ရေနက်ကွင်းများမှသည် ရွှေရောင်လွှမ်းသည့် ဘ၀များစွာဆီသို

ရေနက်ကွင်းများမှသည် ရွှေရောင်လွှမ်းသည့် ဘ၀များစွာဆီသို - Property News in Myanmar from iMyanmarHouse.com
5 Apr 2016 10:22 am တွင် တင်ခဲ့သည်
1171 ကြိမ် ကြည့်ရှု့ပြီး
စစ်ကိုင်းတံတားကြီး၏ သံမဏိ ပေါင်အခုံးများကို ပုရစ်ဖူးစ သစ်ပင်တန်းအပေါ်မှ ကျော်မြင်နေရပြီး ရွှေကြက်ယက်ဘုရားကိုလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး စစ်ကိုင်းလမ်းခွဲပေါ်မှ ကြည်ညိုဖွယ် ဖူးတွေ့ရသည်။ စစ်ကိုင်း-မန္တလေး လမ်းမကြီးနံဘေး၌ လွန်ခဲ့သည့်နှစ် များက မြင်တွေ့ခဲ့ရသည့်ထိုးထိုး ထောင်ထောင်ကျူပင်များနှင့် ရေအိုင်ကျယ်ကျယ် မြင်ကွင်းအစားယခုသဲမြေများဖို့ကာ
မြေညှိနေသည့် ယာဉ်ယန္တရားကြီးများကို တွေ့မြင် ရသည့်အတွက် စီမံကိန်းတစ်ခု တည်ဆောက်တော့မည်ဟု သုံးသပ် တွေးတောမိသည်။

အမရပူရမြို့နယ်သည်မရောက် ဖြစ်ခဲ့သည့် နှစ်ကာလများအတွင်း ဖွံ့ဖြိုးတိုးတက်လာသည်ကို မြင်တွေ့ ရသည့်အတွက် ကျေနပ်မိသည်။ နွေကာလပူပြင်းသည့်
နေအရှိန် အောက်တွင်ပင်ဘုရားဖူးများ ဖြင့် ပြည့်ကျပ်စည်ကားနေသော မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ် ဆင်ရွာ-မြင်းမှူးကျေးရွာရှိ ဝေရောစနကျောက်စိမ်းစေတီတော် မြတ်ကြီးကိုဖူးမြော်ရန်ရောက်ရှိသည့်အခိုက်အတန့်ကာလအတွင်း ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအရိပ် လက္ခဏာများကို စိတ်ဝင်စားဖွယ် လေ့လာတွေ့ရှိရသည်။

ကျောက်စိမ်းစေတီတော်ကြီး သည် မန္တလာမြေ၏ အထင်ကရ နေရာတစ်ခုအဖြစ် ကြည်ညိုဖွယ် ထပ်တိုးပါဝင်လာခဲ့ပြီးတည် ဆောက်ဆဲ ကျောက်စိမ်း
ကျောက် မျက်ဈေးကြီးကိုလည်း တွေ့ရှိခဲ့ရ သည်။

ကျောက်စိမ်း စေတီတော်၊ ကျောက်စိမ်းကျောက်မျက်ဈေးနှင့် တစ်ဆက်တစ်စပ်တည်း ကျောက် စိမ်းဥယျာဉ်စီမံကိန်းကို အကောင် အထည်ဖော်နေသည်ဟု ကြားသိ လိုက်ရသည့်အခါ ယာဉ်ယန္တရားကြီး များ လှုပ်ရှားဆောင်ရွက်နေခြင်း သည် ကျောက်စိမ်းဥယျာဉ် စီမံကိန်းဖြစ်မည်မှာ တပ်အပ် သေချာသွားခဲ့ပြီး စီမံကိန်းအကောင် အထည်ဖော် ဆောင်ရွက်သူများ နှင့် စာရေးသူတွေ့ဆုံမေးမြန်း ဖြစ်ခဲ့သည်။

''စီမံကိန်းအကောင်အထည် ဖော်တဲ့နေရာမှာ ဒေသခံနဲ့လုပ်ငန်း ရှင် တစ်သားတည်းကျပြီး ဒေသ အတွက် တိုးတက်ရာ တိုးတက် ကြောင်း လုပ်ဆောင်ပေးတာဖြစ် လို့ မြေယာပြဿသာနာကိစ္စတွေကအစ ဘာပြဿသာနာမှ မရှိခဲ့ဘူး။ ပြဿသာနာ တွေမရှိအောင်လည်း ကျွန်တော် တို့က ပွင့်လင်းမြင်သာစွာနဲ့ ဆောင်ရွက်ပေးခဲ့တယ်။ လက်တွေ့ လည်းလုပ်ဆောင်ပြပါတယ်။ဥပဒေနဲ့အညီ ဆောင်ရွက်ပါ
တယ်။ ပြီးတော့ တိုင်းဒေသကြီး ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒီစီမံကိန်းကနေ တန်ဖိုးနည်းအိမ်ရာတွေ တည်ဆောက် ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပေးအပ်သွားမှာဖြစ်ပါတယ်။

စီမံကိန်း ဆောင်ရွက်ခဲ့တဲ့ သုံးနှစ်တာကာလ အတွင်း ဒေသခံတွေရဲ့ထောက်ခံမှုကို ရရှိခဲ့ပါတယ်။ စီမံကိန်းလုပ်ငန်းတွေ အစစအရာရာ အဆင်ပြေအောင် တိုင်းဒေသကြီး အစိုးရအဖွဲ့အပါအဝင် ဒေသခံတွေနဲ့ပါ အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်'' ဟု ကျောက်စိမ်း စေတီတော်မြတ်ကြီး၏ အလှူရှင် လည်းဖြစ် စီမံကိန်းတွင်ပါဝင်ဆောင်ရွက်နေသူလည်းဖြစ်သည့်
အေးအေး ခိုင်ကုမ္ပဏီမှ ဦးစိုးနိုင်က ပြောသည်။

အမရပူရမြို့နယ်ရှိ တပ်ကြီး၊ ရွှေလေး၊ ဘုံးအိုးနှင့် ဆင်ရွာ-မြင်းမှူး ကျေးရွာရေနက်ကွင်းများကို ကျောက် စိမ်းဥယျာဉ်စီမံကိန်းအဖြစ် တက်လမ်း ကုမ္ပဏီလီမိတက်၊ မန်းအမရဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက်၊ အယ်ဖာလီယို ဆောက်လုပ်ရေးကုမ္ပဏီလီမိတက် နှင့် အေးအေးခိုင်ကုမ္ပဏီလီမိတက်တို့ကအကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိကြောင်းသိရှိရပြီး စီမံ ကိန်းဧရိယာအားဖြင့် ဧက ၆ဝဝ ကျော်ရှိကြောင်း သိရသည်။

''အရင်ကတော့ ဓားမဦးချ တောင်သူလုပ်ငန်းလုပ်တော့ ဖွံ့ဖြိုးမှု အားနည်းတယ်။ ရေနက်ကွင်းကြီးထဲ မှာဆိုတော့ ရေမရှိတဲ့အချိန်ရောက်မှ ယာလုပ်ငန်းကို လုပ်ရတာဖြစ်လို့ အကျိုးအမြတ်နည်းတယ်။ အခုတော့ ကျောက်စိမ်းစေတီတော် တည်ပြီး နောက်ပိုင်း ဒီစီမံကိန်းတွေလုပ် တော့ ပိုပြီးဖွံ့ဖြိုးတိုးတက်လာတယ်။ သူတို့ကလည်း စီမံကိန်းဒေသတွင်း မှာရှိတဲ့ ကျေးရွာတွေဖွံ့ဖြိုးတိုးတက်ဖို့ အစစအရာရာကူညီပေးတယ်။ ဒီလို စီမံကိန်းကိစ္စတွေမှာ မြေယာပြဿနာ ကိစ္စမျိုးတွေ ရှိတတ်ကြပေမယ့် ကျွန်တော်တို့ဆီမှာ ဘာပြဿနာမှ မရှိဘူး။ ကျွန်တော်တို့ရွာမြေတွေ ဈေးကောင်းရတော့ လက်ရက်ကန်း အဆင့်လုပ်ကိုင်နေကြရာကနေ စက် ရက်ကန်းတွေအဖြစ် ပြောင်းလဲ လုပ်ကိုင်နိုင်ကြပြီ၊ ပိုပြီး တွက်ခြေကိုက်တယ်''ဟုစီမံကိန်းဧရိယာပါ ရွှေလေးကျေးရွာမှ ဦးဝင်းအောင်က ပြောပြသည်။

''ကျွန်တော်တို့ဒေသမှာ အမရ ပူရမြို့နယ် တပ်ကြီးကွင်း၊ ဆင်ရွာ-မြင်းမှူးကွင်း၊ဘုံးအိုးကျေးရွာကွင်း၊ ရွှေလေးကွင်းဆိုပြီး ရေနက်ကွင်း လေးကွင်းရှိပါတယ်။ ဒီရေနက်ကွင်း တွေက ဧရာဝတီမြစ်ရေဝင်ပြီး ရေတင်ကျန်နေတဲ့ ရေနက်ကွင်းတွေ ဖြစ်တယ်။ ဒီရေတွေဟာ ၁၅ ပေ၊ ပေ ၂ဝ အထိ နက်တယ်။ အဲဒီတော့ စိုက်ပျိုးဖို့ ခက်ခဲတယ်။ စိုက်တော့ လည်း အကျိုးများများမရဘူး။

''ဒီရေနက်ကွင်းတွေထဲမှာ ပါနေ တဲ့ရွာတွေမှာ အဓိကအားဖြင့် အိုးလုပ်ငန်း၊ လက်ရက်ကန်းလုပ်ငန်းနဲ့ ကြက်၊ ဘဲ မွေးမြူရေးလုပ်ငန်းတွေ လုပ်ကိုင်ကြပြီး အခြေခံလူတန်းစား တွေများတယ်။ ဒါ့ကြောင် ဒီရေနက် ကွင်းနေရာတွေမှာ ဥယျာဉ်စီမံကိန်း ဖော်ဖို့ လွန်ခဲ့တဲ့ ငါးနှစ်ကျော်က စိတ်ကူးရခဲ့တယ်။ ဒီဒေသက မြေဈေး ကလည်း အဲ့ဒီအချိန်မှာ ငွေကျပ် ၁၅ သိန်းကနေ သိန်း ၆ဝ အထိပဲရှိတယ်။ မြေဈေးက တန်ဖိုးမများပေမယ့် တစ်ဦးတည်း မတတ်နိုင်ဘူး။ ဒါ့ကြောင့် အခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး တောင်သူတွေဆီကနေ တောင်သူကိုယ်တိုင်
ကျေနပ်တဲ့ ပေါက်ဈေးနဲ့ ဝယ်ပါတယ်။ ဒီလိုနဲ့ ဒီစိုက်ပျိုးမရတဲ့ မြေဟာ အခု ပေါက်ဈေး သိန်းထောင်ဂဏန်းအထိ ဖြစ်လာတယ်။ တောင်သူတွေအတွက် စိုက်ပျိုးလို့မရတဲ့မြေတွေဟာ သိန်း ပေါင်းထောင်ချီတန်ဖိုးရလာတဲ့အခါ သူတို့အတွက် အကျိုးကျေးဇူးတွေ ပိုရလာတယ်။ သူတို့ရဲ့ အလုပ်အကိုင် တွေကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်လာတယ်။ အရင်ကနဲ့မတူ အောင်ကို ဖွံ့ဖြိုးတိုးတက်တဲ့ရွာကြီး တွေဖြစ်နေပါပြီ။''

''ဒေသခံတွေရဲ့ အလုပ်အကိုင်နဲ့ စားဝတ်နေရေးကို အထောက်အကူ ပေးနိုင်အောင် ဆောင်ရွက်ပေးတယ်။ လမ်း၊ တံတား၊ လျှပ်စစ်မီး၊ ဆေးရုံ၊ ကျောင်း၊ စာကြည့်တိုက်စတဲ့ကျေးရွာ ဖွံ့ဖြိုးရေး အခြေခံအဆောက်အအုံ တွေ ပိုမိုဖွံ့ဖြိုးလာအောင်ပါ။

''အဓိကကတော့လုပ်ငန်းရှင်လည်းလုပ်သာကိုင်သာ၊ ဒေသလည်းအကျိုးရှိတာမျိုး ဆောင်ရွက်ပါတယ်။ ဒေသတိုး
တက်ရေးကို လက်တွေ့ ဆောင်ရွက်သလို ဒီစီမံကိန်းနဲ့ တစ်ဆက်တစ်စပ်တည်း ကျောက်စိမ်း စေတီတော်ကို ၂ဝ၁၁ ခုနှစ်မှာ စတည်ခဲ့တယ်။ ပြီးတော့ ကျောက်စိမ်း ကျောက်မျက်ဈေးကို ၂ဝ၁၃ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့တယ်။

''အခု အကောင်အထည်ဖော်နေ တဲ့ ကျောက်စိမ်းဥယျာဉ်စီမံကိန်းက တော့ ရာခိုင်နှုန်းအားဖြင့် ၁ဝ ရာခိုင် နှုန်းလောက်တော့ ပြီးစီးပါပြီ။ မြေဖို့ လုပ်ငန်းတွေ၊ လမ်းဖောက်တဲ့လုပ်ငန်း တွေ အခုလုပ်နေပါတယ်။ တိုးတက် များပြားလာတဲ့ လူဦးရေအတွက် ပြောင်းလဲလာတဲ့ လူနေမှုစနစ်နဲ့အညီ ဖော်ဆောင်ထားတဲ့ ဒီလိုဥယျာဉ် စီမံကိန်းတွေဟာ လိုအပ်ပါတယ်။

ဒီစီမံကိန်းအတွက် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုတွေ၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေကိုလည်း ခေါ်ယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်'' ဟု ဦးစိုးနိုင်က စီမံကိန်းဆောင်ရွက်လျက် ရှိသည့်အခြေအနေများကို ပြောပြ သည်။

''ဒီစီမံကိန်းနဲ့အတူ ပတ်ဝန်းကျင် ကျေးရွာတွေ ဖွံ့ဖြိုးတိုးတက်လာမယ်။ ပြီးတော့ ဆေးရုံးတွေ၊ စာသင်ကျောင်း တွေ၊ လမ်းပန်းဆက်သွယ်ရေး၊ အလုပ် အကိုင်အခွင့်အလမ်းတွေနဲ့ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာမယ်။ ဒီစီမံကိန်းလုပ်ငန်းတွေ လက်တွေ့ ကျကျ အကောင်အထည်ဖော်ဆောင် ရွက်နေတာကိုလည်း မြင်တွေ့ရပါ တယ်။ အရင်တုန်းကဆိုရင် မြေ တစ်ဧကကို သိန်းဂဏန်းသောင်း ဂဏန်းလောက်နဲ့ လာရောင်းချလည်း မဝယ်ရဲကြဘူး။ ဘာလို့လဲဆိုတော့ ရေနက်ကွင်းမို့ြေ>ွမပေါတယ်။ သစ်ပင် ပေါက်ရောက်မှု နည်းတယ်။ နောက်ပြီး စိုက်တဲ့သီးနှံဆိုရင်လည်း အောင်အောင်မြင်မြင်မရှိဘူး။ အရင်း တောင်ရှုံးတယ်။ အခုတော့ အဲဒီ ရေနက်ကွင်းမြေတွေက ရောင်းတဲ့သူ တွေအတွက် ဈေးကောင်းရတော့ အဆင်ပြေကြတယ်။ ပြီးတော့ ဒေသခံ ရွာသူ ရွာသားတွေလည်း စီမံကိန်း ထဲမှာ အလုပ်အကိုင်တွေရကြတယ်'' ဟု ဘုံးအိုးရွာသား ကိုမျိုးလွင်က စီမံကိန်းဧရိယာပါ ကျေးရွာများ၏ အခြေအနေများကို ပြောပြသည်။

ထို့အတူ တပ်ကြီးကျေးရွာမှ ဦးခင်မောင်ကြီးကလည်း ''ကျွန်တော် လည်း အထိုက်အလျောက် ရောင်း ထားတယ်။ ရောင်းတဲ့နေရာမှာ ဈေး ကောင်းရတော့ နောင်ရေးအတွက် လည်း မြေပြန်ဝယ်တယ်၊ တခြား လုပ်ငန်းတွေလည်း တိုးချဲ့လုပ်နိုင် တယ်။ တွက်ကြည့်ရင် ရေနက်ကွင်း မြေဆိုတော့ စိုက်ပျိုးနေရင် အကျိုး နည်းတယ်။ အခုလို ဈေးကောင်းလေး ရတော့ ပိုပြီး အကျိုးများအောင် ပွား လို့ ရတာပေါ့။ ထည်ထည်ဝါဝါလုပ်တာ မဟုတ်ပေမယ့် ဗုဒ္ဓဘာသာဝင်တစ်ဦး အနေနဲ့ လူထောင်နဲ့ချီပြီး ကျွေးမွေး ဧည့်ခံနိုင်၊ လှူနိုင်ခဲ့တယ်။ ဈေးထိုက် ထိုက်တန်တန်ရတဲ့အတွက် ကိုယ့် ဒေသမှာ အလှူအတန်းလုပ်နိုင် ခဲ့ပါတယ်'' ဟု ၄င်း၏ကိုယ်တွေ့ အတွေ့အကြုံကို ပြောသည်။

''ကျောက်စိမ်းဥယျာဉ် စီမံကိန်း လုပ်တော့ ကျွန်တော်တို့ရွာတွေ မြို့သစ်ပုံစံပေါ်လာတယ်။ တိုးတက် လာတယ်။ မြေတွေရောင်းချပေမယ့် တိုးပွားအောင် လုပ်ငန်းတွေ ပြန်ပြီးလုပ်ကြတယ်။ မြေကောင်း တွေ ပြန်ပြီး ဝယ်တဲ့သူတွေလည်း ရှိတယ်။ အရင်က ကျွန်တော် တောင်သူလုပ်တယ်။ ဒါပေမယ့် အခုမြေရောင်းရတာနဲ့ အိမ်တွင်းမှု လုပ်ငန်းတွေ ပြောင်းလုပ်တယ်။ တခြားလက်လှမ်းမီရာ လုပ်ငန်းတွေ လည်း လုပ်တယ်။ ရေနက်ကွင်းတွေ ကနေ အရင်းအနှီးတွေရခဲ့တဲ့ အတွက် လုပ်ငန်းပြောင်းလုပ်ဖို့ အဆင်ပြေတယ်'' ဟု ဆင်ရွာ-မြင်းမှူး ကျေးရွာမှ ဦးမြင့်ဆွေက ပြောပြသည်။

ပြုပြင်ပြောင်းလဲမှုများစွာဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အကောင် အထည်ဖော်ရာတွင် ဒေသတွင်း ဖွံ့ဖြိုးရေး ဆောင်ရွက်မှုများသည် လည်း တစ်ထောင့်တစ်ကဏ္ဍမှ ပါဝင်နေပေသည်။ ရေနက်ကွင်းများ အား ဒေသဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် ဆောင်ရွက်နေခြင်းသည် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ခန်း တစ်ကဏ္ဍပင်ဖြစ်သည်။ ရေနက် ကွင်းဒေသရှိ ပြည်သူတို့၏ ကျေနပ် အားရသည့်အသံများနှင့် ပီတိ အပြုံးများစွာကိုလည်း မြင်တွေ့ခဲ့ ရသည်။ ၄င်းတို့ထံတွင် မျှော်လင့် ချက်ရောင်ခြည်များလည်း ဖြာဝေ လျက်ရှိသည်။

မည်သို့ဆိုစေကာမူ ရေနက်ကွင်းများမှသည် ရွှေရောင် လွှမ်းသည့်ဘဝများစွာကို အကောင် အထည်ဖော် တည်ဆောက်နိုင်ကြ တော့မည်ဖြစ်သည်။ ။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service