ကန်ထရိုက်တိုက်ခန်းဥပဒေ ယခုနှစ်အတွင်း အတည်ပြုနိုင်ရေး ဆောင်ရွက်နေဟုဆို

ကန်ထရိုက်တိုက်ခန်းဥပဒေ ယခုနှစ်အတွင်း အတည်ပြုနိုင်ရေး ဆောင်ရွက်နေဟုဆို - Property News in Myanmar from iMyanmarHouse.com
8 Apr 2016 10:56 am တွင် တင်ခဲ့သည်
2848 ကြိမ် ကြည့်ရှု့ပြီး
စုပေါင်းပိုင်အဆောက် အအုံဆိုင်ရာဥပဒေ (Condo Law)ကဲ့သို့ အထပ်မြင့် လူနေကန်ထရိုက်လုပ်ငန်းဥပဒေ(Apartment Law)ကို ယခုနှစ်အတွင်း လွှတ် တော်က အတည်ပြုနိုင်ရန် ရေးဆွဲ နေပြီဖြစ်ကြောင်း သတင်းရရှိ သည်။

ယခုဥပဒေသည် တိုက်ခန်းဝယ်ယူနေထိုင်သူများအတွက် အချိန်မီလိုအပ်နေသဖြင့် ကွန်ဒိုဥပဒေကဲ့သို့ လွှတ်တော်တွင်း ကြန့်ကြာမှုမရှိစေရန် အမြန်ဆုံးရေးဆွဲရမည်ဖြစ်ကြောင်း ပထမအကြိမ် လွှတ်တော်သက်တမ်းအ တွင်း ရေးဆွဲရာ၌ ပါဝင်သည့်လွှတ် တော်ကိုယ်စားလှယ်ဟောင်း ဇေ ကမ္ဘာ ဦးခင်ရွှေက ပြောကြား သည်။

‘‘ရန်ကုန်မှာ ကန်ထရိုက် တိုက်တွေက အရမ်းများတယ်။ ဒီနေ့အထိ ဒီတိုက်တွေရဲ့ပိုင်ဆိုင်မှု က မြေရှင်တွေရဲ့လက်ထဲမှာပဲ ရှိ နေတဲ့အတွက် အားလုံးပိုင်ဆိုင်ပြီး အကျိုးခံစားခွင့်ရှိမယ့် ဒီ Apart-ment Law ကို ရေးဆွဲနေတာဖြစ် ပါတယ်’’ဟု ဥပဒေရေးဆွဲရာတွင် ပါဝင်သည့် ပညာရှင်တစ်ဦးက ပြောသည်။

ယခုဥပဒေသည် ရန်ကုန်မြို့ကဲ့သို့ လူနေထူထပ်ပြီး ကန်ထရိုက်တိုက်ခန်းနေသူများအတွက် လိုအပ်သဖြင့် အချိန်မီပြဋ္ဌာန်းသင့် သည်ဟု ဆိုသည်။

ယခုဥပဒေတွင် မြေယာပိုင် ဆိုင်မှု၊ ပြုပြင်ထိန်းသိမ်းမှုနှင့် ဆောက်လုပ်ရာ၌ အာမခံချက်များရှိစေရန် ရေရှည်အသုံးပြု နေ ထိုင်သူများအတွက် သတ်မှတ် ချက်အသစ်များ ထည့်သွင်းရေးဆွဲထားကြောင်း ရေးဆွဲသူများထံမှ သိရသည်။

ရန်ကုန်ရှိ လူနေတိုက်ခန်းအ ဆောက်အအုံအများစုတွင် ပေ ကျဉ်းခြင်း၊ ရပ်ကွက်များအတွင်း ဖြစ်သလို တည်ဆောက်နေခြင်း၊ လေဝင်လေထွက်ပေါက် မပါခြင်း၊ပြတင်းပေါက်စနစ်များ စနစ်ကျန မှု နည်းပါးခြင်းတို့ကြောင့် လူနေတိုက်ခန်းများ၏အရည်အသွေး မှာ လွန်စွာ ညံ့ဖျင်းကြောင်း မြို့ပြစီမံကိန်း ပညာရှင် ဒေါက်တာ ကျော်လတ်က ပြောသည်။

ယခုရေးဆွဲနေသည့်ဥပဒေ တွင် မြေရှင်၊ ကန်ထရိုက်တာနှင့် အခန်းဝယ်ယူသူများအကြားအ ပြန်အလှန်အကျိုးရှိစေနိုင်သည့် ဥပဒေဖြစ်ရန် လိုအပ်ပြီး နိုင်ငံခြား သားများထံ ရောင်းချနိုင်ခွင့် ရှိ၊ မရှိကိုလည်း ရေးဆွဲပြဋ္ဌာန်းသင့် ကြောင်း ဆောက်လုပ်ရေးလုပ် ငန်းရှင်အချို့က အကြံပြုသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service