အစိုးရ၏ ကူညီပံ့ပိုးမှုများကြောင့် တရုတ် Developer တို့ ၂၀၁၆ ပထမသုံးလပတ်အတွင်းအိမ်ခြံမြေရောင်းအား မြင့်တက်

အစိုးရ၏ ကူညီပံ့ပိုးမှုများကြောင့် တရုတ် Developer တို့ ၂၀၁၆ ပထမသုံးလပတ်အတွင်းအိမ်ခြံမြေရောင်းအား မြင့်တက် - Property News in Myanmar from iMyanmarHouse.com
11 Apr 2016 10:31 am တွင် တင်ခဲ့သည်
1015 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံတွင်အစိုးရကအိမ်ခြံမြေကဏ္ဍအပေါ် ထောက်မကူညီမှုများပေးခဲ့ခြင်းကြောင့်ယခုနှစ်၏ပထမသုံးလပတ်ကာလအတွင်းအိမ်ခြံမြေdeveloperတို့ ရောင်းအားထိုးတက်ခဲ့ကြကြောင်းဟောင်ကောင်အခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

Evergrandeအိမ်ခြံမြေ developer က ပြောကြားရာတွင် ယခုနှစ်ပထမ ၃ လအတွင်းရောင်းအား ၁၁၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ရာတန်ဖိုးအားဖြင့် ယွမ်ငွေ ၆၅ ဒသမ ၇ ဘီလီယံဖိုးဖြစ်ကြောင်းပြောကြားသည်။

ရှင်းစန်မြို့ အခြေစိုက် Logan Property နှင့် Fantasia Holdings ၊ ရှန်ဟိုင်းအခြေစိုက် Future Land Development အစရှိသောdeveloperတို့သည်လည်း ပြီးခဲ့သည့် မတ်လအတွင်းရောင်းအားပြန်လည်ကောင်းမွန်ခဲ့သည်။

“ပထမတန်းနဲ့ ဒုတိယတန်းစားမြို့ ကြီးတွေမှာရောင်းအားအရှိန်မြင့်တက်ခဲ့ပါတယ်”ဟုFuture Land မှ အမှုဆောင်ဒါရိုက်တာကင်နီချန်းကပြောကြားသည်။
အဆိုပါကုမ္ပဏီသည် ၂၀၁၆ ပထမသုံးလပတ်အတွင်းရောင်းအား ၁၅၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီးယွမ်ငွေ ၁၁ ဒသမ ၄ ဘီလီယံဖိုးရောင်းချခဲ့ရသည်။

မတ်လအတွင်းရောင်းချရမှုမှာယွမ်ငွေ ၅ ဒသမ ၁ ဘီလီယံဖိုးအထိစံချိန်တင်ရောင်းချခဲ့ရသည်။တရုတ်ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့သည် အခွန်ကောက်ယူမှုလျော့ချ၊ ရပ်တန့်ခြင်းများ၊ နေအိမ်ဝယ်ယူနိုင်ရန် ကူညီပံ့ပိုးခြင်းများ ပြုလုပ်ခဲ့သည်။
တရုတ်နိုင်ငံအတွင်းရှိမရောင်းရဘဲအိပ်နေသောအိမ်ခန်းများအရောင်းထွက်စေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုဆိုသည်။

တရုတ်နိုင်ငံရှိ မြို့ ကြီးပေါင်း ၁၀၀ ကျော်ရှိနေအိမ်သစ်များ၏ ဈေးနှုန်းများမှာယခင်နှစ် မတ်လနှင့် နှိုင်းယှဉ်လျှင် ၇ ဒသမ ၄၁ ရာခိုင်နှုန်းခန့် မြင့်တက်သွားသည်။
ရှင်းစန်မြို့ တွင် အိမ်ခြံမြေဈေးနှုန်း ၅၇ ရာခိုင်နှုန်းမြင့်တက်သွားပြီးရှန်ဟိုင်းတွင်မူ ၂၀ ရာခိုင်နှုန်း မြင့်တက်သွားသည်။

ဟီနန်ပြည်နယ်အခြေစိုက် Central China Real Estateဟူသော developer က ထုတ်ပြန်ရာတွင် လွန်ခဲ့သောနှစ်နှင့် နှိုင်းယှဉ်လျှင် ၂၀၁၆ ပထမသုံးလပတ်ကာလအတွင်းရောင်းအား ၄၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီးယွမ်ငွေ ၁ ဒသမ ၆ ဘီလီယံဖိုးရောင်းချခဲ့ရသည်ဟုဆိုသည်။
ယခုတစ်နှစ်တာလုံးအတွက် ယွမ်ငွေ ၁၈ ဘီလီယံဖိုးအထိရောင်းချရမည်ဟုCentral China Real Estate က မျှော်မှန်းထားသည်။
.
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service