ဘဏ်များ၊ အာမခံလုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများ အပါအ၀င် တရုတ်ပြည်မကြီး
အခြေစိုက် ရင်းနှီးမြှုပ်နှံသူများသည် ၂၀၁၅ ခုနှစ်က နိုင်ငံခြားစီးပွားဖြစ်အိမ်ခြံမြေကဏ္ဍတွင်
အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၃၇ ဘီလျံ စံချိန်တင်ရင်းနှီးမြှုပ်နှံခဲ့ကြကြောင်း၊ ၂၀၁၄ ခုနှစ်
ကထက် ၄၁ ဒသမ ၅ ရာခိုင်နှုန်း ပိုမိုမြင့်တက်ခဲ့ကြောင်း မတ် ၃၁ ရက်တွင် နိုင်ငံတကာ စီးပွားဖြစ် အိမ်ခြံမြေ၀န်ဆောင် မှုလုပ်ငန်း DTZ/Cushman & Wakefield ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။
အာရှပိစိဖိတ်ဒေသတွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၈ ဒသမ ၁ ဘီလျံနှင့် အများဆုံး
ဖြစ်ခဲ့ပြီး ၂၀၁၄ ခုနှစ်ကထက် ၃ ဆနီးပါး မြင့်တက်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင်
ဖော်ပြခဲ့သည်။
တရုတ်ပြည်မကြီးရင်းနှီးမြှုပ်နှံသူတို့ကို ဆွဲဆောင်အားကောင်းဆဲ အမေရိကန်တွင် အမေရိကန်
ဒေါ်လာ ၄ ဒသမ ၃၇ ခန့် ရင်းနှီးမြှုပ်နှံခဲ့ပြီး ယင်းနောက်တွင် အနည်းငယ်မျှသာ ကွာဟသော
ရင်းနှီးမြှုပ်နှံမှုပမာဏများဖြင့် ဟောင်ကောင်၊ သြစတြေးလျ၊ ဆစ်ဒနီနှင့် မဲလ်ဘုန်းတို့က
ယင်းတရုတ်တို့၏ ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုများစာရင်းတွင် အစဉ်လိုက်ဖော်ပြခံခဲ့ရသည်။
"အမေရိကန်ကို လုံခြုံစိတ်အချရဆုံးဈေးကွက်တွေထဲက အလုံခြုံဆုံးအဖြစ် ရှုမြင်နေကြဆဲပါပဲ"
ဟု ယင်းကုမ္ပဏီ၏ တရုတ်တို့၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များဆိုင်ရာလေ့လာရေးအဖွဲ့ ခေါင်းဆောင် ဂျက်စတီနာဖန်က ပြောကြားခဲ့သည်။ "ယွမ်ဈေးကျပြီး ဒေါ်လာဈေးမာနေတာ
က တရုတ်ရင်းနှီးမြှုပ်နှံသူတွေအတွက် အမေရိကန်ဈေးကွက်ကို မျက်စိကျစေခဲ့ပါတယ်" ဟု
လည်း သူက ပြောကြားခဲ့သည်။
တရုတ်ရင်းနှီးမြှုပ်နှံသူများသည် ပြည်ပနိုင်ငံများတွင် ရုံးခန်းနေရာများကို အများဆုံးဝယ်ယူ
ခဲ့ကြဆဲဖြစ်ကာ ၂၀၁၅ ခုနှစ်တွင် ယင်းပြည်ပအိမ်ခြံမြေဈေးကွက်များတွင် စုစုပေါင်းရင်းနှီး
မြှုပ်နှံမှုများ၏ ၄၀ ရာခိုင်နှုန်းရှိခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)