အင်္ဂလန်ဘုရင်မကြီး၏ ဘ၀တစ်သက်တာအတွင်း အင်္ဂလန်အိမ်ခြံမြေဈေးနှုန်းရာခိုင်နှုန်း ၄၇၀၀၀ ခန့် မြင့်တက်

အင်္ဂလန်ဘုရင်မကြီး၏ ဘ၀တစ်သက်တာအတွင်း အင်္ဂလန်အိမ်ခြံမြေဈေးနှုန်းရာခိုင်နှုန်း ၄၇၀၀၀ ခန့် မြင့်တက် - Property News in Myanmar from iMyanmarHouse.com
6 Apr 2016 11:11 am တွင် တင်ခဲ့သည်
1167 ကြိမ် ကြည့်ရှု့ပြီး
အင်္ဂလန်ဘုရင်မကြီးအဲလစ်ဇဘက် II သည် ဧပြီ ၂၁ ရက်တွင် သက်တော် ၉၀ ပြည့်ပြီဖြစ်ပြီး ဘုရင်မကြီးဖွားမြင်စဉ် ကာလက အင်္ဂလန်အိမ်ခြံမြေ ပျှမ်းမျှဈေးနှုန်းပေါင် ၆၀၀ ကျော်သာရှိခဲ့ရာမှ ယခုအခါ ပျှမ်းမျှဈေးနှုန်းပေါင် ၂၉၁၀၀၀ ရှိလာရာအဆပေါင်း ၄၇၁ ဆ၊ ရာခိုင်နှုန်း ၄၇၀၀၀ ကျော်မြင့်တက် သွားခြင်းဖြစ်ကြောင်း အင်္ဂလန်အခြေစိုက် အိမ်ခြံမြေ၀က်ဘ်ဆိုက်တစ်ခု တွင် ဖော်ပြသည်။

၁၉၅၃ ခုနှစ်၊ ဘုရင်မကြီးထီးနန်းအရိုက်အရာရယူစဉ်က ပျှမ်းမျှအိမ်ခြံမြေဈေးနှုန်းမှာ ၂၀၀၆ ပေါင် ဖြစ်သည်။ မေဖဲယားတွင် ဘုရင်မကြီးမွေးဖွားစဉ် ၁၉၂၆ ခုနှစ်က ဗြိတိန်၏ ပျှမ်းမျှအိမ်ခြံမြေဈေးနှုန်းမှာ ၆၁၉ ပေါင် ဖြစ်သည်။

နှိုင်းယှဉ်ရမည်ဆိုလျှင် ၁၉၂၆ ခုနှစ်က နို့တစ်ပုလင်းဈေးနှုန်းမှာ ၁ ဒသမ ၃ ပေါင်ရှိပြီးယနေ့ပေါက်ဈေးမှာ ၄၂ ပေါင်သာရှိသည်။ အိမ်ခြံမြေဈေးတက်မှုနှုန်း အတိုင်းဆိုပါက ယနေ့ခေတ်နို့တစ်ပုလင်းဈေးနှုန်းမှာ ၆၁၂ ဒသမ ၅၇ ပေါင် ဖြစ်ရမည် ဖြစ်သည်။

လာမည့် နှစ်ပေါင်း ၉၀ အတွင်းတွင်လည်း အင်္ဂလန်အိမ်ခြံမြေဈေးနှုန်း သည် အဆပေါင်း ၄၇၁ ဆ ဆက်လက်မြင့်တက်လိမ့်မည်ဟုဆိုကြသည်။ အကယ်၍ အင်္ဂလန်အိမ်ခြံမြေဈေးနှုန်းသည် ပျှမ်းမျှတစ်နှစ်လျှင် ၆ ဒသမ ၇ ရာခိုင်နှုန်းယခင်အတိုင်းဆက်လက်မြင့်တက်နေမည် ဆိုပါကချားလ်စ်မင်းသား၏ အသက် ၉၀ ပြည့်မွေးနေ့ဖြစ်သော ၂၀၃၈ ခုနှစ်တွင် အင်္ဂလန်၏ ပျှမ်းမျှအိမ်ခြံမြေဈေးနှုန်းမှာ ပေါင် ၁ ဒသမ ၃ သန်းအထိရှိ မည်ဖြစ်ပြီး မင်းသားဝီလျံ အသက် ၉၀ ပြည့်မည့် ၂၀၇၂ ခုနှစ်တွင် ပေါင် ၁၁ ဒသမ ၃ သန်း ဖြစ်နေမည် ဖြစ်သည်။

မင်းသားဂျော့ခ်ျမှာမူ ၂၀၁၃ ခုနှစ်တွင်မှ မွေးဖွားခဲ့ခြင်းဖြစ်ရာ သူ၏ အသက် ၉၀ ပြည့်ချိန်တွင် အင်္ဂလန်၏ ပျှမ်းမျှအိမ်ခြံမြေပေါက်ဈေးမှာပေါင် ၈၆ သန်းအထိပင် ရှိနေမည် ဖြစ်သည်။ အင်္ဂလန်အိမ်ခြံမြေဈေးတက်နှုန်း မှာရွှေထက်ပင် ကျော်လွန်နေသည်။

၁၉၂၆ တွင် ရွှေတစ်အောင်စဈေးနှုန်း ၄ ဒသမ ၂၅ ပေါင်မှ ယနေ့တွင် ၈၇၆ ပေါင်သို့ ဈေးနှုန်းမြင့်တက်ခဲ့ရာ ရာခိုင်နှုန်းအားဖြင့် ၁၁၆၈၅ သာ ဖြစ်သည်။
ယင်းသို့ အင်္ဂလန်အိမ်ခြံမြေဈေးနှုန်းများ မြင့်တက် ရခြင်းမှာလူဦးရေတိုးပွားခြင်း၊ ကျန်းမာခြင်း၊ နေအိမ်ပိုင်ဆိုင်ရန် ကြိုးပမ်းကြခြင်း၊ နေအိမ်သစ်ဆောက်လုပ်မှု မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်းသုံးသပ်ကြသည်။

ယခင်ကအင်္ဂလန်အိမ်ဈေးနှုန်းမြင့်တက်မှုမှာယခုကဲ့သို့ မဟုတ်ဘဲပုံမှန်နှုန်းသာရှိသည်။
၁၉၂၆ မှ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားချိန်အကြားကာလကို ကြည့်မည်ဆိုလျှင် ပေါင် ၄၀ မှ ၆၅၉ ပေါင်သို့သာ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ အင်္ဂလန်နိုင်ငံ၊ ကမ္ဘာ့ဖလားဘောလုံးပွဲဗိုလ်စွဲချိန်တွင် အိမ်ခြံမြေပျှမ်းမျှပေါက်ဈေးမှာ ၃၈၄၀ ပေါင် ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အင်္ဂလန်ဘုရင်မကြီး၏ ဘ၀တစ်သက်တာအတွင်း အင်္ဂလန်အိမ်ခြံမြေဈေးနှုန်းရာခိုင်နှုန်း ၄၇၀၀၀ ခန့် မြင့်တက် - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်ဘုရင်မကြီး၏ ဘ၀တစ်သက်တာအတွင်း အင်္ဂလန်အိမ်ခြံမြေဈေးနှုန်းရာခိုင်နှုန်း ၄၇၀၀၀ ခန့် မြင့်တက် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service