ဘဏ်ပိတ်ရက် ရှည်လျားခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များနှင့် ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားများ ငွေလွှဲရန် အခက်ကြုံ

ဘဏ်ပိတ်ရက် ရှည်လျားခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များနှင့် ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားများ ငွေလွှဲရန် အခက်ကြုံ - Property News in Myanmar from iMyanmarHouse.com
18 Apr 2016 12:07 pm တွင် တင်ခဲ့သည်
1621 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်းရှိ အစိုးရဘဏ်များအပြင် ပုဂ္ဂလိကဘဏ်များပါ ပိတ်ရက်ရှည်လျားခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များနှင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ ငွေလွှဲရန် အခက်ကြုံလျက်ရှိကြောင်း သိရသည်။

နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကာလပြီးဆုံးလျှင် မိဘ၊ ဘိုးဘွားများအား ကန်တော့လေ့ရှိပြီး ထိုင်းနိုင်ငံအတွင်း သွားရောက်အလုပ်လုပ်ကိုင်နေကြသူများမှာလည်း အဝေးမှ ငွေကြေးနှင့်ကန်တော့ခြင်းများရှိကြရာ ဘဏ်ပိတ်ရက်များ ဆက်တိုက်ကြုံနေခြင်းကြောင့် ငွေလွှဲရန် အခက်ကြုံလျက်ရှိသည်ဟု ဆိုသည်။

"သင်္ကြန်အကြိုနေ့ မတိုင်ခင်ကတည်းက မိဘတွေဆီ ငွေလွှဲချင်ပေမယ့် လစာမထွက်သေးတာနဲ့ သင်္ကြန်လွန်မှ ပို့ဖို့လုပ်တော့ ဧပြီ ၂၀ ရက်အထိ ဘဏ်တွေ ပိတ်ထားတယ်ဆိုတော့ ဘဏ်ပိတ်ရက်တွေ အရမ်းများပါတယ်။ ဧပြီ ၂၂ ရက်က တန်ခူးလပြည့်နေ့၊ ၂၃ နဲ့ ၂၄ က စနေ၊ တနင်္ဂနွေဆိုတော့ အတော်ကို အခက်ကြုံပါတယ်"ဟု မဟာချိုင် စီဒီစက်ရုံတွင် အလုပ်လုပ်နေသည့် မြောက်ဦးမြို့နယ်မှ ကိုသန်းထွန်းက ပြောကြားသည်။

နှစ်သစ်ကူး သင်္ကြန်ပွဲတော် ကျော်လွန်သည်နှင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်း လုပ်ကိုင်သူများမှာ မြ၀တီနယ်စပ်မှ ကုန်ပစ္စည်းများ ၀ယ်ယူကုန်သွယ်ရာတွင် သင်္ကြန်ကာလ ဘဏ်ပိတ်ရက် ရှည်ကြာသောကြောင့် ကုန်သွယ်မှု လုပ်ငန်းများ နှောင့်နှေးလျက်ရှိသည်ဟု နယ်စပ်ကုန်သည်များက ဆိုသည်။

“အောက်ငွေတင်လာမှ ဒီမှာပေါက်ဈေးနဲ့ ဘတ်ငွေလဲပြီး ပစ္စည်းဝယ်၊ ပြီးတော့ ကားနဲ့ ပို့ပေးရတယ်။ ကုန်သွယ်မှု လျင်လျင်မြန်မြန် လည်ပတ်ဖို့အတွက် ငွေကြေးစီးဆင်းမှု အဆင်ပြေဖို့ လိုအပ်ပါတယ်။ အခုလို ဘဏ်တွေ ရက်ရှည်ပိတ်ထားတော့ ကုန်ပစ္စည်းဝယ်ယူ ပို့ဆောင်မှုလည်း နားနေရပါတယ်"ဟု မြ၀တီမြို့မှ ရန်ကုန်ဈေးကွက်သို့ ကုန်စည်ပို့ဆောင်သူတစ်ဦးက ပြောကြားသည်။

“ထိုင်းဘက်ကမ်းမှာရှိတဲ့ အလုပ်သမားတွေရဲ့ငွေတွေ သူတို့မိဘတွေရှိတဲ့ မြို့ကိုပို့ပေးဖို့ လက်ခံထားပေမယ့် အခုထိမပို့ရသေးဘူး။သည်းခံပေးကြပါလို့ တောင်းပန်ထားရပါတယ်။ တချို့အရေးကြီးတဲ့သူတွေဆို နယ်မှာရှိတဲ့ ငွေလွှဲဒိုင်တွေဆီမှာ ထုတ်ခိုင်းထားရတယ်"ဟုမြ၀တီမြို့မှ ငွေလွှဲငွေပို့ ပြုလုပ်နေသူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက် အလုပ်လုပ်နေသူ ကိုသန်းအေးက "ထိုင်းမှာဆိုရင် ဘဏ်တွေပိတ်ရင်တောင် ကုန်တိုက်တွေက ငွေလွှဲပို့လို့ရပါတယ်။ ငွေကြေးကြောင့် စီးပွားရေးနှောင့်နှေးမှုမဖြစ်စေပါဘူး။ အခုက ငွေကြေးဈေးကွက်၊ ကုန်စည်ဈေးကွက်တစ်ခု
လုံး ရပ်သွားပါတယ်"ဟု ပြောကြားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service