ကျပ်ငွေတန်ဖိုး ဆက်တိုက်မြင့်လာ၍ ပို့ကုန်လုပ်ငန်းရှင်များအခက်တွေ့

ကျပ်ငွေတန်ဖိုး ဆက်တိုက်မြင့်လာ၍ ပို့ကုန်လုပ်ငန်းရှင်များအခက်တွေ့ - Property News in Myanmar from iMyanmarHouse.com
7 Apr 2016 10:03 am တွင် တင်ခဲ့သည်
11869 ကြိမ် ကြည့်ရှု့ပြီး
အရပ်သားအစိုးရစတင် တာဝန်ယူပြီးတစ်ပတ်အတွင်းမြန် မာကျပ်ငွေတန်ဖိုးဆက်တိုက်မြင့်တက်လာသဖြင့်
ပြည်တွင်းပုဂ္ဂလိကဘဏ်အများစုက နိုင်ငံခြားငွေအ၀ယ်ရပ်ဆိုင်းထား၍ ပို့ကုန်လုပ်ငန်းရှင်များ အခက်အခဲ ဖြစ်နေကြောင်း သတင်းရရှိသည်။

ဧပြီ ၁ရက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၁,၂၀၀မှ ဧပြီ ၆ရက်တွင် တစ်ဒေါ်လာလျှင် ၁,၁၇၄ ကျပ်သို့ ကျဆင်းလာသ ဖြင့် တစ်ပတ်အတွင်း မြန်မာကျပ် ငွေတန်ဖိုး ၂ ရာခိုင်နှုန်းကျော်မြင့် တက်လာသည်။

ပြင်ပဈေးကွက်တွင် မြန်မာ ငွေတန်ဖိုးမြင့်တက်လာ၍ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ကတရားဝင်သတ်မှတ်သော
ရည်ညွှန်းငွေလဲနှုန်းအပြောင်းအလဲနည်းခဲ့သည်။ ဧပြီ ၄ ရက်တွင် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းငွေလဲနှုန်းသည် တစ်ဒေါ်လာလျှင် ၁,၂၁၀ကျပ်မှ ဧပြီ ၆ရက်တွင် ၁,၁၉၆ကျပ်သို့ လျှော့ချလိုက်သည်။

ထိုသို့ဗဟိုဘဏ်ကအမေရိကန် ဒေါ်လာတန်ဖိုး လျှော့ချသော်လည်း ပြင်ပငွေလဲနှုန်းတွင် ဒေါ်လာတန်ဖိုး အကျမြန်နေ၍ ပြည်တွင်း ပုဂ္ဂလိကဘဏ်များက အမေရိကန်ဒေါ်လာဝယ်ယူမှုကို တုံ့ဆိုင်းလာသည်။

‘‘ကုန်သည်တွေက ဒေါ်လာ ကို အပြင်မှာအိုးနင်းခွက်နင်းဈေး တွေနဲ့ ရောင်းနေရတယ်။ ဒီရက် ပိုင်းမှာတော့ ရှုံးပြီးရင်းရှုံးရင်းပဲ’’ ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန် သည်အသင်း အတွင်းရေးမှူးဦး မင်းကိုဦးကပြောသည်။

ငွေကြေးဈေးကွက် မတည် ငြိမ်ခြင်းကြောင့် အိန္ဒိယနိုင်ငံက ၀ယ်လိုအား ကောင်းပြီး နိုင်ငံခြား ဈေးမာနေသောမတ်ပဲသည် ပြည် တွင်း ဈေးကွက်တွင် ရက်ပိုင်းအတွင်း တစ်တန်လျှင် ကျပ်ငါးထောင်မှ တစ်သောင်းကြားဈေးကျလာကြောင်း ဘုရင့်နောင်မှ ပဲကုန်သည်တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် မတ်ပဲ အများဆုံးထွက်နေပြီး အိန္ဒိယနိုင်ငံကလည်း ၀ယ်လိုအား ကောင်းနေသဖြင့် စိုက်ပျိုးသူတောင်သူလယ်သမားများမျှော်လင့်ချက်ကြီးစွာထားခဲ့သည်။ ငွေလဲနှုန်းမတည်ငြိမ်မှုနှင့် ငွေကြေးဈေးကွက်စနစ်တကျ မရှိပါက အကျိုးအမြတ်လျော့ကျနိုင်သည်ဟု ဦးမင်းကိုဦးကဆိုသည်။

‘‘ဘဏ်တွေမှာလည်းကြား ထဲက ထိန်းလုပ်နေရတယ်။ ဗဟို ဘဏ်ကရည်ညွှန်းနှုန်းချတာနှေး တော့လုပ်ရကိုင်ရမလွယ်ဘူး’’ဟု ပုဂ္ဂလိကဘဏ်ကြီးတစ်ခုမှ တာ ၀န်ရှိသူတစ်ဦးကပြောသည်။

မြန်မာနိုင်ငံတွင် ငွေလဲနှုန်း ရက်ပိုင်းအတွင်း အပြောင်းအလဲမြန်ခြင်းသည် ကုန်သွယ်ရေး လုပ်ငန်း၊ အထူးသဖြင့် လက်ရှိ မြန်မာနိုင်ငံ၌ ကြုံတွေ့နေရသည့် ကုန်သွယ်ရေးလိုငွေ လျော့နည်းရန် ပို့ကုန်မြှင့်တင်မှုအတွက် အကျိုးသက်ရောက်မှုများစွာ ရှိနေ ကြောင်း စီးပွားရေး လုပ်ငန်းရှင် များက သုံးသပ်ကြသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service