၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန်အထိ နိုင်ငံတကာ အဆင့်မီ စက်မှုလယ်ယာ ဧက ငါးသောင်းကျော် ဖော်ထုတ်နိုင်ခဲ့

၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန်အထိ နိုင်ငံတကာ အဆင့်မီ စက်မှုလယ်ယာ ဧက ငါးသောင်းကျော် ဖော်ထုတ်နိုင်ခဲ့ - Property News in Myanmar from iMyanmarHouse.com
18 Apr 2016 12:01 pm တွင် တင်ခဲ့သည်
969 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန်အထိ နိုင်ငံတကာ အဆင့်မီ အင်္ဂါရပ်များဖြင့် ပြီးပြည့်စုံသောစက်မှုလယ်ယာဧကငါးသောင်းကျော် ဖော်
ထုတ်နိုင်ခဲ့ပြီးယခင်ကာလထက် နှစ်ဆကျော် များပြားခဲ့ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (ယခု-စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန) ၏ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

စက်မှုလယ်ယာမြေစနစ် ဖော်ထုတ်ရာတွင် ယခင် တပ်မတော်အစိုးရလက်ထက်က ၂၄၆၃၂ ဧက ဖော်ထုတ်နိုင်ခဲ့သော်လည်း အများအားဖြင့် ကုန်ထုတ်လမ်း၊ ရေသွင်းမြောင်း၊ ရေနုတ်မြောင်းများ ပါဝင်ခြင်းမရှိဘဲ ထောင့်မှန်စတုဂံပုံ လယ်ကွက်များအဖြစ်သာ ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

စက်မှုလယ်ယာမြေ ဖော်ထုတ်နိုင်မှုမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၈၁၃၂ ဧက၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၉၃၇၇ ဧက၊ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်တွင် ၇၂၅၀ ဧက၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၁၀၅၉၇ ဧက၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၁၄၈၅၉ ဧက ရှိပြီး စုစုပေါင်း ၅၀၂၁၅ ဧက ဖြစ်သည်။

လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရာတွင် မဖြစ်မနေ ဆောင်ရွက်ကြရမည့် အခြေခံကျသော အချက်တစ်ချက်မှာ စက်ကိရိယာများ စက်စွမ်းအားပြည့် လုပ်ငန်းဆောင်ရွက်နိုင်မည့် စနစ်ကျသော ဧက ကွက်၊ ဟက်တာကွက်များ ဖော်ထုတ်ခြင်း လုပ်ငန်းဖြစ်ကြောင်း သိရသည်။

စက်မှုလယ်ယာစနစ်ကျ လယ်ကွက်ဖော်ထုတ်ရာတွင် ပြည်ထောင်စုရန်ပုံငွေ၊
တိုင်းဒေသကြီး/ပြည်နယ် ရန်ပုံငွေ၊ ဌာန၏ ရန်ပုံငွေဖြင့် ဖော်ထုတ်ဆောင်ရွက်ခဲ့သော ဧကများမှာ ၃၆၂၆၂ ဧကဖြစ်ပြီး ကျန် ၁၃၉၅၃ ဧကမှာ စိုက်ပျိုးရေးအထူးပြု ကုမ္ပဏီများမှ ဖော်ထုတ်ခြင်း၊ တောင်သူလယ်သမားများမှ ကုန်ကျစရိတ်ခံပြီး ဖော်ထုတ်ခြင်းနှင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ဂျပန် JICA ၏ အကူအညီဖြင့် ၃၄၆ ဧက၊ ကိုရီးယား KOICA ၏ အကူအညီဖြင့် ၃၄၄ ဒသမ ၅၃ ဧက၊ ဂျပန် JOIID ၏ အကူအညီဖြင့် ၁၀၃ ဧက ဖော်ထုတ်ခြင်းတို့ ပါဝင်ခဲ့သည်။

စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းမှုနည်းတူ ဦးသိန်းစိန်အစိုးရ ငါးနှစ်တာ ကာလအတွင်း တောင်သူများသို့ လယ်ယာသုံး စက်ကိရိယာများကို အရစ်ကျစနစ်ဖြင့် ထွန်စက်ကြီး ၃၈၁ စီး၊ လက်တွန်းထွန်စက် ၂၇၀၄၉ စီး၊ တမန်းလှေ ၃၄၂ စီး၊ စပါးခြွေလှေ့စက် ၁၆၀၅ လုံး ဖြန့်ဖြူးနိုင်ခဲ့သည်။

ထို့ပြင် ၀န်ကြီးဌာန၏ အငှားဝန်ဆောင်မှုစနစ်ဖြင့် မြေယာပြုပြင်ခြင်း ၁၈၁၀၄၇၉ ဧက၊ ရိတ်သိမ်းခြွေလှေ့ခြင်းအတွက် ၂၀၄၈၅ ဧက ဆောင်ရွက်နိုင်ခဲ့ပြီး စိုက်ပျိုးမြေ ရှားပါးခက်ခဲသော တောင်ပေါ် ဒေသများတွင် လှေကားထစ် လယ်ယာမြေဖော်ထုတ်ခြင်းကို ရှမ်းပြည်နယ် လားရှိုးမြို့၊ ကျိုင်းတုံ၊ တောင်ကြီးမြို့နှင့် ချင်းပြည်နယ် ဟားခါးမြို့တို့တွင် ကုန်းမြင့်စီမံကိန်းရုံး လေးရုံးဖွင့်လှစ်ပြီး ၂၆၀၇ ဧက ဖော်ထုတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service