ဧရာဝတီတိုင်း ဒေသကြီး ငရုတ်ကောင်းမြို့နှင့် ဂေါ်ရန်ဂျီကျွန်း တစ်ဝိုက်တွင် ဟိုတယ်များ တည်ဆောက်ရန် မြေနေရာ ၀ယ်ယူမှုများရှိနေ

ဧရာဝတီတိုင်း ဒေသကြီး ငရုတ်ကောင်းမြို့နှင့် ဂေါ်ရန်ဂျီကျွန်း တစ်ဝိုက်တွင် ဟိုတယ်များ တည်ဆောက်ရန် မြေနေရာ ၀ယ်ယူမှုများရှိနေ - Property News in Myanmar from iMyanmarHouse.com
8 Apr 2016 10:13 am တွင် တင်ခဲ့သည်
3965 ကြိမ် ကြည့်ရှု့ပြီး
ဧရာဝတီတိုင်းဒေသကြီး ငရုတ်ကောင်းမြို့နှင့် ဂေါ်ရန်ဂျီကျွန်းတစ်ဝိုက်တွင် ဟိုတယ်များ တည်ဆောက်လိုခြင်းကြောင့် မြေနေရာများ ၀ယ်ယူမှုများရှိနေပြီး မြေဈေး မြင့်တက်နေကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။

ယခုရက်ပိုင်းအတွင်း လူသိများလာသော ဂေါ်ရန်ဂျီကျွန်းသို့ လာရောက်လည်ပတ်သည့် ခရီးသွားများ များလာသောကြောင့် ယခုကဲ့သို့ မြင့်တက်လာရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“ကျွန်တော် ဒီငရုတ်ကောင်းမြို့က ဒရယ်ကျွန်းမှာ ဟိုတယ်ဆောက်ဖို့ တစ်လပိုင်းလောက်က ခုနစ်ဧကကျော် ၀ယ်ထားတယ်။ ဒီငရုတ်ကောင်းမြို့က Express တွေ ဆိုက်တယ်လေ။ နောက် ဂေါ်ရန်ဂျီကိုသွားရင် ဒီကတစ်ဆင့်သွားရတော့ ဒီမှာ ဟိုတယ်ဆောက်ဖို့ ၀ယ်လိုက်တာပါ။ ပြင်ဆင်မှုတွေကတော့ အများကြီး ပြင်ဆင်ရဦးမယ်”ဟု မဟာထရိတ် ကုမ္ပဏီဒါရိုက်တာ ကိုသာလွန်ဒွေးက ပြောကြားသည်။

ငရုတ်ကောင်းမြို့တွင် ပေ ၄၀-၆၀ မြေ တစ်ကွက်လျှင် သိန်း ၁၈၀ နှင့် ၂၀၀ ရှိပြီး တစ်ဧကကို ပုံစံ ၁၀၅ ထွက်အပြီး သိန်း ၁၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။ ယင်းအပြင် ဂေါ်ရန်ဂျီကျွန်းသို့ သွားရာလမ်းရှိ ကျွန်းများတွင် ကျွန်းလုံးပြည့် ၀ယ်ယူမှုများလည်း ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီမှာကတော့ အကျိုးဆောင်တွေ ဘာတွေမရှိဘူး။ ၀ယ်ချင်သူတွေက ပိုင်ရှင် ရွာသားတွေကို လိုက်ရှာပြီး ၀ယ်တာပဲ။ ဒီကမြေတွေက ရွာသားတွေ ပိုင်တာလေ။ ဒီလို ဟိုတယ်တွေ ဘာတွေ လာဆောက်မယ်ဆိုတော့ ကျွန်တော်တို့ နေရာလေး ဘာပဲပြောပြော စည်ကားသွားတာပေါ့ဗျာ”ဟု ငရုတ်ကောင်းမြို့ခံ ကိုလွှမ်းမျိုးအောင်က ဆိုသည်။

ဂေါ်ရန်ဂျီကျွန်းသို့ သွားရောက် လည်ပတ်လိုသူများအနေဖြင့် ဂေါ်ရန်ဂျီကျွန်းတွင် တည်းခိုရန် တည်းခိုခန်းတစ်ခုသာရှိပြီး ငရုတ်ကောင်းမြို့ပေါ်တွင်မူ တည်းခိုစရာ တည်းခိုခန်းနှစ်ခုသာ ရှိသောကြောင့် လာရောက် လည်ပတ်သည့် ခရီးသွားများ နေထိုင်ရန် အခက်အခဲများ ကြုံတွေ့ရကြောင်းလည်း သိရသည်။

“ကျွန်တော်တို့ ဒီမှာဟိုတယ်တွေ ဘာတွေဆောက်ရင် ဒီဒေသ ဖွံ့ဖြိုးတိုးတက်လာနိုင်တယ်။ နောက် ဒီကိုလာလည်တဲ့ ဧည့်သည်တွေအနေနဲ့လည်း အဆင်ပြေစွာ တည်းခိုနိုင်တာပေါ့”ဟု ကိုသာလွန်ဒွေးက ဆက်လက်ပြောကြားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service