ဗြိတိန်၏ အိမ်ခြံမြေဈေးနှုန်းများ ၁ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်

ဗြိတိန်၏ အိမ်ခြံမြေဈေးနှုန်းများ ၁ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက် - Property News in Myanmar from iMyanmarHouse.com
4 Apr 2016 12:25 pm တွင် တင်ခဲ့သည်
923 ကြိမ် ကြည့်ရှု့ပြီး
ပြီးခဲ့သောမတ်လအတွင်း ဗြိတိန်နိုင်ငံတစ်ဝန်း အိမ်ခြံမြေဈေးနှုန်းများမှာ ၁ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့ပြီး ပျှမ်းမျှအိမ်ခြံမြေဈေးနှုန်းမှာစတာလင်ပေါင် ၃၀၀၀၀၀ အထိဈေးတက်သွားခဲ့ကြောင်း ဗြိတိန်အခြေစိုက် နိုင်ငံတကာအိမ်ခြံမြေ ၀က်ဘ်ဆိုက်တစ်ခုဖြစ်သော Rightmoveတွင် ဖော်ပြသည်။
ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ပျှမ်းမျှအိမ်ခြံမြေခေါ်ဈေးမှာ ၇ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်သွားခဲ့သည်။

ယင်းပမာဏမှာလွန်ခဲ့သော ၁၀ နှစ်ခန့်က ဈေးနှုန်း များနှင့် နှိုင်းယှဉ်လျှင် ၅၀ ရာခိုင်နှုန်းအထိ မြင့်တက် သွားခြင်းလည်း ဖြစ်သည်။
ယခုကဲ့သို့ အိမ်ခြံမြေဈေးနှုန်းများ မြင့်တက် လာရခြင်းမှာဈေးကွက်အတွင်းတွင် ရောင်းလိုအားကျဆင်းမှုကြောင့်ဖြစ်ရာအိမ်ခြံမြေဆောက်လုပ်ရန်အတွက် မြေယာများပိုမိုရရှိနိုင်ရန် ကြိုးပမ်းပေးသွား မည်ဖြစ်ကြောင်း ဗြိတိန် ဘဏ္ဍာရေးဝန်ကြီးဂျော့ခ်ျ အော့စ်ဘွန်းကပြောကြားသည်။

မတ်လအတွင်း ဗြိတိန်နိုင်ငံတစ်ဝန်းတွင် အိမ်ခြံမြေခေါ်ဈေးမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့ရာတွင် အနောက်တောင်ပိုင်း၊ အရှေ့ မြောက်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် ၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

လန်ဒန်မြို့ ရှိကန်ဆင်တန်ကဲ့သို့သော ချမ်းသာသည့် လူနေရပ်ကွက်များ၏ အိမ်ခြံမြေဈေးနှုန်းများမှာမူ ၁ ဒသမ ၇ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပြီး ပျှမ်းမျှအိမ်ခြံမြေပေါက်ဈေးမှာ ၈၃၃၂၂၅ ပေါင် ဖြစ်သည်။

လန်ဒန်ရှိအခြားရပ်ကွက်များတွင်မူအိမ်ခြံမြေဈေးနှုန်း ၂ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ပျှမ်းမျှအိမ်ခြံမြေဈေးမှာစတာလင်ပေါင် ၅၁၇၂၀၁ အထိ မြင့်တက်ခဲ့သည်။ တန်ဖိုးကြီးအိမ်ခြံမြေများဈေး ကျဆင်းပြီးတန်ဖိုးနည်းအိမ်ခြံမြေတို့ ဈေးတက်ရခြင်းမှာ ၀ယ်လက်အများစုသည် တန်ဖိုးနည်းနေအိမ်များ ပိုမိုရှာဖွေလာကြသော ကြောင့်ဖြစ်ကြောင်း Rightmove တွင် ဖော်ပြသည်။

လန်ဒန်၏ ပျှမ်းမျှနေအိမ်ပေါက်ဈေးမှာစတာလင်ပေါင် ၆၄၄၀၄၅ ဖြစ်နေပြီးယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၁၁ ရာခိုင်နှုန်း မြင့်တက်သွားခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service