ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း တိုက်ခန်းဈေးနှုန်းများ ကျဆင်းလျက် ရှိသော်လည်း တိုက်ခန်းဝယ်ယူမှုထက် ငှားရမ်းနေထိုင်မှု မြင့်တက်နေဆဲဖြစ်

ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း တိုက်ခန်းဈေးနှုန်းများ ကျဆင်းလျက် ရှိသော်လည်း တိုက်ခန်းဝယ်ယူမှုထက် ငှားရမ်းနေထိုင်မှု မြင့်တက်နေဆဲဖြစ် - Property News in Myanmar from iMyanmarHouse.com
19 Apr 2016 11:07 am တွင် တင်ခဲ့သည်
2055 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း တိုက်ခန်းဈေးနှုန်းများ ကျဆင်းလျက် ရှိသော်လည်း တိုက်ခန်းဝယ်ယူမှုများထက် ငှားရမ်းနေထိုင်မှု မြင့်တက်လျက်
ရှိနေဆဲ ဖြစ်ကြောင်းကို အိမ်ခြံမြေ ဈေးကွက်နှင့် အိမ်ခြံမြေ လုပ်ငန်းများမှ စုံစမ်းသိရသည်။

အိမ်ခြံမြေ ဈေးကွက်အတွင်း တိုက်ခန်းဈေးနှုန်းများ အနေဖြင့် ၂၀၁၄၊ ၂၀၁၅ ခုနှစ် တိုက်ခန်းဈေးနှုန်းများထက် ကျပ်သိန်း ၃၀ မှ စတင်၍ ဈေးနှုန်း ကျဆင်းလျက် ရှိနေသော်လည်း တိုက်ခန်းဝယ်ယူမှုများမှာ အနည်းငယ်သာ ရှိသေးကြောင်း တိုက်ခန်းဝယ်ရောင်း ပြုလုပ်သူများထံမှ သိရသည်။

“တိုက်ခန်းတွေက အ၀ယ်သိပ်မလိုက်ဘူး။ နောက်ပြီး အရင်က ကျပ်သိန်း ၁၅၀ လောက် တန်ဖိုးရှိတဲ့ တိုက်ခန်းဆိုရင် အခု သိန်း ၁၀၀ ကျော်ကျော်၊ သိန်း ၁၀၀ ၀န်းကျင်လောက်ပဲ ဈေးရှိတယ်။ နောက်ပြီး ၀ယ်သူထက် ရောင်းချင်တဲ့သူတွေက ပိုများနေတယ်။ တိုက်ခန်းအငှားကတော့ လတိုင်းရှိတယ်။ ကျပ်ရှစ်သောင်းကနေ နှစ်သိန်းကြား တိုက်ခန်းတွေက ပိုငှားကြတယ်။ တိုက်ခန်း အငှားသွက်တော့ တချို့တိုက်ခန်း ရောင်းတဲ့သူတွေဆိုရင် မရောင်းတော့ဘဲ အငှားပဲ တင်တော့တာတွေ ရှိတယ်” ဟု အိမ်ခြံမြေ ၀ယ်ရောင်းနှင့် အငှားလုပ်ကိုင်လျက်ရှိသူ ကိုဇင်မင်းက ဆိုသည်။

ရန်ကုန်မြို့အတွင်း ငှားရမ်းနေထိုင်မှု များပြားလျက်ရှိသည့် မြို့နယ်များမှာ ယုဇနဥယျာဉ်မြို့တော်၊ ရှုခင်းသာအိမ်ရာ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ မြောက်ဒဂုံ၊ တာမွေ၊ ကျောက်မြောင်း၊ လှည်းတန်း၊ လသာ၊ ဗိုလ်တထောင်၊ ပုဇွန်တောင် စသည့်မြို့နယ်များတွင် ငှားရမ်းမှု များလျက်ရှိပြီး ဈေးနှုန်းများ အနေဖြင့် ကျပ် ၈၀၀၀၀ မှ ကျပ် ၂၀၀၀၀၀ ကြား ဈေးနှုန်းရှိ တိုက်ခန်းများမှာ ပိုမို ငှားရမ်းမှု မြင့်တက်လျက်ရှိကြောင်း အိမ်ခြံမြေဈေးကွက် အတွင်းမှ စုံစမ်းသိရသည်။

ထို့အပြင် ကျပ်နှစ်သိန်းထက် တိုက်ခန်းများ အနေဖြင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူများနှင့် စပ်တူ ငှားရမ်းနေထိုင်လိုသူများ ငှားရမ်းမှု များပြားလျက်ရှိသည်။

“ဒီနှစ်တွေ အတွင်းမှာ စပ်တူငှားရမ်းတာတွေလည်း များလာတယ်။ ယုဇနဥယျာဉ်တို့၊ ရှုခင်းသာ အိမ်ရာတွေဆိုရင် အခန်းဖွဲ့တွေ ပါတဲ့အတွက်ကြောင့် ၀န်ထမ်း၊ ကျောင်းသားတွေနဲ့ ကလေးမရှိသေးတဲ့ အိမ်ထောင်သည်တွေစပ်ပြီး ငှားရမ်းတာတွေရှိတယ်။ တချို့ဆိုရင်လည်း သုံးသိန်း၊ လေးသိန်းတန် အခန်းငှားလိုက်ပြီး အချင်းချင်း နားလည်မှုနဲ့ တစ်ယောက်ကို ငါးသောင်း၊ ခြောက်သောင်းနှုန်းနဲ့ တစ်လတစ်ခါ ရှင်းတဲ့ပုံမျိုး အငှားချတာတွေလည်း ရှိတယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့အတွင်း အငှားဈေးကွက် ပိုမို တွင်ကျယ်လာခြင်းမှာ ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်သူ များပြားလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်အတွင်း တိုက်ခန်းနှင့် ခြံမြေဈေးနှုန်းများ အနေဖြင့် ဈေးနှုန်း ကျဆင်းသည်ဟု ဆိုသော်လည်း ၀န်ထမ်းများနှင့် သာမန် လူတန်းစားများ အနေဖြင့် တိုက်ခန်းဝယ်ယူရန်အတွက် လက်လှမ်းမမီနိုင်သေးခြင်း စသည်တို့ကြောင့် အငှားဈေးကွက် အနေဖြင့် တစ်နှစ်တစ်နှစ် ပိုမိုတွင် ကျယ်လာခြင်း ဖြစ်ကြောင်း အိမ်ခြံမြေ ၀ယ်ရောင်းလုပ်ငန်းများမှ သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service