ရန်ကုန်စတော့ရှယ်ယာဈေး အနိမ့်ဆုံးသို့ကျဆင်း

ရန်ကုန်စတော့ရှယ်ယာဈေး အနိမ့်ဆုံးသို့ကျဆင်း - Property News in Myanmar from iMyanmarHouse.com
6 Apr 2016 11:53 am တွင် တင်ခဲ့သည်
1655 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်စတော့အိတ်ချိန်း ရှယ်ယာ များ စတင်ရောင်းချပြီး သီတင်း နှစ်ပတ်မပြည့်မီ ကာလအတွင်း ရှယ်ယာဈေး အနိမ့်ဆုံးကျဆင်းသွား ခဲ့ကြောင်း ဧပြီ ၅ ရက် နံနက်ပိုင်း က ရန်ကုန်စတော့အိတ်ချိန်းမှ သိရသည်။

''ဒီနေ့မနက် ဈေးဖွင့်တာက တော့ ငွေကျပ် ၃၅ဝဝဝ နဲ့ ဈေးဖွင့် တာပါ။ နံနက် ၁၁ နာရီ စတော့ဖွင့် ချိန်မှာတော့ ဈေးက ငွေကျပ် ၃ဝဝဝဝ အထိ ပြန်ကျ သွားခဲ့ပါ တယ်။ ဝယ်လိုအားနည်းပြီး ရောင်းလို အားများတဲ့ အတွက် ဈေးကျဆင်း သွားခဲ့တာပါ။ စတော့ရှယ်ယာရဲ့ သဘောကတော့ ဝယ်လိုအား ရောင်းလိုအားအပေါ်မှာ မူတည်ပြီး တော့ အတက်အကျရှိနိုင်ပါတယ်'' ဟု စတော့ဈေးကွက် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန် စတော့ရှယ်ယာဈေးသည် မတ်လ ၂၉ ရက်က အမြင့်ဆုံးငွေကျပ် ၄၁ဝဝဝ အထိအမြင့်ဆုံးတက်ခဲ့ပြီး ရှယ်ယာရောင်းလိုသူများက ငွေကျပ် ၅ဝဝဝဝ အထိ ဈေးအတက်ကို စောင့်ဆိုင်းနေကြစဉ် ပြုတ်ကျ သွားခဲ့ခြင်း ဖြစ်ကြောင်း ရှယ်ယာရောင်းဝယ်သူ ကိုဝင်းကျော်ဦးက ပြောသည်။

ဧပြီ ၅ ရက် နံနက်ပိုင်းက စုစုပေါင်းရှယ်ယာ အရောင်းအဝယ် ၂၂ဝ၉၆ ခု ဖြစ်ပေါ်ခဲ့ပြီး ရှယ်ယာ တစ်စုငွေကျပ် ၃ဝဝဝဝ ဖြင့် အရောင်းအဝယ်ဖြစ် ခဲ့သည်။ ယနေ့ဈေးတွင် ငွေကျပ် ၃၅ဝဝဝ ဖြင့် ဖွင့်လှစ်ခဲ့၍ ငွေကျပ် ၄ဝဝဝဝ အထိ ဈေးပြန်ရောက်ဖွယ်ရှိသည်။ ရှယ်ယာဈေးမှာ ဖွင့်သည့်ဈေးအပေါ် မူတည်သည်။

ဖွင့်သည့် ဈေးသည် ငွေကျပ် ၃၅ဝဝဝဖြင့် ဖွင့်ပါက ငွေကျပ် ၄ဝဝဝဝ အထိ တက်နိုင်သည်။ ကျလျှင်လည်း ငွေကျပ် ၃ဝဝဝဝ အထိသာ အနိမ့်ဆုံးဖြစ်သည်။ စတင်ဖွင့်သည့်ဈေး၏ အတက်အကျ မှာ ငွေကျပ် ၅ဝဝဝ စီ ကွာခြားမှုရှိသည်။

ရှယ်ယာဈေးကွက်ကို ရုံးပိတ်ရက်များမှအပ နေ့စဉ် ဖွင့်လှစ်ထားရာ တစ်နေ့လျှင် နံနက် ၁၁ နာရီတစ်ကြိမ်နှင့် မွန်းလွဲ ၁ နာရီတစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ဖွင့်လှစ်ပေး လျက်ရှိသည်။ မွန်းလွဲ ၁ နာရီဖွင့်သည့်ဈေး သည် နောက်နေ့နံနက် ၉ နာရီခွဲတွင် ဖွင့်သည့်ဈေးနှင့် အတူတူ ဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်းစတော့ရှယ်ယာများကို ပြီးခဲ့ သည့်လကုန်ပိုင်းက စတင်ဖွင့်လှစ်ရောင်းချခဲ့ရာ စတင် ဖွင့်လှစ်သည့်နေ့မှာပင် ငွေကျပ် ၃၁ဝဝဝ အထိ ဈေးရှိခဲ့ သည်။ မတ် ၂၅ ရက်နောက်ပိုင်း စတော့ရှယ်ယာဝယ်လို အားကောင်းလာခဲ့ပြီး လကုန်ပိုင်းတွင် အမြင့်ဆုံးငွေကျပ် ၄၁ဝဝဝ အထိ မြင့်တက်ခဲ့သည်။ သို့သော်လည်း ဧပြီ ၅ ရက် နံနက်ပိုင်းက အဖွင့်ဈေးငွေကျပ် ၃၅ဝဝဝ ဖြစ်ခဲ့သော် လည်း ဝယ်လိုအားကြောင့်ငွေကျပ် ၅ဝဝဝ ပြန်ကျသွားခဲ့သည်။

စတော့ရှယ်ယာဈေးမှာ အမေရိကန်ဒေါ်လာဈေး အပေါ်တွင်လည်း အခြေခံကြောင်း စတော့ရှယ်ယာ ရောင်းဝယ်သူတစ်ဦးက ပြောသည်။ ဧပြီ ၅ ရက် နံနက်ပိုင်းက အမေရိကန်တစ်ဒေါ်လာလျှင်ငွေကျပ် ၁၂ဝ၅ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ သိရသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service