မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေကဏ္ဍမှာ တိုးတက်မှုနည်းနေပေမဲ့ ပင်လယ်ကမ်းနားမြို့ဖြစ်တဲ့ မြိတ်မြို့မှာ လူနေတိုက်ခန်းရော ၊ ရုံးခန်းပါပါဝင်တဲ့ အိမ်ရာစီမံကိန်းတစ်ခုကို ပူးတွဲတည်ဆောက်သွားဖို့ ဟောင်ကောင်က Future Group ကုမ္ပဏီလီမိတက်နဲ့ Pyay Rhyo Tun International ကုမ္ပဏီလီမိတက်တို့က စောင့်ကြည့်နေပါတယ်။ ပြင်သစ်ဟိုတယ်လုပ်ငန်းစုတစ်ခုဖြစ်တဲ့ Accor လုပ်ငန်းစုကလည်း ၂၀၁၉ ခုနှစ်မှာ ဟိုတယ်ခြောက်ခုကို ထပ်တိုးဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
ဟောင်ကောင်အခြေစိုက် Future Group က မြိတ်မှာ ဒေါ်လာသန်း ၁၅၀ တန်စီမံကိန်းကို စတင်သွားမှာဖြစ်ပါတယ်။ ဟောင်ကောင်အခြေစိုက် Future Group ကုမ္ပဏီလီမိတက်နဲ့ Pyay Phyo Tun ကုမ္ပဏီလီမိတက်တို့က မြန်မာနိုင်ငံတောင်ဘက်စွန်းမှာရှိတဲ့ ပင်လယ်ကမ်းနားမြို့ဖြစ်တဲ့ မြိတ်မြို့မှာ နိုင်ငံတကာအဆင့်မီ ပင်လယ်ရှု့ခင်းပါ ကွန်ဒိုအဆောက်အအုံကို အကောင်အထည်ဖော်သွားဖို့ စီစဉ်နေပါတယ်။
သည်အိမ်ရာတည်ဆောက်မှုမှာ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တွေနဲ့ အထပ် ၃၀ ပါတဲ့ ပင်လယ်ရူခင်းပါ ကွန်ဒိုအဆောက်အအုံတို့ပါဝင်မှာဖြစ်ပါတယ်။ ဟောင်ကောင်အခြေစိုက် Future Group ကုမ္ပဏီလီမိတက်ကလည်း ဆောက်လုပ်ရေးစီမံကိန်းမှာ ပါဝင်လုပ်ဆောင်မှာဖြစ်ပါတယ်။
၂၀၁၆ ခုနှစ် ဧပြီလမှာ လုပ်ငန်းစတင်မယ်လို့ ယူဆရပါတယ်။ ၁၃ ဧက ကျယ်ဝန်းတဲ့ မြေနေရာပေါ်မှာ တည်ဆောက်သွားမှာဖြစ်တဲ့ အိမ်ရာစီမံကိန်းမှာ အခန်းပေါင်း ၂၀၀၀ ပါဝင်မှာဖြစ်ပါတယ်။ Pyay Phyo Tun International ကုမ္ပဏီလီမိတက်က ပင်လယ်ငါးတင်ပို့တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး ၁၉၉၃ ဝန်းကျင်က မြန်မာနိုင်ငံမှာ တည်ထောင်ခဲ့ပါတယ်။ သည်ကုမ္ပဏီက ဟောင်ကောင် ၊ တရုပ်နဲ့ ထိုင်ဝမ်တို့ဆီက ငါးတင်ပို့ပါတယ်။ Accor Hotels ကလည်း စီမံကိန်းခြောက်ခုတည်ဆောက်သွားမှာဖြစ်ပါတယ်။ နိုင်ငံ ၉၄ နိုင်ငံမှာ လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ ပြင်သစ်ဟိုတယ်လုပ်ငန်းစု Accor Hotel က ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံမှာ ဟိုတယ်အသစ်ခြောက်ခုတည်ဆောက်ဖို့ စောင့်ကြည့်နေပါတယ်။
Credit: The Kumudra