အိမ်ခြံမြေဈေးကွက်ဖွံ့ဖြိုးမှု နှေးကွေးခဲ့ပြီး စီးပွားရေးဖွံ့ဖြိုးမှုနှုန်းနှေးကွေးကျဆင်းမှုများနှင့် ရင်
ဆိုင်ခဲ့ရသဖြင့် နိုင်ငံတွင်း မြေယာရောင်းချရမှုများ ၂၀၁၅ ခုနှစ်တွင် သိသိသာသာကျဆင်းခဲ့
ကြောင်း တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနက ဧပြီ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဒေသဆိုင်ရာအစိုးရများမှ မြေယာရောင်းချမှုများသည် ၂၀၁၄ ခုနှစ်ကထက် ၂၀၁၅ ခုနှစ်တွင်
ယွမ် ၃ ဒသမ ၃၇ ထရီလျံ (အမေရိကန်ဒေါ်လာ ၅၂၁ ဘီလျံ)သို့ ၂၁ ဒသမ ၆ ရာခိုင်နှုန်း ကျ
ဆင်းခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ၀ဘ်ဆိုဒ်တွင် ဖော်ပြခဲ့သည်။
တရုတ်အရှေ့ပိုင်းတွင် ရောင်းအားသည် ၂၀၁၄ ခုနှစ်ကထက် ၂၃ ဒသမ ၆ ရာခိုင်နှုန်း ကျ
တင်းခဲ့ပြီး အလယ်ပိုင်းတွင် ၁၇ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ အနောက်ပိုင်းတွင် ၂၁ ဒ
သမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
လက်တစ်ဆုပ်စာမြို့များနှင့် ပြည်နယ်အဆင့် ဒေသများတွင်သာ ရောင်းအား မြင့်တက်ခဲ့သည်။
ရောင်းအားအမြင့်တက်ဆုံးဖြစ်ခဲ့သော စန်းကျန်း (Shenzhen) မြို့တွင် မြေယာရောင်းချရမှု
သည် ၂၀၁၄ ခုနှစ်ကထက် ၃၆ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။
လျောင်နင်းပြည်နယ်ရှိ Dalian မြို့တွင် မြေယာရောင်းအား ၂၀၁၄ ခုနှစ်ကထက် ၅၆ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး မြေယာရောင်းအားအကျဆင်းဆုံးမြို့ဖြစ်ခဲ့ သည်။
ပံ့ပိုးခဲ့သည့် မြေယာဧရိယာသည်လည်း ၂၂၁,၄၀၀ ဟက်တာရှိခဲ့ပြီး ၂၀၁၄ ခုနှစ်ကထက်
၂၀၁၅ ခုနှစ်တွင် ၁၈ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ စီးပွားဖြစ်အသုံးပြုရန်အတွက်
မြေယာဧရိယာများသည် ၂၄ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ နေအိမ်များအတွက် မြေ
ယာဧရိယာက ၁၉ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ယင်းဘဏ္ဍာရေးဝန်ကြီးဌာနက စောင့်ကြည့်ခဲ့သည့် မြို့ ၁၀၅ မြို့တွင် ၂၀၁၅ ခုနှစ်က မြေယာ
ဈေးများ အနည်းငယ်မြင့်တက်ခဲ့သည်။ အိမ်ယာစီမံကိန်းများအတွက် မြေနေရာဈေးနှုန်းများ
၁ စတုရန်းမီတာလျှင် ၅,၄၈၄ ယွမ် (အမေရိကန်ဒေါ်လာ ၈၄၇) ရှိခဲ့ပြီး ၂၀၁၄ ခုနှစ်ကထက်
၃ ဒသမ ၉၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
စီးပွားဖြစ်မြေယာဈေးနှုန်းများသည်လည်း ၂ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၁ စတုရန်းမီတာ
လျှင် ၆,၇၂၉ ယွမ် (အမေရိကန်ဒေါ်လာ ၁,၀၄၀) ရှိခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)