အာရှဝယ်လက်များ ဥရောပတွင်အိမ်ခြံမြေ၀ယ်ယူပါက ရေရှည်နေထိုင်ခွင့်ပေးမည့် ရွှေဗီဇာ အစီအစဉ်

အာရှဝယ်လက်များ ဥရောပတွင်အိမ်ခြံမြေ၀ယ်ယူပါက ရေရှည်နေထိုင်ခွင့်ပေးမည့် ရွှေဗီဇာ အစီအစဉ် - Property News in Myanmar from iMyanmarHouse.com
22 Apr 2016 11:12 am တွင် တင်ခဲ့သည်
1769 ကြိမ် ကြည့်ရှု့ပြီး
အာရှအိမ်ခြံမြေ၀ယ်လက်များအား ရေရှည်နေထိုင်ခွင့်ပေးမည့် ရွှေဗီဇာ အစီအစဉ်ကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့ တွင် ပေးအပ်လျက်ရှိနေပြီးဖြစ်ရာ အချို့ နိုင်ငံများတွင် ယင်းအစီအစဉ်ကြောင့် အိမ်ခြံမြေဈေးတက်မှုများပင် ဖြစ်ပေါ်လျက်ရှိနေကြောင်း ဘန်ကောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ယင်းသို့ ရွှေဗီဇာပေးအပ်သည့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနက် စပိန်၊ပေါ်တူဂီ၊ မာလ်တာ၊ ဂရိနှင့် ဆိုက်ပရပ်စ်တို့မှာ ထင်ရှားသည်။
သက်ဆိုင်ရာနိုင်ငံအတွင်း အိမ်ခြံမြေ၀ယ်ယူသူများကို ရွှေဗီဇာပေးအပ်ခြင်းဖြစ်ပြီး ဘူလ်ဂေးရီးယားနှင့် ဟန်ဂေရီတို့မှာမူ အစိုးရ၏ ငွေတိုက်စာချုပ်များကို ၀ယ်ယူသူများကို ရွှေဗီဇာချထားပေးကြသည်။

ရွှေဗီဇာပေးအပ်သောနိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ စည်းကမ်းချက်များ ကွဲပြားကြသည်။
ပေါ်တူဂီတွင် ယူရို ၅၀၀၀၀၀ ဖိုးနှင့်အထက် အိမ်ခြံမြေ၀ယ်ယူသူများကို ရွှေဗီဇာထုတ်ပေးသည်။

ဥရောပသမဂ္ဂတွင် မပါဝင်သည့် တူရကီသည်လည်း နိုင်ငံအတွင်း သတ်မှတ်ထားသည့် တန်ဖိုးအတိုင်း အိမ်ခြံမြေ၀ယ်ယူသူတို့ကို ရွှေဗီဇာထုတ်ပေးသည်။

အသေးစိတ်သိရှိလိုသူများအနေဖြင့် info@goldenvisas.com သို့ စာရေးသားမေးမြန်းပါက ဖြေကြားစာနှင့်အတူ Golden Visa programmes Europe အမည်ရှိ pdf ဖိုင် ဖတ်ရှုနိုင်မည်ဖြစ်သည်။

ဖုန်းဖြင့်ဆက်သွယ်မေးမြန်းလိုပါက +၄၄ ၂၀၇ ၀၆၀ ၁၄၇၅ (Paul Williams)သို့ ဆက်သွယ်မေးမြန်းနိုင်သည်။
ရွှေဗီဇာလျှောက်ထားလိုသူတို့အနေဖြင့် ရွေးချယ်နိုင်သည့် နည်းလမ်းနှစ်ရပ်ရှိသည်။

အမြဲတမ်းအခြေချနေထိုင်သူအဖြစ်နှင့် နိုင်ငံသားတို့ဖြစ်ကြသည်။
အမြဲတမ်းအခြေချနေထိုင်သူဗီဇာကို စပိန်၊ ပေါ်တူဂီ၊ ဆိုက်ပရပ်စ်၊ ဂရိ၊ ဟန်ဂေရီ၊ ဘူလ်ဂေးရီးယားနှင့် မာလ်တာတို့တွင် လျှောက်ထားနိုင်ပြီး အဆိုပါနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရမည် ဖြစ်သည်။

ကာရစ်ဘီယံဒေသရှိ လေးနိုင်ငံသည်လည်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့်သူများကို အမြဲတမ်းနေထိုင်ခွင့်ဗီဇာပေးအပ်သည်။
ယင်း ၄ နိုင်ငံမှာ စိန့်ကစ်၊ အန်တီဂွါ၊ ဒိုမီနီကာနှင့် ဂရီနာဒါတို့ဖြစ်ကြသည်။
နိုင်ငံသားပတ်စ်ပို့ကို အလွယ်တကူလျှောက်ထားနိုင်သည့်နိုင်ငံများမှာ ပေါ်တူဂီနှင့် ဆိုက်ပရပ်စ်ဖြစ်သည်။
နိုင်ငံသားဖြစ်ချင်း၏ အကျိုးကျေးဇူးများမှာ ဥပမာအားဖြင့် သင်သည်ပေါ်တူဂီတွင် အိမ်ခြံမြေကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ပါက ပေါ်တူဂီနိုင်ငံသားအဖြစ်ကို ရရှိမည်ဖြစ်သည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်း၏ နိုင်ငံသားတိုင်းသည် ဥရောပသမဂ္ဂ၏ နိုင်ငံသားများအဖြစ် သတ်မှတ်ခြင်းခံရမည်ဖြစ်သည်။
ယင်းသို့ဆိုလျှင် ပေါ်တူဂီနိုင်ငံသားလက်မှတ်ရရှိပါက ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းသို့ သွားလာ၊ လုပ်ကိုင်၊ နေထိုင်၊ ပညာသင်ယူမှုများ လွတ်လပ်စွာပြုလုပ်နိုင်တော့မည်ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အာရှဝယ်လက်များ ဥရောပတွင်အိမ်ခြံမြေ၀ယ်ယူပါက ရေရှည်နေထိုင်ခွင့်ပေးမည့် ရွှေဗီဇာ အစီအစဉ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service