အနောက်တောင်မြို့သစ်စီမံကိန်းတွင် လယ်ယာမြေများ အရောင်းအ၀ယ်ပိုဖြစ်နေ

အနောက်တောင်မြို့သစ်စီမံကိန်းတွင် လယ်ယာမြေများ အရောင်းအ၀ယ်ပိုဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
7 Apr 2016 11:48 am တွင် တင်ခဲ့သည်
1375 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန် အနောက်တောင်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မည့် မြို့နယ်များ အတွင်းရှိ
လယ်ယာမြေဈေးနှုန်းများ ဈေးမြင့်တက်လျက်ရှိကာ အရောင်းအ၀ယ်ဖြစ်နေသည်ဟု အိမ်ခြံမြေ
အကျိုးဆောင်များက ပြောသည်။

"မြေပေါ်မှာ ကြိုက်နှစ်သက်တဲ့ စီမံကိန်းတွေ အကောင်အထည်ဖော်နိုင်တဲ့ ဥယျာဉ်ခြံမြေအမျိုးအစားကို ရင်းနှီးမြှုပ်နှံသူ တွေ ၀ယ်ယူဖို့ နှစ်သက်ကြပေမယ့် ဥယျာဉ်ခြံမြေထက် ဈေးသိသိသာသာ သက်သာတဲ့ လယ်မြေတွေလည်း အခုတလော အရောင်းအ၀ယ်ဖြစ်နေပါတယ်။ လယ်ယာမြေတွေက ပိုင်ဆိုင်မှုအရ ဂရန်မရှိဘဲ အရပ်စာချုပ်နဲ့ပဲ ချုပ်ဆိုရတဲ့ စလစ်မြေသဘောမျိုးဖြစ်ပေမယ့် ၀ယ်ယူလိုသူတွေ ရှိလာပါတယ်"ဟု သစ္စာမြေအိမ်ခြံမြေအကျိုးဆောင်မှ ဒါရိုက်တာ ဒေါ်သူဇာမေက ပြောသည်။ မြို့သစ်ဧရိယာများတွင် ဂရန်မြေသစ်များ လျှောက်နိုင်သော်လည်း လျှောက်ထားသူ များ မရှိသလောက်နည်းပါးပြီး ပါမစ်မြေ၊ စလစ်မြေနှင့် အရပ်စာချုပ်များကိုသာ အများ ဆုံးအသုံးပြု၍ လယ်မြေ၊ ယာမြေ၊ ဥယျာဉ်ခြံမြေ၊ စားကျက်မြေ၊ မြေလွတ်မြေရိုင်းများကို အရောင်းအ၀ယ်ပြုလုပ်နေခြင်းဖြစ်သည်ဟု ၎င်းက ပြော သည်။

"ဥယျာဉ်ခြံမြေပေါ်မှာ ကြိုက်တဲ့အဆောက် အအုံဆောက်နိုင်ပေမယ့် လယ်မြေ၊ ယာမြေနဲ့
လယ်ယာမြေတွေပေါ်မှာ အဆောက်အအုံ တွေ ဆောက်ခွင့်မရှိပါဘူး။ ဒါပေမဲ့ အဲဒီမြေ အမျိုးအစားကနေ တခြားမြေအဖြစ် သက်ဆိုင် ရာဌာနတွေမှာ သွားရောက်ပြောင်းလဲလို့ ရပါတယ်။ လယ်ယာမြေကနေ တခြားမြေ အဖြစ် အလွယ်တကူ ပြောင်းလဲနိုင်တော့ မြို့သစ်တွေကနေ ဈေးသက်သာတဲ့ လယ်ယာမြေတွေကို ၀ယ်ယူပြီး ကိုယ်တိုင်တခြားမြေအဖြစ် ပြောင်းလဲလျှောက် ထားတဲ့သူတွေ များ လာပါတယ်"ဟု
ဒေါ်သူဇာမေက ပြောသည်။

ဥယျာဉ်ခြံမြေမှာ လယ်ယာမြေများထက် ဈေးနှုန်း ပိုမြင့်လျက်ရှိပြီး မြို့စွန် ဧရိယာများ တွင် ၀ယ်ယူသူများ ပိုမိုနှစ်သက်သော မြေ အမျိုးအစားတစ်ခု ဖြစ်ခဲ့သော်လည်း လက်ရှိ အချိန်တွင် ၀ယ်ယူသူများက ဈေးနိမ့်သော လယ်ယာမြေများကို ၀ယ်ယူရန် ပိုမိုစိတ်ဝင်စားနေကြသည်ဟု သိရသည်။

"ဥယျာဉ်ခြံမြေအမျိုးအစားကို ၀ယ်ယူ မယ်ဆိုရင် ဘာမှမြေအမျိုးအစားပြန်ပြောင်း စရာမလိုဘဲ
အသုံးပြုနိုင်ပေမယ့် ဥယျာဉ်ခြံမြေ ဈေးနဲ့ လယ်ယာမြေဈေးက တချို့နေရာတွေ မှာ ထက်ဝက်လောက် ထိတောင် ဈေးကွာနေတာဆိုတော့ ၀ယ်ယူလိုသူတွေက ဈေးနှုန်း သက်သာတဲ့ လယ်ယာမြေအမျိုးအစားကိုပဲ ၀ယ်ယူနေကြတယ်"ဟု တွံတေးမြို့နယ်မှ မြို့ခံ အိမ်ခြံမြေအကျိုးဆောင် ဦးအောင်ကိုကိုမင်းက ပြောသည်။ ရန်ကုန်မြို့စွန်ရှိ မြို့သစ်မြို့နယ်များတွင် မြို့နယ်၏ ၇၀ ရာခိုင်နှုန်းခန့်မှာ ဥယျာဉ်ခြံမြေ နှင့် လယ်ယာမြေများ ဖြစ်ပြီး ကျန်မြေများမှာ လည်း မြေအမျိုးအစားပြောင်းလဲထားသော မြေများ
သာဖြစ်ကြောင်း ၎င်းကပြောသည်။

"တွံတေးမြို့နယ်မှာ ရပ်ကွက်ရှစ်ခုနဲ့ ကျေး ရွာ ၂၂၀ ကျော်အတွက် ကျေးရွာအုပ်စု ၆၅ အုပ်စု
ရှိပေမယ့် ကျေးရွာတွေတောင်မက တချို့ရပ်ကွက်က မြေတွေက လယ်မြေနဲ့ လယ်ယာမြေတွေပဲ။ ရပ်ကွက်ရှစ်ရပ်ကွက် မှာပဲ ဥယျာဉ်ခြံမြေတွေ ရှိတာ။ ဒါလည်း လယ်ယာမြေကနေ ဥယျာဉ်ခြံမြေအဖြစ် ပြန်ပြောင်းထားတာ တွေ့ပါသေးတယ်။ တခြား မြို့နယ်တွေလည်း ဒီလိုပါပဲ။
ရန်ကုန်ထဲမှာလို ဂရန်မြေတွေမဟုတ်ဘူး"ဟု ဦးအောင်ကိုကိုမင်းက ပြောသည်။ တွံတေးမြို့နယ်
အတွင်း လမ်းမတန်းနေရာများတွင် ဥယျာဉ်ခြံမြေများမှာ တစ်ဧက လျှင် ကျပ်သိန်း ၃၀၀ ခန့်
ဈေးရှိသော်လည်း လယ်ယာမြေများမှာ ကျပ်သိန်း ၁၅၀ ခန့်သာ ဈေးရှိပြီး ကျေးရွာအတွင်းရှိ
မြေကွက်များ၏ ဈေးနှုန်းမှာမူ တစ်ဧကကျပ်သိန်း ဆယ်ဂဏန်း ခန့်သာရှိသည်ဟု သိရသည်။
"တွံတေးမှာ ဥယျာဉ်ခြံမြေနဲ့ လယ်ယာမြေ ဈေးက တစ်ဝက်လောက်ထိကို ဈေးကွာတယ်။ ရွာထဲကလယ်ယာမြေဈေးတွေကတော့ ပိုပြီး တော့ ဈေးပေါပေမယ့် ၀ယ်ယူလိုသူတွေက လမ်းမတန်းပေါ်နဲ့ လမ်းမတန်းနောက်ကျော က မြေတွေကိုပဲ ပိုစိတ်ဝင်စားကြတယ်။ လယ်ယာမြေရဲ့ ပိုင်ဆိုင်မှုခိုင်မာတဲ့အပေါ်မူတည်ပြီးတော့လည်း ဈေးကွာခြားတာမျိုး ရှိတယ်"ဟု ဦးအောင်ကိုကို မင်းက ပြောသည်။

ထန်းတပင်မြို့ခံ အိမ်ခြံမြေအကျိုးဆောင် ဦးပြည့်စုံကလည်း "ထန်းတပင်မြို့နယ်မှာ တစ်မြို့နယ်လုံး နီးပါးက လယ်ယာမြေတွေ များပါတယ်။ မြို့လယ်ကောင် အစိုးရရုံးတွေ ရှိတဲ့နေရာ အနီးနားတစ်ဝိုက် ကိုပဲ ထန်းတပင် မြို့ပေါ်လို့ ပြောနိုင်တာဖြစ်ပြီး အဲဒီနေရာတွေ မှာ တောင် လယ်မြေတွေကို အကွက် ရိုက်ထား တဲ့မြေတွေရှိပါတယ်"ဟု ပြောသည်။ လယ်ယာမြေများကို တခြားမြေအမျိုး အစားအဖြစ်သို့
ပြောင်းလဲလျှောက်ထားလို သူများသည် လယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီတွင် အခွန်အခပေးစရာမလိုဘဲ လျှောက်ထားပြောင်းလဲနိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊
မြေယာနှင့် အခွန်ဌာနခွဲ ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းမြင့်ဦးက ပြောသည်။

"လယ်ယာမြေကနေ တခြားမြေအဖြစ်ကို ပြောင်းချင်ရင် ပုံစံ(၇)ကို ဖြည့်ပြီး ဘာကြောင့်
မြေအမျိုးအစားပြောင်းလဲချင်တယ်ဆိုတာကို လယ်ယာမြေဦးစီးဌာနကို လျှောက်ထားရပါမယ်။
လယ်ယာမြေနဲ့ ဥယျာဉ်ခြံမြေတွေ က လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီတစ်ခု တည်းမှာပဲ မြေအမျိုးအစားပြောင်းလိုကြောင်း လျှောက်ထားရင် ရပါပြီ။ ဒါပေမဲ့ လယ်မြေ ကနေ မြေအမျိုးအစား ပြောင်းချင်တယ်ဆိုရင် တော့ လယ်ယာမြေစီမံခန့်ခွဲရေးဗဟိုကော်မတီကိုပါ
ထပ်မံလျှောက်ထားရမှာ ဖြစ်ပါ တယ်"ဟု ၎င်းက ပြောသည်။ လယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီက သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီပါက မြေအမျိုးအစားကို သတ်မှတ် ထားသော အချိန်အတွင်း ပြောင်းလဲခွင့် ရရှိ မည်ဖြစ်သည်။

"ကော်မတီက သတ်မှတ်ထား တဲ့ စည်းကမ်းချက်တွေနဲ့ ကိုက်ညီခဲ့ရင်အချိန် ခြောက်လအတွင်းမှာ မြေအမျိုးအစားပြောင်း လဲပေးမှာ ဖြစ်ပါတယ်။ မြေအမျိုးအစား ပြောင်းဖို့ အခွန်အခတွေလည်း ပေးဆောင်ဖို့ မလိုပါဘူး"ဟု ဦးထွန်းမြင့်ဦးက ပြောသည်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ကျဆင်း လာနေသောကြောင့် လယ်ယာမြေများကို တခြားမြေအဖြစ် ခွဲခြမ်းစိတ်ပိုင်းကာ ရောင်းချ ခြင်းများ ပိုမိုပြုလုပ်လာကြသောကြောင့် လယ်ယာမြေများ ပျောက်ကွယ်သွားမည်ကို စိုးရိမ်ရသည်ဟု ပညာရှင်များက ပြောသည်။ "ရန်ကုန်မြို့မှာ စိုက်ပျိုးဖို့ လယ်မြေတွေ ရှားပါးလာနေပါပြီ။ လယ်မြေတွေကို
ကာကွယ် ဖို့ လိုအပ်နေပါပြီ။ လယ်မြေ၊ ယာမြေနဲ့ လယ်ယာ မြေတွေကနေ တခြားမြေအဖြစ် အလွယ် တကူ ပြောင်းလဲလို့မရမယ့် ဥပဒေတွေ လိုအပ်နေပါပြီ။ အလွယ်တကူမြေအမျိုးအစား ပြောင်းလဲ နိုင်မယ်ဆိုရင် နောက်ပိုင်းမှာ လယ်မြေတွေ ပျောက်ကွယ်သွားမှာပါ"ဟု မြို့ပြစီမံကိန်းပညာရှင် ဦးသံမိုးက ပြောသည်။

၂၀၁၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် လယ်ယာ မြေဥပဒေတွင် လယ်ယာမြေများကို
တခြားမြေ များအဖြစ် မပြောင်းလဲနိုင်စေရန် တင်းကျပ်သော ဥပဒေများ မပါရှိခြင်းကြောင့် နိုင်ငံအ၀န်းတွင် လယ်ယာမြေများ နှစ်စဉ်လျော့နည်းလာနေ သည်။ ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ မြန်မာ နိုင်ငံ၏ လယ်မြေဧရိယာမှာ ၂၀၁၃ ခုနှစ်တွင် နိုင်ငံဧရိယာစုစုပေါင်း၏ ၁၉ ဒသမ ၃ ရာခိုင် နှုန်းသာရှိသည်ဟု သိရသည်။

Credit: mmtimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service