မဟာဗျူဟာစီမံကိန်း ၂၀၄၀ မှာပါဝင်တဲ့ ခုနှစ်နေရာ ဖွံ့ဖြိုးမှ ဈေးကွက်လှုပ်ခတ်မည်

မဟာဗျူဟာစီမံကိန်း ၂၀၄၀ မှာပါဝင်တဲ့ ခုနှစ်နေရာ ဖွံ့ဖြိုးမှ ဈေးကွက်လှုပ်ခတ်မည် - Property News in Myanmar from iMyanmarHouse.com
11 Apr 2016 10:37 am တွင် တင်ခဲ့သည်
10603 ကြိမ် ကြည့်ရှု့ပြီး
ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ ပြင်ဆင်နေတဲ့အချိန်မှာ ရန်ကုန်မြို့ဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်းမှာပါဝင်တဲ့ နေရာခုနှစ်နေရာတွေမှာ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲမှုတချို့ရှိလာရင် ဆောက်လုပ်ရေးဈေးကွက်ရော ၊ မြေဈေးကွက်ပါ လှုပ်ရှားလာနိုင်မယ်လို့ သိရပါတယ်။

မဟာဗျူဟာစီမံကိန်း ၂၀၄၀ မှာပါဝင်တဲ့ မြို့ပြချဲ့ထွင်တာ ၊ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းတွေ ၊ စက်မှုလုပ်ငန်းတွေ တိုးချဲ့တာ ၊ မြို့လယ်စီးပွားရေးဇုန် ဖွံ့ဖြိုးရေးစီမံကိန်း ၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးစီမံကိန်း ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းတွေထဲက တချို့နေရာတွေ ဖွံ့ဖြိုးလာရင် ဆောက်လုပ်ရေးနဲ့ အိမ်ခြံမြေဈေးကွက် လှုပ်ခတ်မှုရှိလာမှာဖြစ်ပါတယ်။

ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျုဟာစီမံကိန်း ၂၀၄၀ ကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွှက်ရေးအေဂျင်စီ(ဂျိုက်ကာ) အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်တာပါ။ စီမံကိန်းထဲမှာ ဦးစားပေးတွေ အနေနဲ့ အစဉ်လိုက် သတ်မှတ်ထားတာဖြစ်ပါတယ်။ ရန်ကုန်အရှေ့ပိုင်း မြို့သစ် ၊ ရန်ကုန်အနောက်ပိုင်းမြို့သစ် ၊ သန်လျင်မြို့သစ် ၊ ဒလမြို့သစ် ၊ ထန်းတပင်မြို့သစ် ၊ မှောဘီမြို့သစ်နဲ့ လှည်းကူးမြို့သစ်တို့ဖြစ်ပါတယ်။

ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က ‘စီမံကိန်းက ၂၀၄၀ ဆိုပေမဲ့ ဒလနဲ့ရန်ကုန်မြို့ပြစီမံကိန်း နေရာတွေမှာ ဈေးကအမြင့်နဲ့ရှိနေတာပါပဲ။ နေရာခုနှစ်နေရာစလုံးက ဖွံ့ဖြိုးမှုရှိလာရင် အိမ်ခြံမြေဈေးကွက်ကတော့ အနည်းနဲ့အများလှုပ်ခတ်လာမှာပါပဲ’ လို့ ပြောပါတယ်။

ဈေးကွက်ပြန်လှုပ်ခတ်လာနိုင်တယ်ဆိုပေမဲ့ နေရာတွေက မြို့စွန်တွေဖြစ်တာကြောင့် အိမ်ခြံမြေရဲ့အောက်ခြေအဆင့်မှာရှိတဲ့ ဈေးကစားမှုတွေ ပြန်နိုးထလာမယ်လို့လည်း အကျိုးဆောင်တချို့က ပြောပါတယ်။ အဓိက ဖွံ့ဖြိုးလာတာနဲ့ ဆောက်လုပ်ရေးဈေးကွက်နေရာပိုယူလာနိုင်တယ်လို့’ သိရတယ်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးသီဟက ‘အခုလက်ရှိတောင် ဆောက်လုပ်ရေးဈေးကွက်က ပြန်လှုပ်ခတ်ဖို့ တာစူနေပါပြီ ၊ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရင် ပြည်ပဆောက်လုပ်ရေးတွေ ဝင်လာမယ် ၊ ဆောက်လုပ်ရေးဈေးကွက် ကောင်းတာနဲ့ မြေကလည်းဆက်စပ်နေတော့ လှုပ်ခတ်မှုတွေက ရှိလာမှာပါပဲ’ လို့ပြောပါတယ်။

ကျွမ်းကျင်သူတချို့ကတော့ မဟာဗျူဟာစီမံကိန်းက ၂၀၄၀ တားဂတ်ဖြစ်တာကြောင့် ဝေးနေပါသေးတယ်။ အစိုးရသစ် အပြောင်းအလဲရှိနေတာကြောင့် ပြောင်းလဲမှုတွေလည်းရှိလာနိုင်တယ် ။ အိမ်ခြံမြေဈေးက ရေရှည်မှာ လှုပ်ခတ်စရာအကြောင်းရင်းမရှိနိုင်သေးဘူးလို့ ခန့်မှန်းသုံးသပ်ကြပါတယ်။

တချို့ကတော့ အာဆီယံလမ်းမကြီးတွေလို အလားအလာရှိတဲ့ နေရာတွေနဲ့ ချိတ်ဆက်နေတဲ့ နေရာတွေက ပိုပြီးစီးပွားရေးဈေးကွက် ဖြစ်လာနိုင်တယ်လို့လည်း ပြောကြပါတယ်။ လက်ရှိအနေအထားအရ အိမ်ခြံမြေဈေးက သိပ်ကျစရာအကြောင်းမရှိသလို ချက်ချင်းကြီးလည်း ဈေးတက်သွားတာမျိုး အရမ်းဖွံ့ဖြိုးလာမယ်ဆိုတာမျိုး မှန်းထားလို့ မရသေးဘူးလို့ သိရပါတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service