ဖူးခက်တွင် ကွန်ဒိုရောင်းအားကောင်းနေပြီးလုံးချင်းအရောင်းထိုင်းလျက်ရှိ

ဖူးခက်တွင် ကွန်ဒိုရောင်းအားကောင်းနေပြီးလုံးချင်းအရောင်းထိုင်းလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
5 Apr 2016 11:54 am တွင် တင်ခဲ့သည်
1181 ကြိမ် ကြည့်ရှု့ပြီး
ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ တွင် ကွန်ဒိုမီနီယံ တိုက်ခန်းများ ရောင်း အားကောင်း လျက်ရှိပြီးလုံးချင်းအိမ်များ အရောင်း အ၀ယ်အေးနေကြောင်း ထိုင်းအခြေစိုက် အိမ်ခြံမြေအတိုင်ပင်ခံအဖွဲ့ဖြစ်သောCBRE Thailand က ထုတ်ပြန်သည်။ အဆိုပါအဖွဲ့ကထုတ်ပြန်သော ဖူးခက် အိမ်ခြံမြေဈေးကွက် စစ်တမ်းတွင် ဖော်ပြထားရာ၌ ကွန်ဒိုခန်းများ သည် ၀ယ်လက်များအကြား ဆက်လက်ရေပန်းစားနေဦး မည်ဖြစ်ကြောင်းဖော်ပြထားသည်။

၂၀၁၅ ခုနှစ် နောက်ဆုံးသုံး လပတ်ကာလအတွင်း ဖူးခက်ကွန်ဒိုအရောင်းပမာဏမှာ ၅၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်းအဆိုပါစစ်တမ်းတွင် ဖော်ပြ သည်။ ယင်းကဏ္ဍတွင် Developer တို့ပစ်မှတ်ထားသည်မှာအမှန်တကယ်နေထိုင်မည့် end-users များမဟုတ်ဘဲ ရင်းနှီးမြှုပ်နှံထားလို သူများသို့သာပစ်မှတ်ထားကြခြင်း ဖြစ်သည်။
ဖူးခက်တွင် လက်ရှိအားဖြင့် အပန်းဖြေကွန်ဒိုခန်းပေါင်း ၆၂၀၀ ဆောက်လုပ်ပြီးစီးသွားပြီဖြစ်ပြီးအခန်းပေါင်း ၄၅၀၀ မှာမူဆောက်လုပ်နေဆဲဖြစ်ကာ ၂၀၁၈ ခုနှစ်တွင် အပြီးသတ်နိုင်မည်ဟုမျှော်မှန်းထားသည်။

ဖူးခက်အိမ်ခြံမြေဈေးကွက်တွင် အနောက်တိုင်းဝယ်လက်များ၏ ၀ယ်ယူမှုများ မြင့်မားသော်လည်း တရုတ်ဝယ်လက်များ ၀ယ်ယူမှု နည်းပါးနေသေးသည်။
သို့ရာတွင် အနာဂတ်၌ တရုတ်ဝယ်လက်တို့၏ နေအိမ်ဝယ်ယူမှုများ မြင့်တက်လာမည်ဟုCBRE Thailand ကခန့်မှန်းထားသည်။

လုံးချင်းနေအိမ်များထက် ကွန်ဒိုခန်းများအရောင်းအ၀ယ်ပိုဖြစ်နေခြင်းမှာ ၀ယ်လက်တို့သည် ငွေပြန်ရနိုင်မည့် အလားအလာကိုတွက်ဆမှုများကြောင့် ဖြစ်သည်ဟုဆိုသည်။
ဖူးခက်လုံးချင်းအိမ်ဈေးကွက်သည် ဆက်လက်အေးစက်နေဦး မည်ဖြစ်သော်လည်း ကမ္ဘာလုံးဆိုင်ရာစီးပွားရေး ပြန်လည်ဦးမော့လာပါ ကဖူးခက်လုံးချင်းအိမ်ဈေးကွက် သည်လည်းအခြေအနေ ကောင်းလာမည်ဟု ခန့်မှန်းထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဖူးခက်တွင် ကွန်ဒိုရောင်းအားကောင်းနေပြီးလုံးချင်းအရောင်းထိုင်းလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
ဖူးခက်တွင် ကွန်ဒိုရောင်းအားကောင်းနေပြီးလုံးချင်းအရောင်းထိုင်းလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
ဖူးခက်တွင် ကွန်ဒိုရောင်းအားကောင်းနေပြီးလုံးချင်းအရောင်းထိုင်းလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
ဖူးခက်တွင် ကွန်ဒိုရောင်းအားကောင်းနေပြီးလုံးချင်းအရောင်းထိုင်းလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
ဖူးခက်တွင် ကွန်ဒိုရောင်းအားကောင်းနေပြီးလုံးချင်းအရောင်းထိုင်းလျက်ရှိ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service