ဆောက်လုပ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာရန် လုပ်ငန်းရှင်များ မျှော်လင့်နေ

ဆောက်လုပ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာရန် လုပ်ငန်းရှင်များ မျှော်လင့်နေ - Property News in Myanmar from iMyanmarHouse.com
7 Apr 2016 11:54 am တွင် တင်ခဲ့သည်
1125 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးကဏ္ဍသည် ပြီးခဲ့သည့်ငါးနှစ် တာကာလအတွင်း အထပ်မြင့်အဆောက်
အအုံများ၊ ခုံးကျော်တံတားများ၊ ဇိမ်ခံကွန်ဒို မီနီယံကြီးများနှင့် လမ်းတံတားစီမံကိန်းများ ဖြင့်
ကောင်းမွန်စွာ လုပ်ငန်းလည်ပတ်ခဲ့သည်။

ကွန်ဒိုမီနီယံများနှင့် ဘက်စုံသုံး လူနေရပ်ဝန်း အိမ်ရာ စီမံကိန်းများ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ
ဝင်ရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်း များအရ ၂၀၁၄-၁၅
ဘဏ္ဍာနှစ်တွင် အိမ်ခြံ မြေကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိ ကန်ဒေါ်လာ သန်း ၇၈၀
ကျော်ခန့် ရှိသည်။ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ကြောင့် လုပ်ငန်းလည်ပတ်မှုကောင်းမွန်ခဲ့ သော်လည်း ဆောက်လုပ်ရေးလုပ်ငန်းဈေး ကွက်မှာ ၂၀၁၅ ခုနှစ်အစပိုင်းလောက်မှ စတင်၍ သိသိသာသာကျဆင်းလာခဲ့သည်။ ဆောက်လုပ်ဆဲ အထပ်မြင့်
အဆောက်အအုံများ၊ ရုံးခန်း တာဝါ တည်ဆောက်မှုများနှင့် လူနေကွန်ဒို မီနီယံများ တည်ဆောက် မှုများ၏ အခန်းကြိုတင် ရောင်းချမှုများ၊ ငှားရမ်းနိုင်မှုများမှာ အစိုးရ အပြောင်းအလဲကာလအတွင်း သိသာစွာလျော့ ကျခဲ့သည်ဟု အိမ်ခြံမြေဈေးကွက်လေ့လာ သုံးသပ်သူများက ပြောသည်။

အစိုးရသစ် လက်ထက်တွင် ဆောက်လုပ်ရေးနှင့် အိမ်ခြံ မြေကဏ္ဍများတွင် လုပ်ငန်းလည်ပတ်မှုနှင့် ဈေးကွက်ပြန်လည်ကောင်းမွန်လာမည်ဟု လည်း ၎င်းတို့က
မျှော်လင့်ထားကြသည်။ မြန်မာနိုင်ငံသည် သံယဇာတနှင့် လူ့စွမ်းအား အရင်းအမြစ်
ပေါကြွယ်ဝပြီး ပထ၀ီအနေ အထားအရလည်း အချက်အချာကျသည့် နေရာတွင်ရှိနေ
သည့်အတွက် အစိုးရသစ် အနေဖြင့် နိုင်ငံတကာ၏ စိတ်ဝင်စားမှုကို အကျိုးရှိရှိအသုံး
ချနိုင်မည်ဟု မျှော်လင့်ထား သည်ဟု Golden City အဆင့်မြင့်ကွန်ဒို မီနီယံစီမံကိန်းရင်းနှီးမြှုပ်နှံသူ စင်ကာပူနိုင်ငံမှ Uni Global Power ၏ ဒါရိုက်တာ ဒပ်ဖနီတေ ရိုက ပြောသည်။

"ခုနကပြောခဲ့သလို မြန်မာနိုင်ငံမှာရှိနေ တဲ့ အခွင့်အရေးတွေဆိုတာ အမြဲတမ်းရနေမှာတော့
မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအစိုးရသစ်က နိုင်ငံရဲ့စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုပိုင်းကို အလားအလာ
ပိုကောင်းအောင်လို့ မူဝါဒ ကောင်းကောင်းတွေနဲ့ အမြော်အမြင်ရှိရှိ လုပ် ဆောင်ပေးလိမ့်မယ်လို့
ကျွန်မတို့အနေနဲ့ မျှော်လင့်ပါတယ်"ဟု ၎င်းက ပြောသည်။

နိုင်ငံတကာ အတွေ့အကြုံများအရ မြန်မာ နိုင်ငံ၏ နိုင်ငံခြားနှင့်ပြည်တွင်း အကျိုးတူပူးပေါင်းဆောင်ရွက်
မှုများသည် ကောင်းမွန် သည့်လမ်းကြောင်းပေါ်တွင် ရှိနေပြီး ယခု ထက်ပိုမိုချောမွေ့သည့် ပြည်တွင်း
ပြည်ပ ဆက်ဆံရေးများ ဖြစ်လာဖို့အတွက် အစိုးရ သစ်အနေဖြင့် နိုင်ငံတကာနှင့်ဆက်ဆံမှုများတွင် ကျယ်ပြန့်လာအောင်ဆောင်ရွက်သွား မည်ဟု မျှော်လင့်မိကြောင်းလည်း ဒပ်ဖနီက ပြောသည်။ "ဆောက်လုပ်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီး တော့ အစိုးရသစ်ကိုတော့ အများကြီးမျှော် လင့်နေ
ပါတယ်။ အရင်အစိုးရလက်ထက်မှာ ကျွန်တော်တို့ အကောင်အထည်မဖော်နိုင်တဲ့ စီမံကိန်းတွေ
အများကြီးရှိခဲ့ပါတယ်။ အဲဒါတွေကို လာမယ့်အစိုးရကိုမျှော်လင့်ပြီး အစိုးရ သစ်အဖွဲ့ အတည်
အကျဖြစ်တဲ့အချိန်ကျရင် အကောင်ဖော်နိုင်အောင် လုပ်ဆောင်ဖို့ ကြိုးစားသွားပါမယ်"ဟု First
Golden Dragon ကုမ္ပဏီမှ ဦးစိုင်းလမင်းက ပြောသည်။ ဆောက်လုပ်ရေးစီမံကိန်းအများစုသည်
အစိုးရအဖွဲ့နှင့် ပူးပေါင်းကာ ဆောင်ရွက်ပါက ပိုမိုအောင်မြင်နိုင်သည့် အနေအထားဖြစ်သည့်
အတွက် အစိုးရသစ်အနေဖြင့် ၎င်းတို့ အုပ်ချုပ်မည့် ကာလအတွင်းတွင် လုပ်ငန်းရှင် များနှင့်
ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည် ဟုလည်း ၎င်းက ပြောသည်။ "အစိုးရသစ်လက်ထက်
မှာတော့ ဆောက် လုပ်ရေးလုပ်ငန်းတွေ ပိုပြီးပြောင်းလဲလာမှာပါ။ ဘယ်လိုပုံစံမျိုးတွေနဲ့
ပြောင်းလဲလာမယ် ဆိုတာကတော့ စီမံကိန်းတော်တော်များများက အစိုးရနဲ့ပူးပေါင်းပြီးဆောင်ရွက်မှ
အောင်မြင်နိုင်တဲ့အနေအထားတွေ ရှိတဲ့အတွက် အစိုးရ ကလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းမယ်လို့
မျှော်လင့်လို့ပါ"ဟု ဦးစိုင်းလမင်းက ပြောသည်။

နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံ ၏ ဆောက်လုပ်ရေးနှင့် အခြေခံအဆောက် အအုံကဏ္ဍ
များသည် များစွာ ဖွံ့ဖြိုးမှုနောက် ကျခဲ့ပြီး၊ ယခင်ထက်သာလွန်သည့် ဖွံ့ဖြိုး တိုးတက်မှုကိုရရှိရန်
ဆောက်လုပ်ရေးလုပ်ငန်းရှင်များက အစိုးရသစ်ကို မျှော်လင့်နေခြင်း ဖြစ်သည်။ အစိုးရသစ်
အနေဖြင့် ခိုင်မာ သည့်မူဝါဒများဖြင့် စီမံခန့်ခွဲအုပ်ချုပ်ပါက နိုင်ငံတကာ၏အကူအညီများ၊
ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိနိုင်ပြီး စီးပွားရေးကဏ္ဍအသီးသီးတွင် အကျိုးတူပူးပေါင်းရင်းနှီးမြှုပ်နှံ
လုပ်ကိုင် မှုများဖြင့် ပိုမိုတိုးတက်နိုင်ကြောင်း ဒုတိယ စီးပွားရေးမြို့တော်စီမံကိန်းကို အကောင်
အထည်ဖော်ခွင့်ရရှိထားသည့် င်္ First Myanmar Construction ကုမ္ပဏီဥက္ကဋ္ဌ ဦးစုန်ဟန်က
ပြောသည်။

"အခုအစိုးရသစ် ပြောင်းလာပြီဆိုတော့ နိုင်ငံရေးအရလည်း နိုင်ငံတကာအဆင့်တစ်ခု ဖြစ်လာနိုင်မယ်။ အာဏာရှင်စနစ်ကနေဒီမိုကရေစီစနစ်ကို ပြောင်းလာပြီးတော့ တခြား ဒီမိုကရေစီနိုင်ငံတွေဆီကနေ အထောက်အကူ တွေလာနိုင်တယ်။အကူအညီပေးတာလည်းပါမယ်။ နောက်ပြီးရင်းနှီးမြှုပ်နှံတာတွေ လည်း ပါမယ်ဆိုတော့ ဆောက်လုပ်ရေးကဏ္ဍ
ကိုပိုကောင်းလာမယ်လို့ပဲအကောင်းဘက်က နေမြင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးဝင်လာရင် စီမံကိန်းတွေလည်း အများကြီး ဖြစ်လာမယ်"ဟု ၎င်းက ပြောသည်။

ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အတွက် အစိုးရသစ်အနေဖြင့် ဘီအိုတီစနစ်ကို
မှန်ကန်စွာကိုင်တွယ် အသုံးချသင့်သည်ဟု လည်း Uni Global Power ၏ ဒါရိုက်တာဒပ်ဖနီက ပြောသည်။

Credit: mmtimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service