၂၀၁၆ အတွင်း တိုကျို လူနေနှင့် လုပ်ငန်းဆိုင်ရာ မြေဈေးနှုန်းများ ကြီးမားစွာ မြင့်တက်

၂၀၁၆ အတွင်း တိုကျို လူနေနှင့် လုပ်ငန်းဆိုင်ရာ မြေဈေးနှုန်းများ ကြီးမားစွာ မြင့်တက် - Property News in Myanmar from iMyanmarHouse.com
22 Apr 2016 11:00 am တွင် တင်ခဲ့သည်
748 ကြိမ် ကြည့်ရှု့ပြီး
ဂျပန်မြေယာ၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ၂၀၁၆ ခုနှစ် တိုကျို မြေဈေးနှုန်းကို ထုတ်ပြန်ကြေညာလိုက်ကြောင်း တိုကျိုအခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင်
ဖော်ပြသည်။

ယင်းထုတ်ပြန်ချက်အရ ဂျပန်တစ်နိုင်ငံလုံးအတိုင်းအတာ ပျှမ်းမျှအိမ်ခြံမြေဈေးနှုန်း ၀ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်သွားကြောင်း တွေ့ရပြီး ၂၀၀၈ ခုနှစ်နောက်ပိုင်း ၈ နှစ်တာကာလအတွင်း ပထမဆုံး ဈေးနှုန်းမြင့်တက်မှုလည်း ဖြစ်သည်။

အဓိကအားဖြင့် မြို့ ကြီးများ၏ စီးပွားရေးလုပ်ငန်းအခြေစိုက်ရာနေရာများတွင်
မြေဈေးနှုန်းမြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ဂျပန်တစ်နိုင်ငံလုံးအတိုင်းအတာ လူနေမြေယာဈေးနှုန်းများမှာမူ ၀ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းနေပြီး၆ နှစ်ဆက်တိုက် ဈေးနှုန်းကျဆင်းမှုလည်း ဖြစ်သည်။

ဂျပန်အိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသည့်ပမာဏမှာမူ တိုးမြင့်လျက်ရှိပြီး အဓိကအားဖြင့် ဂျပန်ယန်းငွေအားနည်းမှုကြောင့် နိုင်ငံခြားငွေများ စီးဝင်မှုများပြားသည့်အတွက် ဖြစ်သည်။

ဂျပန်ရှိ မြို့ ကြီးများတွင်အိမ်ခြံမြေအရောင်းအ၀ယ် အေးစက်မှုမရှိဘဲ လှုပ်လှုပ်ရှားရှား ရှိနေဦးမည်သာဖြစ်သည်။
တိုကျိုတွင် အိမ်ခြံမြေဈေးနှုန်းမြင့်တက်မှုမှာ ၃ နှစ်ဆက်တိုက်ရှိခဲ့ပြီဖြစ်ပြီး စီးပွားရေးလုပ်ငန်းဆိုင်ရာမြေယာဈေးနှုန်းများမှာ အကြီးမားဆုံးမြင့်တက်ခဲ့သည်။

တိုကျိုလူနေမြေဈေးမြင့်တက်မှုမှာ အနည်းငယ်သာရှိသော်လည်း ပုံမှန်မြင့်တက်မှုဖြစ်သည်။
တိုကျိုရှိ စီးပွားရေးလုပ်ငန်းဆိုင်ရာ မြေယာဈေးနှုန်းများသည် ၄ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်သွားပြီး အိုဆာကာတွင်ဆိုလျှင် ၄ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့သည်။

တိုကျိုရှိမြေဈေးနှုန်းမြင့်တက်မှုများအတွက် ထင်ရှားသည့်သာဓကကိုပြရလျှင် နိုင်ငံခြားဧည့်သည်များဖြင့် အမြဲခြေရာထပ်နေလေ့ရှိသော ဂျင်ဇာဒေသတွင် စတုရန်းတစ်မီတာလျှင် ယန်းငွေ သန်း ၄၀ ခန့်အထိ ဈေးပေါက်နေသည်။

အဆိုပါဈေးနှုန်းမှာစီးပွားရေးပူဖောင်းပေါက်ကွဲမှုဖြစ်ပွားစဉ်ကာလကထက်ပင် များပြားနေသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
၂၀၁၆ အတွင်း တိုကျို လူနေနှင့် လုပ်ငန်းဆိုင်ရာ မြေဈေးနှုန်းများ ကြီးမားစွာ မြင့်တက် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service