စတော့ခ်ဈေးကွက်အတွင်းမှာ လတ်တလောရောင်းလိုအားများနေတယ်လို့ သိရပါတယ်။
‘အရောင်းများနေပါတယ် ၊ လက်ရှိပေါက်ဈေးကတော့ မနက် ၃၀,၀၀၀ နဲ့ ညနေ ၃၂,၀၀၀ ပါ’ လို့ ရန်ကုန်စတော့ခ်အိတ်ချိန်းမန်နေဂျာ ဦးသက်ထွန်းဦးက ပြောပါတယ်။
လက်တလောစတော့ခ်ဈေးကွက်မှာ ရှယ်ယာဈေးနှုန်းတွေက အတက်အကျကြမ်းနေပါတယ်။ တစ်ရက်အတွင်း ကျပ် ၅၀၀၀၀ ဝန်းကျင်အထိ အတက်အကျရှိနေပါတယ် ။
စတော့ခ်ရှယ်ယာဈေးနှုန်းတွေက ၃၀,၀၀၀ ပတ်ချာလည်မှာအရောင်းများနေတာ ဖြစ်ပါတယ်။ စတော့ခ်ဈေးကွက်ဈေးအတက်အကျကြမ်းမှုက ကနဦးမှာ စီးပွားရေးကို ထိခိုက်မှုမရှိပေမဲ့ အပြိုင်ပေါ်လာရင် အန္တရာယ်ရှိတဲ့ အနေအထားဖြစ်တယ်လို့ သိရပါတယ်။
‘ခုကဈေးကွက်က စစချင်းဖြစ်နေတယ် ၊ နောက်တစ်ခုတည်းရောင်းရတာဖြစ်နေတယ် ၊ ဝိုင်းဝယ်ရင်တော့ ဈေးတက်မှာပဲ ၊ ဟိုတစ်ရက်ကလို ၁၀,၀၀၀ တက် ၁၀,၀၀၀ကျဆိုတာကြီးက စခါစအချိန်ကြီးမှာ ကြောက်စရာကောင်းတယ်ပေါ့နော် ၊ သဘောက ဈေးအမြင့်ဆုံးတစ်ခုရောက်ရင် ပြန်ရောင်းကြတယ် ၊ ဒါကြောင့်ပါ’ လို့ စတော့ခ်ဈေးကွက်လေ့လာနေသူ Jack ကပြောတယ်။
စတော့ခ်ရှုယ်ယာဝယ်ယူသူတွေအနေနဲ့ တကယ်နားလည်မှသာ ဝင်ရောက်ကစားသင့်တယ်လို့ သိရပါတယ်။ စတော့ခ်မှာ ရင်းနှီးမြှုပ်နှံချင်ရင်တော့ သေချာလေ့လာမှအဆင်ပြေစေနိုင်မှာဖြစ်ပါတယ် ။ စတော့ခ်ကို ရေရှည်ရင်းနှီးမြှုပ်နှံမှုက အကျိုးအမြတ်များစေတယ်လို့ ဆိုပါတယ်။
ဂျက်က ‘ကျွန်တော်ကတော့ စတော့ခ်ကို Long ကို ပိုသဘောကျတယ် ၊ အခုဝယ်ပြီး အခုရောင်းလုပ်နေမယ့်အစား ရေရှည်ဆိုပိုကောင်းတယ် ၊ ကုမ္ပဏီတစ်ခုအောင်မြင်ဖို့က အချိန်တစ်ခုပေးရမယ်လေ ၊ ထိုက်သင့်တဲ့အချိန်မျိုးကျမှ ရောင်းမယ်ဆို ပိုကောင်းပါတယ်’ လို့ ပြောပါတယ်။
လက်ရှိစတော့ခ်ဈေးကွက်အတွင်းမှာ အက်ဖ်အမ်အိုင် ကုမ္ပဏီတစ်ခုသာရှိသေးပြီး ရှယ်ယာဈေးကို တစ်စုကျပ် ၂၆,၀၀၀ နဲ့ ဈေးစဖွင့်ခဲ့တာ ဖြစ်ပါတယ်။ ယနေ့ရှယ်ယာဈေးနှုန်းကတော့ တစ်စုကို မနက်မှာကျပ် ၃၀,၀၀ ၊ ညနေဘက်မှာ ကျပ် ၃၂,၀၀၀ နဲ့ဈေးပိတ်ခဲ့ပါတယ်။
Credit: THe Modern