် ယင်းအခက်အခဲသည် အချိန်ကာလတစ်ခုအထိရှည်ကြာခဲ့သည်။သို့သော် ယခင်အစိုးရဟောင်းအတည်ပြုခဲ့သော ကွန်ဒိုဥပဒေ(Condo Law)အရ နိုင်ငံခြားသားများအနေဖြင့် အိမ်ရာအခန်းများ ဝယ်ယူခွင့်ရရှိကြတော့မည်ဖြစ်သည်။ယင်းကဲ့သို့သော ဝယ်ယူခွင့်ရမည့်အနေအထားသည် လက်ရှိမြန်မာ့အိမ်ခြံမြေ ၏ ဈေးကွက်အနေအထားအား ကျားကန်ပေးလာနိုင်မည်ဟု ပြည်တွင်းအိမ်ခြံမြေ အကျိုးဆောင်များက သုံးသပ်လျက်ရှိကြသည်။

လက်ရှိတွင် မြန်မာ့အိမ်ခြံမြေ ဈေးကွက်သည် ၂၀၁၅ နှစ်စမှ စတင်၍ တအိအိ ပြိုဆင်းလာခဲ့ရာ ၂၀၁၆ ဧပြီလတွင် လုံးဝနီးပါး ပါးလျား သည့်အနေအထားသို့ဆိုက်ရောက်နေပြီဖြစ်သည်။ယင်းအနေအထားအား ကွန်ဒို ဥပဒေ၏ ရိုက်ခတ်မှုဖြင့်ပြေလည်စေမည်လားဆိုသည်မှာ စိတ်ဝင်စားဖွယ်ရာအကောင်းဆုံးဖြစ်နေသည်။

အိမ် ခြံ မြေ ဈေးကွက် ဘာကြောင့်ကျဆင်းခဲ့သနည်း။
ယင်းမေးခွန်းသည် စိတ်ဝင်စားဖွယ်ရာမေးခွန်းတစ်ခုဖြစ်သည်။""မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေ ဈေးကွက်က ၂၀၁၅ နှစ်စမှာကတည်းက ကျဆင်းသွား တယ်။ဘာကြောင့်လဲဆိုရင် ပြင်ပ ရင်းနှီးမြုပ်နှံမှုတွေ စီးထွက်သွားလို့။ဘယ်လို ပြင်ပ ရင်းနှီးမြုပ်နှံမှုလဲဆိုတော့ တရားမဝင် ရင်းနှီးမြုပ်နှံမှုတွေ ပြန်စီးထွက်သွားတာ။ဆိုလိုတာက မြန်မာ့အိမ်ခြံမြေမှာ ကိုးကန့်၊ ဝ ၊ တရုတ် အစရှိတာတွေက လာဝယ်တယ်။ဘယ်လိုဝယ်သလဲဆိုရင် နာမည်ခံတွေနဲ့ လူယုံတွေနဲ့ ဝယ်တယ်။အဲဒီလို ဝယ်ပြီးဆက်တိုက် ရင်းနှီးမြုပ်နှံမှုတွေရှိခဲ့တယ်။ဒီဟာတွေရဲ့နောက်ဆက်တွဲမှာ အိမ် ခြံ မြေ ဈေး ဟာ ဖြစ်သင့်ဖြစ်ထိုက် တဲ့ နှုန်းထားတွေထက်ကို ကျော်လွန်မြင့်တက်သွားခဲ့တယ်။ခဏလေးနဲ့ ဈေးသိပ်မြင့်သွားတာပေါ့။အဲဒီ ဟာတွေက နိုင်ငံရေးအရ အပြောင်းအလဲ ဖြစ်လာကာနီးမှာ ပြည်တွင်းကနေ အကုန်စီးထွက်သွားတယ်။ပြန်စီးထွက်သွားတာတွေအကုန်လုံးက လက်ကြီးတွေကြီးဘဲ။အဲဒါတွေကြောင့် ဈေးကွက်ဟာ နလန်မထူနိုင်လောက်အောင် ထိုးဆင်းသွားခဲ့တယ်။""မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှုး ဦးသန်းဦး မှ ပြောပြသုံးသပ်ထားခြင်းဖြစ်သည်။

ယင်းအဖြစ်များကြောင့်သာပင်မက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများအပေါ် အများအာရုံစိုက်နေခြင်း၊အစိုးရသစ် အကူးအပြောင်းအာူ ချောမွေ့မှုရှိမရှိ ပြည်သူမှ စောင့်ကြည့်ခြင်းတို့ကြောင့် ဈေးကွက်အေးစက်မှုသည် ၂၀၁၆ ခုနှစ်အထိ ကူးစက်လာခဲ့သည်။ ထို့ပြင် အစိုးရသစ်စတင်အသက်ဝင် ချိန်တွင်လည်း ဝင်ငွေခွန် နှုန်းထားအသစ်သည် ဈေးကွက်ကို လုံးဝရပ်ဆိုင်းလုနီးပါးဖြစ်သည်အထိ ထပ်မံဖြစ်စေခဲ့သည်။

ယင်အခက်အခဲများမှ လွန်မြောက်နိုင်ရန်အတွက် အိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်းရှင်များသည် ကွန်ဒို ဥပဒေ အမှန်တကယ် အသက်ဝင်လာမည့်အချိန်ကိုမျှော်လင့်နေကြရသည်။

""ဒီဥပဒေဟာ ခုထိအသက်မဝင်သေးဘူး။အောက်ခြေ ကိုလည်းမရောက်သေးဘူး။အဲဒီတော့ ဘာမှ အကျိုးမဖြစ်ထွန်းသေးဘူးပေါ့။တကယ်လို့အသက်ဝင်လာခဲ့ရင်တော့ အိမ် ခြံ မြေ ဟာ ဈေးကွက်ပြန်ကောင်းသွားမယ်။နိုင်ငံခြားသား ကုမ္ပဏီတွေကလည်း ငှားနေကြတော့မှာ မဟုတ်ဘူး။ အပိုင်ဝယ်ကြမှာ။ ငှားနေလည်း ဈေးက ခနခန တက်နေတော့ ဒါဟာ လက်သင့်ခံနိုင်တဲ့ အနေအထားမဟုတ်မှန်း သူတို့ကလည်းသိတယ်။နောက်တစ်ခါ အငှားဈေးကွက်ကိုလည်း သိသိသာသာ ထိခိုက်မှာမဟုတ်ဘူး။ဘာကြောင့်ဆို အိမ်ရာလိုအပ်ချက်ကရှိနေဆဲပဲလေ။ဆိုလိုတာက တကယ်လို့ ဥပဒေ အသက်ဝင်လာရင်တော့ အိမ် ခြံ မြေ ဈေးကွက်ဟာ တစ်ကျော့ပြန်အားကောင်းလာမှာပါ။""ဟု ရန်ကုန်တိုင်းဒေသကြီးအိမ်ခြံမြေလုပ်ငန်းရှင်များအသင်း၏ ဥက္ကဌ ဦးစိုင်းခွန်နောင်မှ ပြောဆိုသုံးသပ်သည်။

ထိုဥပဒေသည် အိမ် ခြံ မြေ ဈေးကွက်ကောင်း မွန်ရန်သာမက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများဝင်ရောက်လာရန်အတွက် မဖြစ်မနေရှိရမည့်ဥပဒေတစ်ရပ်ပင်ဖြစ်သည်။ထို ဥပဒေ အမန်တကယ် အသက်ဝင်ခဲ့သော နိုင်ငံများဖြစ်သည့် စင်ကာပူ ၊မလေးရှား ၊ဖိလစ်ပိုင် နိုင်ငံများကဲ့သို့ မြန်မာနိုင်ငံသည်လည်း အိမ် ခြံမြေဈေးနှုန်းထပ်မံ မြင့်တက်လာမည်လားဆိုသည်မှာ ဆက်လက်စောင့်ကြည့်ရမည့် အနေအထားတစ်ရပ် ပင်ဖြစ်ပါတော့သည်။

မင်းဝဿာန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service