ဒူဘိုင်းတွင်ကျင်းပမည့် Dubai Expo 2020 တွင်ပါဝင်ရန် ဆွစ်ဇာလန်ပထမဆုံးစာရင်းပေး

ဒူဘိုင်းတွင်ကျင်းပမည့် Dubai Expo 2020 တွင်ပါဝင်ရန် ဆွစ်ဇာလန်ပထမဆုံးစာရင်းပေး - Property News in Myanmar from iMyanmarHouse.com
22 Apr 2016 10:51 am တွင် တင်ခဲ့သည်
1416 ကြိမ် ကြည့်ရှု့ပြီး
ဆွစ်ဇာလန်နိုင်ငံသည် ဒူဘိုင်းတွင် ကျင်းပမည့် Dubai Expo 2020 တွင် ပါဝင်ပြသရန် ပထမဆုံးစာရင်းပေးလိုက်ကြောင်း
အရှေ့ အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

Dubai Expo 2020 ကျင်းပရေးကော်မတီဥက္ကဌ ရှိတ်အာမက်ဆာအိ အယ်လ်မာ့ခ်တိုအန်သည် အာရပ်စော်ဘွားများ ပြည်ထောင်စုဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး မာယာ တီဆာဖီနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ယင်းသို့ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။

၂၀၂၀တွင်ကျင်းပမည့် နိုင်ငံတကာကုန်သွယ်ရေးပြပွဲအတွက် အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပရန် ရုရှား၊ တူရကီ၊ ဘရာဇီးနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့ ယှဉ်ပြိုင်ကြရာတွင် အာရပ်စော်ဘွားများပြည်ထောင်စုတွင် လက်ခံကျင်းပခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

ဒူဘိုင်းသည် နိုင်ငံတကာကုန်သွယ်ရေးပြပွဲလက်ခံကျင်းပခွင့်ရသည့်ပထမဆုံးအရှေ့အလယ်ပိုင်းနိုင်ငံဖြစ်လာမည်
ဖြစ်သည်။

Dubai Expo 2020 ၏ ဆောင်ပုဒ်အဖြစ် စိတ်ဝိဥာဉ်ချင်းဆက်သွယ်၊ အနာဂတ်ကို ဖန်တီးဟု သတ်မှတ်ထားသည်။

အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိခဲ့သည့် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ၂၇ကကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံဖြစ်သောဘာ့ဂ်ျခါလီဖာတွင်မီးရှုးမီးပန်းများဖောက်ကာ
အောင်ပွဲခံခဲ့ကြသည်။

၂၀၂၀ ခုနှစ်တွင် ကမ္ဘာက အံ့အားသင့်ဖွယ်ရာများ ဒူဘိုင်းက လုပ်ဆောင်ပြမည်ဖြစ်ကြောင်း ဒူဘိုင်းအာဏာပိုင်တို့က ဆိုသည်။

အဆိုပါပြပွဲကျင်းပရေးအတွက် ကြိုတင်ပြင်ဆင်မှုများနှင့် ပြပွဲကာလ ခရီးသွားလုပ်ငန်းနယ်ပယ်အတွက် ဒူဘိုင်းတွင် အလုပ်အကိုင်ပေါင်း ၂၇၇၀၀၀ ခန့် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းကြသည်။

ယင်းပြပွဲသို့ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ကျော်မှ လေ့လာသူပေါင်း ၂၅ သန်းမှ သန်း ၁၀၀ ခန့်အထိ လာရောက်ဖွယ်ရှိသည်ဟု မျှော်မှန်းထားပြီး နိုင်ငံ၏ စီးပွားရေးကဏ္ဍသို့ ၀င်ငွေ ကန်ဒေါ်လာ ၄၀ ဘီလီယံနီးပါး ရရှိရန် မျှော်လင့်ထားသည်။

Dubai Expo 2020 ကျင်းပမည့်နေရာမှာ ဒူဘိုင်းနှင့် အဘူဒါဘီအကြားဆက်သွယ်သည့် လမ်းကြောင်းပေါ်တွင်ဖြစ်ပြီး ဧရိယာအကျယ်အ၀န်း ၄၃၈ ဟက်တာ (၁၀၈၃ ဧက) ကျယ်ဝန်းသည့် နေရာတွင် ပြုလုပ်မည် ဖြစ်သည်။

ဒူဘိုင်းတွင်ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံတစ်ခု ဆောက်လုပ်သွားရန် စီစဉ်လျက်ရှိရာ Dubai Expo 2020 ကို ဂုဏ်ပြုသောအားဖြင့် အဆိုပါအဆောက်အအုံကို ဘာ့ဂ်ျ ၂၀၂၀ ဟု အမည်ပေးထားသည်။

လက်ရှိအားဖြင့် ဒူဘိုင်းတွင် စီးပွားရေးကျဆင်းမှုများရှိနေကြောင်း စစ်တမ်းများက ညွှန်ပြနေပြီး Dubai Expo 2020 ကြောင့် အိမ်ခြံမြေဈေးကွက် ပူဖောင်းပေါက်ကွဲမှုဖြစ်ပေါ်နိုင်ကြောင်း သတိပေးချက်များလည်း ထွက်ပေါ်နေသည်။

Dubai Expo 2020 ပြပွဲစတင်မည့်အချိန်မှာ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်တွင်ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၀ ရက်တွင် ပြီးဆုံးမည် ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဒူဘိုင်းတွင်ကျင်းပမည့် Dubai Expo 2020 တွင်ပါဝင်ရန် ဆွစ်ဇာလန်ပထမဆုံးစာရင်းပေး - Property News in Myanmar from iMyanmarHouse.com
ဒူဘိုင်းတွင်ကျင်းပမည့် Dubai Expo 2020 တွင်ပါဝင်ရန် ဆွစ်ဇာလန်ပထမဆုံးစာရင်းပေး - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service