အရှေ့တောင်အာရှရဲ့ ကန်ဒေါ်လာ ၃၄ ဒသမ ၅ ဘီလီယံ အင်တာနက် ဈေးဝယ် (e-commerce) အနာဂတ် စီးပွားရေးအခွင့်အလမ်း

အရှေ့တောင်အာရှရဲ့ ကန်ဒေါ်လာ ၃၄ ဒသမ ၅ ဘီလီယံ အင်တာနက် ဈေးဝယ် (e-commerce) အနာဂတ် စီးပွားရေးအခွင့်အလမ်း - Property News in Myanmar from iMyanmarHouse.com
7 Apr 2016 11:12 am တွင် တင်ခဲ့သည်
1897 ကြိမ် ကြည့်ရှု့ပြီး
ရှိတ်စပီးယား အဆိုအရ အမည်နာမ ဘယ်လိုခေါ်ခေါ် နှင်းဆီဆိုတာမွှေးရနံ့ရှိနေဖို့ပဲ။ စီးပွားရေးအားကောင်းတဲ့ နိုင်ငံကြီးတွေကြားက အာဆီယံဆိုတဲ့ဒေသ ကြယ်တစ်ပွင့် ထွန်းတောက်ဖို့ဆိုတာဟာ စိတ်ကူးအိပ်မက်မဟုတ်ပါ။ အဖွဲ့ဝင်နိုင်ငံတွေ (ဘရူနိုင်း၊ ကမ္ဘောဒီးယား၊အင်ဒိုနီးရှား၊ လော၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်)ကို စုစည်းထားခြင်းအားဖြင့် အာဆီယံဒေသကပင် ကိုယ့်သဘောအရကို စီးပွားရေးအခြေခံ ကောင်းတွေရှိနေပါပြီ။ လူဦးရေ ၆၂၅ သန်း၊ ဖုန်း ၇၄၄ သန်း၊အင်တာနက် အသုံးပြုသူသန်း၂၀၀ နှင့် GDP ကန်ဒေါ်လာ ၂ ဒသမ ၆ ထရီလီယံရှိနေမှုတွေဟာ စီးပွားရေး အခွင့်အလမ်းတွေကို စောင့်ကြိုနေသလိုပါပဲ။

ဒါတွေဟာ ၂၀၂၀ မှာ အလယ်အလတ် လူတန်းစားအရေ အတွက် သန်း ၄၀၀ အခိုင်အမာရှိလာနိုင်ဖို့ ဂုဏ်ယူနိုင်တဲ့ အချက်လည်း ဖြစ်ပါတယ်။ အာဆီယံအရှိန်မြှင့်ဖို့ စွမ်းအားရှိ လူမှုစီးပွားသုံးသွယ်ဖြစ်တဲ့ အလျင်အမြန်စီးပွားရေး တိုးတက်ခြင်း၊ မြို့ပြဖြစ်ထွန်းခြင်းနှင့် နည်းပညာအသုံးချခြင်း (အထူးသဖြင့် အင်တာနက်များအလျင်အ မြန် ထိုးဖောက်နိုင်ခြင်းနှင့် မိုဘိုင်း ဖုန်းနည်းပညာများ)တို့ကို မက်ကင်ဆေး (McKinsey) အဖွဲ့က ပိုင်းခြားသတ်မှတ်ထားပါတယ်။ ဒါ့အပြင် စည်းလုံးခိုင်မာတဲ့ AEC အတွက် တွန်းအားပေးမောင်းနှင်မှုကလည်း လွန်ခဲ့တဲ့ ၄၈ နှစ်ကတည်းက ဖြစ်တည်နေတဲ့ နယ်စပ်ကုန်သွယ်ရေးနှင့် ကူးလူးဆက်ဆံမှုတွေကို အာဆီယံအနေနဲ့ ပိုမိုအားဖြည့်ထားပါပြီ။ ဒီလိုအချက်အလက်တွေနဲ့ အတူဒေသ၊ နိုင်ငံသားနှင့် စီးပွားရေးတွေအတူတကွ တိုးတက်ပြောင်းလဲစေခြင်းအားဖြင့် ကျွဲကူးရေပါဆိုသလို e-commerce နှင့်mcommerce တွေလည်း ရှေ့ တန်းရောက် ရှိလာနေပါပြီ။

မစုံမလင်ဒေသတွင်းမှာ အရှိန်အဟုန်ပြင်းတည်ဆောက်ခြင်း

ဆက်သွယ်ကွန်ရက်မြှင့်တင်ခြင်း၊ ဘဏ္ဍာရေး၊ သယ်ယူပို့ဆောင်ရေး၊ လုံခြုံရေးနှင့် သက်သာလွယ်ကူငွေပေးစနစ် အခြေခံအဆောက်အအုံများတိုးတက်ခြင်း၊ e-commerce ပေါင်းစည်းခြင်းများ၊ AEC ပါဝင်မှုများနှင့် အတူဖြစ်နေလျှင် အာဆီယံဒေသက အခြေအနေလှနေလျက်ပါ။ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ရဲ့ စားသုံးသူတိုက်ရိုက် e-commerce နှစ်စဉ်တိုးတက် မှုနှုန်းမှာ ၂၀၁၃ မှ ၂၀၁၈ အထိ ၃၇ဒသမ၆ ရာခိုင်နှုန်းရှိမည်ဟု Frost & Sullivan က ခန့်မှန်းထားသည်။ တစ်နည်းအားဖြင့် ကန်ဒေါ်လာ ၇ဘီလီယံမှ ၃၄ဒသမ၅ ဘီလီယံတိုးမည်ဟု ဆိုခြင်းဖြစ်ပါတယ်။ ကျန်နေသော ငါးနိုင်ငံပါရေတွက်ခဲ့လျှင် ကိန်းဂဏန်းတိုးဖို့ပဲရှိသည်။ အစိုးရတွေ၊ စီးပွားရေးလုပ်ငန်းတွေနှင့် ရင်းနှီးမြှုပ်နှံသူတွေကို အာဆီယံဒေသက ထိုကဲ့သို့ ခိုင်မာမှုတွေပြနိုင်တာဟာလည်း အ ကြောင်းပြချက်တွေရှိပါတယ်။

ချိတ်ဆက်ကွန်ရက်

လူဦးရေတစ်ရာတွင် မိုဘိုင်းဖုန်း ၁၁၉ ခု သုံးစွဲနေသော အရှေ့တောင်အာရှဒေသမှာ ၇၄၄ သန်း အင်တာနက်ချိတ်ဆက်မှုကြီးဖြစ်ထွန်းနေသည်။ တစ်နည်းအားဖြင့် တစ်ကမ္ဘာလုံးအင်တာနက်သုံးစွဲ သူတွေရဲ့ ၇ ရာခိုင်နှုန်းဖြစ်ပြီး အနောက်ဥရောပတွင် ၁၂ ရာခိုင်နှုန်းနှင့် အမေရိကန်တွင် ၁၁ ရာခိုင်နှုန်းတို့ဖြင့် ယှဉ်တွဲကြည့်နိုင်ပါတယ်။ အင်တာနက်ကျယ်ပြန့်ထိုးဖောက်မှုတွေဟာ ၂၀၁၄ နှစ်အလိုက် တွက်ချက်မှုအရ ကမ္ဘောဒီးယား (၄၁၄ ရာခိုင်နှုန်း)၊ မြန်မာ (၃၄၆ ရာခိုင်နှုန်း)၊ ထိုင်း (၄၇ ရာခိုင်နှုန်း)ဖြင့် မြင့်တက်လွန်းပါတယ်။ နေ့စဉ် တစ်ဦးချင်းယေဘုယျအင်တာနက်အသုံးပြုနှုန်းမှာ ဖိလစ်ပိုင် ၆ဒသမ၃ နာရီ၊ ထိုင်း ၅ဒသမ၅ နာရီ၊ ဗီယက်နမ် ၅ဒသမ၂ နာရီ၊ အင်ဒိုနီးရှား ၅ဒသမ၁ နာရီနှင့် စင်ကာပူ ၄ဒသမ၇နာရီတို့ ဖြစ်ပါတယ်။ ဒီအချက်တွေသည် တရုတ် ၃ဒသမ၉ နာရီ၊ တောင်ကိုရီးယား ၃ဒသမ၄ နာရီနှင့် ဂျပန် ၃ဒသမ၁ နာရီတို့ထက် အားသာနေပါတယ်။ တစ်ဟုန်ထိုးတိုးတက်လာတဲ့ Tablets များ၊ Phablets များ၊ Smart-phones များနှင့် 3G-4G ၀န်ဆောင်မှုများသည် အဖိုးနည်း၊ သုံးကောင်းပစ္စည်းများ ပိုထုတ်လုပ်နိုင်ခြင်းနှင့် အတူ အင်တာနက်ထိုးဖောက်ကျယ်ပြန့်မှုကို တွန်းအားပေးခြင်းဖြင့် ဒေသရဲ့အင်တာနက် ဈေးဝယ် အနာဂတ်ကို ဖြစ်ထွန်းစေမည့် အဓိကအချက် ဖြစ်ပါတယ်။

ဘဏ္ဍာရေးအခြေခံအဆောက်အအုံ

ဘဏ္ဍာရေးအခြေခံအဆောက်အအုံတွေ အလားအလာကောင်းတွေရှိနေသလို တိုးတက်ဖို့လည်း လိုနေပါသေးသော်ငြားလည်း B2C အင်တာနက်ဈေးဝယ် ၂၀၁၄ တွင် ကန်ဒေါ်လာ ၇ ဘီလီယံရှိနေမှုဟာ အလွန်ထူးခြားမှုပါပဲ။ အရှေ့ တောင်အာရှနေထိုင်သူတွေရဲ့ ၇၀ ရာခိုင်နှုန်းက သမားရိုးကျဘဏ်ဝန်ဆောင်မှုတွေ ကိုတောင် သုံးစွဲနိုင်ဖို့ အခွင့်အလမ်းမဲ့နေပါတယ်။ ဒါ့အပြင် အကြွေးဝယ်ကတ်ပျံ့နှံ့မှုက ၅ ရာခိုင်နှုန်းအောက်ပဲ ရှိနေတာကြောင့် ဒေသရဲ့အင်တာနက်ဈေး ၀ယ်ကျယ်ပြန့်မှုဟာ ကြိုးစားနေဆဲအဆင့်ပဲ ဖြစ်နေ ပါသေးတယ်။ အင်တာနက်ဈေးဝယ်အကောင့်ဖွင့်နှုန်းမှာ ၁ မှ ၂ ရာခိုင်နှုန်းရှိနေခြင်းဟာ တရုတ်ပြည်မှာ အကောင့်ဖွင့်နှုန်း ၁၁ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်လျှင် နည်းနေပါသေးတယ်။ သို့သော်လည်း တိုးတက်မြန်လာတဲ့ ဘဏ္ဍာရေးအခြေခံအဆောက်အ အုံဖွံ့ဖြိုးနဲ့အတူ ဒေသ တိုးတက်မှု လည်း လာမည့်နှစ်တွေမှာ ဖြစ်ထွန်း လာမှာ ဖြစ်ပါတယ်။

ပို့ကုန်အခြေခံအဆောက်အအုံ

ပို့ကုန်နှင့် အင်တာနက်ဈေးဝယ်မှာ တစ်ခါတစ်ရံအဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ၀ယ်သူတွေ ပစ္စည်းသေးလေးတွေကိုမှာ ယူတဲ့အခါမျိုးမှာပါ။ အပြိုင်အဆိုင်ဈေးကွက်မှာ ရောင်းသူတွေအနေ နဲ့ ပို့ကုန်စရိတ်ကို အကုန်ခံသင့်ချိန်မှာ ၀ယ်သူတွေက ပို့ကုန်စရိတ်ပေး နေရခြင်းကို ဆိုလိုတာပါ။ အရှေ့တောင်အာရှရဲ့ အဓိကစိန်ခေါ်မှုက အင်တာနက်ဈေးဝယ်ဖြစ်ထွန်းမှု နှေးကွေးတာပါပဲ။ ဒါတွေရဲ့ အခြေခံအကြောင်းရင်းတွေကတော့ ကုန်ပို့နောက်ကျခြင်း၊ ပျက်စီး (သို့) ပျောက်ဆုံးခြင်း၊ ပစ္စည်းပို့ငွေချေစနစ် (Cash On Delivery)ကြီးစိုးခြင်း၊ မကြိုက်ကုန်ပြန်ပို့ လုပ်ထုံးလုပ်နည်းကြန့်ကြာခြင်းနှင့် ၀ယ်သူနှင့် ရောင်းသူကြားအလှမ်း ကွာမှုကြောင့် ပေးသင့်သော အထူးဝန်ဆောင်မှုများမပေးနိုင်ခြင်းတို့ ဖြစ်ပါတယ်။

ဒီပြဿနာတွေဖြေရှင်းဖို့ ဈေးရောင်းလုပ်ငန်းတွေက ကိုယ်ပိုင်ပို့ကုန်စနစ်တည်ဆောက် (သို့မဟုတ်) ရှိပြီးသား ပို့ကုန်ကုမ္ပဏီတွေနဲ့ မိတ်ဖွဲ့လုပ်ဆောင်နိုင်ပါတယ်။ ဥပမာပြရလျှင် တရုတ်ပြည်ရဲ့ အလီဘာဘာက စင်ကာပူစာတိုက်လုပ်ငန်းမှာ ၁၄ ဒသမ ၅၁ ရာခိုင်နှုန်းဝယ်ယူလိုက်ပြီး ကန်ဒေါ်လာ ၁၄၅ သန်းကို ဒေသဆိုင်ရာ အင်တာနက်ဈေးဝယ် ဗဟိုဖြစ်အောင် သုံးစွဲဖို့ရှိပါတယ်။ အလီဘာဘာရဲ့ AliExpress ၀က်ဘ်ဆိုက်ဟာ ဒေသတွင်းမှာ ကြောက်ခမန်းလိလိ တိုးတက်လာနေပါတယ်။ တစ်ချိန်တည်းမှာ Uber က ဖိလစ်ပိုင်မှ LBC Express နှင့် မိတ်ဖွဲ့ပြီး ၀ယ်လိုအားကောင်းတဲ့ ခရစ္စမတ်လက်ဆောင်တွေကို ပို့ဆောင်ပေးနေပါတယ်။ ဒါဟာ အနည်းပိုင်နှင့် အများပိုင်လုပ်ငန်းတွေကြားက ဆက်စပ်မှုပါပဲ။ အခြေခံအဆောက်အအုံတည်ဆောက်ခြင်းနှင့် နယ်ကျော်ကုန်သွယ်မှုတို့ကြား က ဒေသရဲ့ တိုးတက်ဆဲပို့ကုန်လုပ်ငန်းဝန်းကျင်ရဲ့ Uberfication ပါပဲ။

ရောင်းဝယ်လုံခြုံမှု

လျင်မြန်ဖွံ့ဖြိုးမှုကို ငွေပေးချေအခြေခံအဆောက်အအုံနှင့် အွန်လိုင်းလုံခြုံမှုတို့က ကျားကန်ပေးထားပါတယ်။ Financial Times ခန့်မှန်းချက်အရ အွန်လိုင်းဈေးဝယ်သူ ၉၀ ရာခိုင်နှုန်းမှာ ၀ယ်ယူမှုမပြီးမြောက်ပါ။ အကြောင်းပြချက် တချို့ကတော့ များပြားလှတဲ့ အစိုးရသတ်မှတ် နည်းဥပဒေများနှင့် အကြွေးဝယ်ကတ်မရှိမှု (သို့) မိမိအကြွေးဝယ်ကတ် အချက်အလက် မပေးချင်မှုတွေကြောင့် ဖြစ်တတ်ကြပါတယ်။

AT Kerney ခန့်မှန်းမှုမှာ ဖိလစ်ပိုင် ၆၇ ရာခိုင်နှုန်း၊ ထိုင်း ၆၂ ရာခိုင်နှုန်း၊ အင်ဒိုနီးရှား ၆၀ ရာခိုင်နှုန်း၊ ဗီယက်နမ် ၅၅ ရာခိုင်နှုန်းနှင့် မလေးရှား ၅၂ ရာခိုင်နှုန်းတို့သည် အကြွေးဝယ်ကတ် အချက်အလက်ကိုပေးဖို့ ယုံကြည်မှုမရှိဖြစ်နေပါတယ်။ တစ်ကမ္ဘာလုံး ခန့်မှန်းမှုကတော့ ၄၉ ရာခိုင်နှုန်းဖြစ်ပါတယ်။

သက်ဆိုင်ရာ အစိုးရများက ငွေသားမဲ့ အရောင်းအ၀ယ်နှင့် အီးပေးမန့် (e-payment) ကန့်သတ်မှုတွေ ကို ဖြေလျှော့မြှင့်တင်ခြင်းဖြင့် ကျော်လွှားနိုင်စဉ်မှာ လုံခြုံမှုဥပဒေတွေက တိုးတက်ပြီးသား ဈေးကွက်ရဲ့ပုံမှန်ဖြစ်နေမှုတွေကို ခေတ်မီအမီလိုက်နေဖို့ လိုပါတယ်။ အရှေ့တောင်အာရှတိုင်းပြည်များက အင်တာနက်ဈေးဝယ်အချက် အလက်ကာကွယ်မှု၊ အွန်လိုင်းအရောင်းအ၀ယ်တွေအတွက် လုံခြုံမှုဥပဒေတွေကို ပြုပြင်ချဲ့ထွင် နေပါတယ်။ ဥပမာ- စင်ကာပူငွေကြေးဆိုင်ရာ အဖွဲ့အစည်း (Mon-etary Authority of Singapore) မှ ပြည်တွင်း၊ ပြည်ပအွန်လိုင်း ရောင်းဝယ်မှုတွေကို နှစ်ဆင့်ခံဝယ် သူကိုယ်တိုင်စစ်စနစ် (2-factor authentication) သုံးရမည်ဟု ချမှတ်ထားပါတယ်။ ဒေသလုံးဆိုင်ရာ ဆိုက်ဘာလုံခြုံရေး အသိဖြန့်ဝေမှု၊ လက်တွေ့ လုပ်ဆောင်မှုနှင့် တရားဝင်ဥပဒေဘောင်များ က ကြောက်ရွံ့မှုများကို လျှော့ချပေးသလို အင်တာနက်ဈေး ၀ယ် မြင့်တက်မှုကို အထောက်အကူ ဖြစ်ပါတယ်။

နည်းသစ်ငွေပေးစနစ် (Alternative Payments)

အင်တာနက် ဈေးဝယ်စနစ်မှာ အားကောင်း၊ ခိုင်မာတဲ့ ငွေပေးချေစနစ်တွေ လိုအပ်ပါတယ်။ ထို့အတူ ဆန်းသစ်တဲ့ ငွေပေးချေမှုတွေဟာလည်း သမားရိုးကျဘဏ် စနစ်တွေရဲ့ ခက်ခဲမှုတွေကို ကျော်လွှားနိုင်ပါတယ်။ အရှေ့တောင်အာရှမှာ အွန်လိုင်းငွေဝယ်သူတွေ ကြားထဲမှာ အွန်လိုင်းမှာ ဈေးဝယ်တာမလုံခြုံဟု ခံစားရသူနှင့် ဘဏ်ဖြင့် အလှမ်းဝေးသောသူများမှာ ကျပ်သန်း ၄၀၀ ရှိနေပါတယ်။ နည်းသစ်ငွေပေးချေစနစ်က အရေးတကြီးမြင့်တက်နေ သလို ငွေပေးချေစနစ်ကိုလည်း ခိုင်မာမှုရှိအောင် တည်ဆောက်နေပါတယ်။ ဒီစနစ် တွေဟာ ဘဏ်နှင့် ဆက်စပ်မှုမရှိသော ဖောက်သည်တွေကို ကောင်တာငွေပေးချေစနစ်မှတစ်ဆင့် ငွေပေးချေမှုပြီးမြောက်ဖို့ မရှိမဖြစ်လိုအပ်ချက်တစ်ခုပါပဲ။ ဒီနည်းသစ် ငွေပေးချေစနစ် က ဘဏ်မသုံးသူဖောက်သည်များကို ဘဏ်သုံးသူ ဖောက် သည်ဖြစ်အောင် ပြောင်းလဲပေးနိုင်တဲ့ အခြေအနေဖြစ်အောင် လုပ်ဆောင်နိုင်တဲ့ အခွင့်အလမ်းကောင်းလည်း ဖြစ်ပါတယ်။

ပေါင်းစည်းအားကြီး (M & A) မြှင့်တင်ခြင်း

အရှေ့တောင်အာရှသည် နိုင်ငံတကာအင်တာနက်ဈေးဝယ်လုပ်ငန်းရှင်ကြီးများကို ဆွဲဆောင်ပြီး ဖြစ်တယ်။ ဂျာမနီရဲ့ Rocket Internet ၊ ဂျပန်ရဲ့ Rakuten ၊ Softbank နှင့် တရုတ်ပြည်ရဲ့ Alibaba ၊ JD.com ၊ Tencent တို့ပဲ ဖြစ်ပါတယ်။ အင်တာနက်ဈေးဝယ်နှင့် ငွေပေးချေနည်း သစ်ထွင်မှု ခြေလှမ်းဟာ အသေအချာကို အရှိန်မြှင့်ရတော့မှာပါ။ ရင်းနှီးမြှုပ်နှံမှုတွေဟာ လအနည်းငယ်အတွင်းမှာ မျှော်မှန်းထားသလို မြင့်တက်မှုတွေ ဖြစ်လာပါတော့မယ်။ ဒါတွေဟာ ဒေသရဲ့ အင်တာနက် ဈေးဝယ်လုပ်ငန်းတွေကို ဖွံ့ဖြိုးစေမည့် ရင်းနှီးမြှုပ်နှံခြင်း၊ လုပ်ငန်းဝယ်ယူခြင်းနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းတွေပဲ ဖြစ်ပါတယ်။

AEC ရောက်ပြီ

‘‘တစ်စစီကျိုးပဲ့နေ’’ ဆိုတဲ့စကားလုံးဟာ စီးပွားရေးပညာရှင်တွေ၊ နိုင်ငံရေးသမားတွေနှင့် လုပ်ငန်းရှင်တွေ အရှေ့တောင်အာရှအဖွဲ့ကြီးကို ပုံဖော်နေကြပါ။ ဒီလိုသုံးတာ အကြောင်းပြချက်မရှိဘူးတော့ မဟုတ်ပါဘူး။ ၁၀ နိုင်ငံ၊ ၁၀ ဘာသာစကား၊ ၁၀ ငွေကြေးနှင့် စီးပွားရေးမတူညီမှုတွေက ၁၀ မျိုး အထွေထွေဆိုသလိုပါပဲ။ နိုင်ငံတချို့က တိုးတက်တယ်။ ဥပမာ ၂၀၁၄ မှာ စင်ကာပူရဲ့ တစ်ဦးချင်းဝင်ငွေက ၆၀,၄၁၀ ဒေါ်လာဖြစ်နေချိန်မှာ မြန်မာမှာ ၁,၄၀၅ ဒေါ်လာပဲရှိပါတယ်။ ကွာခြားမှုက စင်ကာပူမှာ ပွင့်လင်းဖော်ရွေတဲ့ စီးပွားရေး ၀န်းကျင်ရှိနေချိန် မြန်မာပြည်မှာ ဆန့်ကျင်ဘက်ဝန်းကျင် ဖြစ်နေတာပါ။

AEC ကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဖွင့် ပညာတတ်နည်းရပ်ဝန်းမှာတော့ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုက ‘‘တစ်စစီကျိုးပဲ့နေ’’မှုမှသည် အတူတကွပေါင်းစည်းမှု အားတစ်ခုပါပဲ။ ဒါထက်ပိုရရင် အာဆီယံပေါင်းစည်းကျယ်ပြန့်မှုမှသည် အာရှပစိဖိတ်ဆီသို့ပါပဲ။

အိမ်နီးချင်းကို ချစ်တတ်ပါ

အာဆီယံနိုးကြားမှုက ဒေသတွင်းတိုးတက်မှုသာမကဘဲ တရုတ်နိုင်ငံတို့လို အိမ်နီးချင်းနိုင်ငံများနှင့်ပါ စီးပွားပူးပေါင်းနိုင်မှုပါ။ အင်တာနက် ဈေးဝယ်အခွင့်အလမ်းကြီးသလို စိန်ခေါ်မှုလည်း ကြီးမှာပါ။ တရုတ်နှင့် အာဆီယံကုန်သွယ်မှုမှာ ၂၀၁၅ တွင် ကန်ဒေါ်လာ ၂၂၂ ဒသမ ၃၈ ဘီလီယံဖြစ်ပြီး ၁ ဒသမ ၆ ရာခိုင်နှုန်း နှစ်အလိုက် မြင့်တက်လာတာပါ။ ၂၀၁၀ ကတည်းက တရုတ်ပြည်ရဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုမှ ၆၀ ရာခိုင်နှုန်းကျော်သည် အာဆီယံသို့ ရင်းနှီးထားပါတယ်။ အဓိက ရင်းနှီးမှုများကတော့ အင်တာနက်နှင့် အင်တာနက်ဈေးဝယ်လုပ်ငန်းများပါပဲ။

ပိုကောင်းတဲ့ အခြေခံအဆောက်အအုံနှင့် ကုန်သွယ်အစဉ် ချောမွေ့မှုတွေနှင့်အတူ အင်တာနက်ဈေးဝယ်စနစ်က ၂၁ ရာစုရဲ့ ခေတ်သစ် Maritime ပိုးလမ်းမကြီးပိုမိုလမ်းပွင့်နိုင်တဲ့ အလားအလာ ရှိနေပါတယ်။

(တောက်ပလျက် အာဆီယံအနာဂတ်။

Payments & Cards Network eMagazine Vol.2-1 တွင် အင်္ဂလိပ်ဘာသာဖြင့် မူရင်းဆောင်းပါးရေးသူ အောင်ကျော်မိုး (2C2P's founder and group CEO) ဖြစ်သည်။

မြန်မာဘာသာသို့ ပြန်ဆိုသူမှာ လင်းထိုက်အောင် (2C2P's Direc-tor, Alternative Payments) ဖြစ်သည်။)

Credit: 7daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service