နိုင်ငံတစ်ဝန်းတွင် တန်ဖိုးနည်းနှင့် အငှားအိမ်ရာများ တည်ဆောက်သွားမည်

နိုင်ငံတစ်ဝန်းတွင် တန်ဖိုးနည်းနှင့် အငှားအိမ်ရာများ တည်ဆောက်သွားမည် - Property News in Myanmar from iMyanmarHouse.com
7 Apr 2016 12:13 pm တွင် တင်ခဲ့သည်
4348 ကြိမ် ကြည့်ရှု့ပြီး
အစိုးရသစ်လက်ထက်တွင် အများပြည်သူများ လက်လှမ်းမီနိုင်သည့်အိမ်ရာယူနစ်များတည်ဆောက်ရန်
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က ညွှန်ကြား လာသည့်အတွက် နိုင်ငံတစ်ဝန်းတွင် တန်ဖိုးနည်းနှင့် အငှားအိမ်ရာအများအပြား ဆောက် လုပ်သွားမည်ဖြစ်သည်ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။

"၀န်ကြီးကလည်း ပြည်သူတွေ လက်လှမ်းမီ နိုင်တဲ့ အိမ်ရာယူနစ်တွေ ဆောင်ရွက်ပါလို့ လမ်းညွှန်
ချက်ပေးထားတယ်။ အငှား အိမ်ရာကော၊ အပိုင်အိမ်ရာဖြစ်တဲ့ အိမ်ရာ တွေကော နှစ်မျိုးစလုံးကို
လုပ်ဆောင်သွား မယ်။ အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုကိုပဲ အခြေခံ ပြီး လုပ်ရမှာပါ"ဟု ၎င်းက ပြောသည်။

ကုန်လွန်ခဲ့သည့်ငါးနှစ်တာကာလအတွင်း ဆောက်လုပ်ခဲ့သည့် အိမ်ရာစီမံကိန်းများ၊ တန်ဖိုးနည်း၊
တန်ဖိုးမျှတနှင့် အငှားအိမ်ရာ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံခဲ့ရသည့်အခက်အခဲများ၊ ကောင်းကျိုး၊ဆိုးကျိုးများကိုတင်ပြရန်
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက
ညွှန်ကြားထားသည်ဟု သိရသည်။

ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ တွက်ချက် ခန့်မှန်းထားမှုများအရ ရန်ကုန်တိုင်းဒေသကြီး
အတွင်း၌နှစ်စဉ်တိုက်ခန်းလိုအပ်ချက် တစ်သိန်းခန့်အထိ ရှိနေပြီး တန်ဖိုးကြီး အိမ်ရာ များထက်တန်ဖိုးနည်းနှင့် အငှားအိမ်ရာများကိုအများအပြား ဆောက်လုပ်နိုင်မှသာ နိုင်ငံ ၀န်ထမ်းများ၊လခနည်းဝန်ထမ်းများနှင့် အခြေခံ ပြည်သူလူထု၏အိမ်ရာလိုအပ်ချက်များကိုအမှန်တကယ်ဖြည့်ဆည်းဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု ဦးမင်းထိန်က ပြောသည်။

"အစိုးရသစ်ကလည်း ပြည်သူတွေ လိုအပ် နေတဲ့ အိမ်ရာတွေကိုအကောင်းဆုံးဖြစ်အောင် တော့ ဖြည့်ဆည်း ဆောင်ရွက်သွားမှာပဲလေ၊ မူလရည်ရွယ်ချက်ဖြစ်တဲ့
အိမ်ခန်းပေါင်း တစ်သန်းကိုလည်း ဆက်ပြီးလုပ်သွားမယ်၊ နိုင်ငံတော်ဘတ်ဂျက်ကို မသုံးပါဘူး။
ချမှတ် ပေးထားတဲ့ လည်ပတ်ရန်ပုံငွေနဲ့ပဲ အိမ်ရာတွေ ကို ဖော်ထုတ်နေတာပါ။ ငါးနှစ်တာအတွင်း ဆောင်ရွက်ခဲ့ရတဲ့ ကောင်းကျိုးဆိုးကျိုးတွေကို တင်ပြဖို့ ၀န်ကြီးက ညွှန်ကြား
ထားပါတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။

အများပြည်သူအိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်ဟူသည့် ရည်ရွယ်ချက် ဖြင့် ၂၀၁၁ ခုနှစ်မှ
၂၀၃၁ ခုနှစ်အတွင်း မြန်မာ နိုင်ငံ အနှံ့အပြားရှိ လူဦးရေထူထပ်များပြားနိုင် သည့် မြို့ကြီး ၈၁ မြို့နယ်တွင်
အိမ်ရာတိုက်ခန်း ပေါင်း တစ်သန်းအထိ တည်ဆောက်ရန် ပြီးခဲ့ သည့်အစိုးရလက်ထက်တွင်
လျာထားခဲ့ပြီး၊ အစိုးရသစ်လက်ထက်တွင် အဆိုပါမူလ လျာထားချက်အတိုင်း ဆက်လက်လုပ်ဆောင်
သွားရန် ရည်ရွယ်ထားသည်ဟု သိရသည်။

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန သည် ၂၀၁၀ ပြည့်နှစ်မှ
၂၀၁၅ ခုနှစ်ဘဏ္ဍာနှစ် အထိတန်ဖိုးနည်း၊ တန်ဖိုးမျှတ၊ တန်ဖိုးသင့်နှင့် အငှားအိမ်ရာများ အပါအ၀င်
အိမ်ရာယူနစ်ပေါင်း ၅၀,၀၀၀ ကျော်ကို ဖြည့်ဆည်း တည်ဆောက်ပေးခဲ့ပြီးဖြစ်သော်လည်း လိုအပ်ချက်
များစွာရှိနေဆဲ ဖြစ်သည်ဟု အဆိုပါဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းအောင်အေးကပြောသည်။

Credit: Myanmar Time

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service