မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၎င်း၏ဌာနတွင်း ဖွဲ့စည်းပုံများကို အသစ်ပြင်ဆင်လိုက်ပြီး
ယင်းမှာအရေးပါသောဌာနကြီးတစ်ခုချင်းစီက ငွေကြေးအဖွဲ့အစည်းများနှင့်ဆက်သွယ်ဆောင်ရွက်ရာတွင် ပိုမိုလျင်မြန်ထိရောက် စေလိုသော ရည်ရွယ်ချက်ဖြစ်ကြောင်း
တာဝန် ရှိသူများက ပြောသည်။
ဖွဲ့စည်းပုံအသစ်အရ 'ဌာနခုနစ်ခု' မှာ ဗဟိုဘဏ်၏ အဓိကအရေးပါသောဌာနများ ဖြစ်လာမည်ဟု
နေပြည်တော် ဗဟိုဘဏ်ဥက္ကဋ္ဌရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဥက္ကဋ္ဌရုံး၊ စီမံခန့်ခွဲမှုနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန၊ ငွေကြေးမူဝါဒရေး
ရာနှင့် ဘဏ်လုပ်ငန်းဥပဒေစည်းမျဉ်းဌာန၊
နိုင်ငံခြား သုံးငွေစီမံခန့်ခွဲမှုဌာန၊ ဘဏ်လုပ်ငန်းကြီးကြပ် စစ်ဆေးရေးဌာန၊ စာရင်းဌာနနှင့်
ငွေကြေးစီမံ ဌာနတို့ကို ညွှန်ကြားမှူးချုပ်တစ်ယောက်စီက အုပ်ချုပ်သွားမည်ဖြစ်သည်။
ယင်းမှာ ဇန်န၀ါရီ ၂၈ ရက်က ကျင်းပခဲ့ သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်း၏ သဘောတူညီချက်လည်းဖြစ်သည်။ ဖေဖော်ဝါရီလကုန်ပိုင်းက ဗဟိုဘဏ်ဌာနအချို့၏အမည်
(အခေါ်အဝေါ်)များကို ပြောင်းလဲ လိုက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် လေးဦးကိုလည်း
ညွှန်ကြားရေးမှူးချုပ်အဖြစ် ပြောင်းလဲ ခန့်အပ်လိုက်သည်။ ယခင်ကမူ ညွှန်ကြားရေးမှူး
ချုပ်သုံးဦးသာရှိပြီး တစ်ဦးလျှင် ဌာနနှစ်ခု သုံးခုကို ကိုင်တွယ်ခဲ့သည်။ ဌာနအရေအတွက်
မှာလည်း မူလက ၁၅ ခု ရှိရာမှ တချို့ဌာနများမှာ ဌာနကြီးခုနစ်၏အောက်တွင် ဌာနစိတ်
အနေဖြင့်ရောက်ရှိသွားမည်ဖြစ်သည်။
"ညွှန်ချုပ်အရေအတွက် ပိုများလာတဲ့အတွက် ဌာနတစ်ခုချင်းစီရဲ့လုပ်ဆောင်ချက်တွေ
ပိုကောင်းလာမယ့် သဘောရှိတယ်။ တစ်ဦးချင်းစီရဲ့ တာဝန်နဲ့ လုပ်ဆောင်မှုတွေကို
မြှင့်တင်လိုက်တာလည်း ပါတယ်"ဟု အဆိုပါတာဝန်ရှိသူက ပြော သည်။
"တချို့ကိစ္စတွေကို
ဗဟိုကနေချုပ်ကိုင် ကွပ်ကဲမယ့်အစား အောက်ကနေ အထက်ကို ပြန်သွားတဲ့ ပုံစံကိုအကောင်အထည်ဖော်သွားဖို့ဖြစ်တယ်။ ပြောင်းလိုက်တာသိပ်မကြာသေးတော့
အကောင်ထည်ဖော်ဆောင်ရွက် နိုင်ဖို့ အချိန်တော့လိုပါ သေးတယ်"ဟု ၎င်းက ပြောသည်။
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ်
ပြောင်းလဲတာဝန်ယူ
လိုက်သော ဦးဝင်းသော်က ၎င်းတို့ဌာန အနေဖြင့် ရုံးတွင်းလုပ်ငန်းများကို ဥက္ကဋ္ဌရုံး၊
ဒုတိယဥက္ကဋ္ဌတို့ဖြင့် တိုက်ရိုက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်းပြောသည်။ "နိုင်ငံခြား
သုံးငွေစီမံခန့်ခွဲမှုဌာနရဲ့တာဝန်ကိုမြှင့်ပေးလိုက်တာဖြစ်တယ်။
အခုဆိုနိုင်ငံခြားဘဏ်တွေ
လည်း ပေါ်ပေါက်လာတဲ့အတွက် လိုအပ် တဲ့ညွှန်ကြားချက်တွေကို ချက်ချင်းထုတ်ပြန်နိုင်ပြီး လုပ်ငန်းတွေလည်းလျင်မြန်လာဖို့ရှိပါတယ်"ဟု ၎င်းကပြောသည်။
လက်ရှိတွင် အပြည်အပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်နှင့် ဂျပန် အပြည်
ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ မှ နိုင်ငံခြားကျွမ်းကျင်သူများက ဗဟို
ဘဏ်၏ ဌာနတစ်ခုချင်းစီအလိုက် နည်းပညာ အကူ အညီပေးမှုများကိုလုပ်ဆောင်နေကြောင်း ၎င်းကပြောသည်။
Credit: Myanmar Time