ယခင်အစိုးရက လျာထားခဲ့သည့် ခုံးကျော်တံတားများ ဆောက်လုပ်မည့်အစား စည်ပင်နယ်နိမိတ်အတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆုံးဖြတ်

ယခင်အစိုးရက လျာထားခဲ့သည့် ခုံးကျော်တံတားများ ဆောက်လုပ်မည့်အစား စည်ပင်နယ်နိမိတ်အတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆုံးဖြတ် - Property News in Myanmar from iMyanmarHouse.com
7 Apr 2016 10:40 am တွင် တင်ခဲ့သည်
1137 ကြိမ် ကြည့်ရှု့ပြီး
လက်ရှိ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းနှင့် ပါရမီလမ်းဆုံ (ချော်တွင်းကုန်းမီးပွိုင့်)နှင့် မြောက်ဥက္ကလာပလမ်းဆုံတို့တွင် ခုံးကျော်တံတားများ ဆောက်လုပ်ရန် လျာထားခဲ့ရာ ယင်းခုံးကျော်တံတားများ ဆောက်လုပ်မည့်အစား ရန်ကုန်မြို့တော်စည်ပင်နယ်နိမိတ် ပြင်ပရှိ မြို့နယ်များ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန် ဧပြီ ၂ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ အတည်ပြုခဲ့သည်။

ယင်းသို့ ခုံးကျော်တံတားနှစ်စင်း ဆောက်လုပ်ရန်အတွက် ယခင် အစိုးရဟောင်းက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းဥပဒေကြမ်းတွင် ရည်မှန်းလျာထားကာ ဘဏ္ဍာငွေ ကျပ် ၃၂ ဒသမ ၂ ဘီလျံကို လျာထားခဲ့ခြင်းလည်း ဖြစ်သည်။

သို့ရာတွင် ယာဉ်ကြောပိတ်ဆို့မှု ပြေလည်ခြင်းမရှိသော ခုံးကျော်တံတားများ ထပ်မံဆောက်လုပ်မည့်အစား ယင်းငွေကြေးများဖြင့် အခြားနေရာတွင် အသုံးပြုရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြခဲ့ပြီး ခုံးကျော်တံတားနှစ်စင်းအား သတ်မှတ်ချက်များနှင့် ညီ မညီ ပြန်လည်လေ့လာ စိစစ်သုံးသပ်သင့်ကြောင်းရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီကလည်း အကြံပြုခဲ့သည်။

သို့ဖြစ်ရာယင်းသို့ခုံးကျော်တံတား နှစ်စင်းဆောက်လုပ်မည့်
ငွေကျပ် ၃၂ ဒသမ ၂ ဘီလျံဖြင့် ရန်ကုန်မြို့တော် စည်ပင်နယ်နိမိတ် ပြင်ပ ၁၂ မြို့နယ်ရှိ ကျေးရွာများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ လုပ်ဆောင်ရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်ပြင် မြို့နယ်များရှိ ကျေးရွာများအတွက်သာမက မြို့နယ်အသီးသီးတို့တွင်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်များစွာ လိုအပ်နေသဖြင့် ယင်းငွေကြေးများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ် အတွင်း အပြင်ရှိ မြို့နယ်အသီးသီးများရှိ ရပ်ကွက်ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဆောင်ရွက်ရန်အတွက်ကိုပါ ထည့်သွင်း ပြင်ဆင်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က တင်ပြခဲ့ခြင်းကြောင့် ယင်းကိစ္စကို မဲခွဲဆုံးဖြတ်ခဲ့ရာ ယခင်အတိုင်း စည်ပင်နယ်နိမိတ်ပြင်ပ မြို့နယ်များတွင်သာ ငွေကြေးများကို သုံးစွဲရန်သာ ကိုယ်စားလှယ်များက သဘောတူညီခဲ့ကြသည်။

“အခုကတော့ ခုံးကျော်တံတားဆောက်မယ့် ပိုက်ဆံတွေကို စည်ပင်နယ်နိမိတ်ပြင်ပ ၁၂ မြို့နယ်မှာပဲ သုံးမယ့်သဘော ဖြစ်သွားတာပေါ့။ အမှန်ဆို ရန်ကုန်မြို့ကြီး ကားလမ်းတွေ ကျပ်တယ်။ ယာဉ်ကြော ပိတ်ဆို့တာတွေကို ဖြေလျှော့ဖို့ သုံးစေချင်တယ်။ ပြီးတော့ လှိုင်မြို့နယ်မှာလည်း အမှိုက်ပုံတွေ၊ ရေမြောင်းပိတ်တာတွေ ရှိတယ်။ ဒါကြောင့် စည်ပင်နယ်နိမိတ်အတွင်းကို ထည့်ပေးဖို့ပြောတာ သဘောမတူခဲ့ဘူး”ဟု လှိုင်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောကြားသည်။

ရန်ကုန်မြို့တွင် ယခင်အစိုးရလက်ထက်က ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန် လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်၊ မြေနီကုန်း၊ ကုက္ကိုင်း ရှစ်မိုင်လမ်းဆုံ စသည့်နေရာများ ခုံးကျော်တံတားများ တည်ဆောက်ခဲ့သော် လည်း ယာဉ်ကြောပိတ်ဆို့မှု ပြေလည်ခဲ့ခြင်းမရှိခဲ့ကြောင်း၊ ထို့ပြင် လက်ရှိ ဆောက်လုပ်နေဆဲဖြစ်သည့် တာမွေအ၀ိုင်း လမ်းငါးခွဆုံ ခုံးကျော်တံတားသည်လည်း ယခင်အစိုးရလက်ထက်က လုပ်ဆောင်ခဲ့သည့် စီမံကိန်းဖြစ်ပြီး အဆိုပါခုံးကျော်တံတား စီမံကိန်းများအားလုံးအတွက် ငွေကျပ်ဘီလျံ ၁၀၀ ကျော် ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ ပူးပေါင်းရေးဆွဲခဲ့သည့် “မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးမဟာဗျူဟာစီမံကိန်း ၂၀၄၀”အရ ရန်ကုန်မြို့တွင် နှစ်ထပ်လမ်းများ တည်ဆောက်ရန် အစီအစဉ်များရှိသောကြောင့် လက်ရှိ ခုံးကျော်တံတားများမှာ မလွတ်ကင်းပါက ပြန်ဖျက်ပေးရနိုင်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် တည်ဆောက်ခဲ့ပြီးသော ခုံးကျော်တံတားများအနက် လှည်းတန်းခုံးကျော်တံတားကို ယခင်အစိုးရနှင့် နီးစပ်ခဲ့သည့် ရွှေတောင်ကုမ္ပဏီ၊ ဘုရင့်နောင် ခုံးကျော်တံတားကို FMI ကုမ္ပဏီ၊ ရွှေဂုံတိုင်၊ မြေနီကုန်းနှင့် ကုက္ကိုင်းခုံးကျော်တံတား သုံးစင်းကို Capital Development ကုမ္ပဏီနှင့် ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားကို Crown Advanced ကုမ္ပဏီနှင့် လက်ရှိတည်ဆောက်ဆဲ တာမွေအ၀ိုင်း လမ်းငါးခွဆုံခုံးကျော်တံတားကို ရွှေတောင်ကုမ္ပဏီတို့က ဆောက်လုပ်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service