သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့် ပါမစ်ရဖို့ ကြိုးစားနေ

သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့် ပါမစ်ရဖို့ ကြိုးစားနေ - Property News in Myanmar from iMyanmarHouse.com
11 Apr 2016 10:23 am တွင် တင်ခဲ့သည်
851 ကြိမ် ကြည့်ရှု့ပြီး
သင်္ကြန်ကာလနီးကပ်လာပြီဖြစ်ပေမဲ့ မဏ္ဍပ်ဆောက်လုပ်ခွင့် ပါမစ်တွေမရသေးတာကြောင့် မဏ္ဍပ်စီစဉ်သူတွေ ဆက်လက်ကြိုးစားမယ်လို့ သိရပါတယ်။

၂၀၁၆ ခုနှစ်သင်္ကြန်ကာလမှာ စီးပွားဖြစ်မဏ္ဍပ်တွေ ဆောက်လုပ်ခွင့်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တားမြစ်ချက်ထုတ်ပြန်ခဲ့ပါတယ်။ အယ်နီညိုရာသီဥတုဒဏ်ကို ကာကွယ်ဖို့နဲ့ ရေရှားပါးမှုကို ထိန်းချုက်လျော့ချဖို့ ပိတ်ပင်ခဲ့တာလို့ လူမှုကွန်ရက်စာမျက်နှာတွေက တစ်ဆင့်သိရပါတယ်။

စီးပွားဖြစ်မဏ္ဍပ်တွေကို ဆောက်လုပ်ခွင့်ပိတ်ပင်ခဲ့ပေမဲ့ မိသားစုမဏ္ဍပ်တွေကိုတာ့ ပြည်လမ်းမပေါ်မှာ ဆောက်လုပ်ခွင့်ပေးထားတယ်လို့ သိရပါတယ်။ ပြည်လမ်းမပေါ်က အိမ်ရှင်တွေနဲ့ မဏ္ဍပ်စီစဉ်သူတွေညှိနှိုင်းပြီး မိသားစုမဏ္ဍပ်အဖြစ် ပြောင်းလဲဆောက်လုပ်ဖို့စီစဉ်နေကြတယ်လို့လည်း သိရပါတယ်။

‘အိမ်ရှင်တွေဆီက ခွင့်ပြုချက်ရရင်တောင် ပါမစ်ကိစ္စက ထပ်စီစဉ်ရဦးမယ် ၊ အချိန်အရမ်းကပ်နေတော့ အဆင်မပြေဘူး’ လို့ Overdose မဏ္ဍပ်စီစဉ်သူတွေထဲက တစ်ဦးဖြစ်သူ ကိုရဲသူက ပြောပါတယ်။

မဏ္ဍပ်စီစဉ်သူတွေက လိုအပ်တဲ့အသံစနစ်တွေ ၊ လုံခြုံရေးတွေကို စီစဉ်ပြီးဖြစ်တဲ့အတွက် ပါမစ်ရဖို့ ဆက်ကြိုးစားညှိနှိုင်းမှာဖြစ်ပြီး မဏ္ဍပ်လက်မှတ်တွေကိုလည်း ရောင်းချပြီးဖြစ်တယ်လို့ သူကပြောပါတယ်။

အဓိကပိတ်ပင်ခဲ့တာကတော့ ကမ္ဘာအေးဘုရားလမ်းက မဏ္ဍပ်ဆောက်လုပ်ခွင့်တွေကို ပိတ်ပင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြည်လမ်းမပေါ်က အိမ်ရှင်တချို့နဲ့ညှိနှိုင်းမှုတွေကိုလည်း မဏ္ဍပ်စီစဉ်သူတွေ အပြိုင်လုပ်နေကြရတယ်လို့ ဆိုပါတယ်။ မဏ္ဍပ်စီစဉ်သူတွေအိမ်ရှင်တွေနဲ့ ညှိနှိုင်းတဲ့အခါမှာ လေလံသဘောမျိုးဈေးအပြိုင်အဆိုင်ပေးနေကြတယ်လို့ သိရပါတယ်။

အချို့နေရာကောင်းတဲ့အိမ်တွေနဲ့ အိမ်အကျယ်အဝန်းရှိတဲ့အိမ်တွေဆိုရင် နေရာငှားခ ကျပ်သိန်း ၁၀၀၀ ကျော်အထိတောင်းကြတယ်လို့ သိရပါတယ်။အနည်းဆုံးဈေးက ကျပ်သိန်း ၅၀၀ ၊ ၆၀၀ ခန့်ရှိပါတယ်။

‘တချို့အိမ်တွေကလဲ ကျွန်တော်တို့အဆင်မပြေတာကို တောင်းယူကြတယ်၊ သူတို့တောင်းတဲ့ဈေးကျွန်တော်တို့ ဘယ်လိုမှပေးနိုင်မှာမဟုတ်ဘူး’လို့ မဏ္ဍပ်စီစဉ်သူတစ်ဦးက ဆိုပါတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service