၂၀၁၆ ကမ္ဘာလုံးဆိုင်ရာအိမ်ခြံမြေဈေးကွက်တွင်ယူအေအီးမှ အချမ်းသာဆုံးသူကြွယ်များ၏ ၆၁ ရာခိုင်နှုန်း ၀င်ရောက်ရင်းနှီးမြှုပ်နှံမည်

၂၀၁၆ ကမ္ဘာလုံးဆိုင်ရာအိမ်ခြံမြေဈေးကွက်တွင်ယူအေအီးမှ အချမ်းသာဆုံးသူကြွယ်များ၏ ၆၁ ရာခိုင်နှုန်း ၀င်ရောက်ရင်းနှီးမြှုပ်နှံမည် - Property News in Myanmar from iMyanmarHouse.com
1 Apr 2016 11:44 am တွင် တင်ခဲ့သည်
645 ကြိမ် ကြည့်ရှု့ပြီး
အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) မှ အချမ်းသာဆုံးသူကြွယ်များ၏ ၆၁ ရာခိုင်နှုန်းသည် ၂၀၁၆ ကမ္ဘာလုံးဆိုင်ရာအိမ်ခြံမြေဈေးကွက်တွင် ၀င်ရောက်ရင်းနှီးမြှုပ်နှံကြမည်ဖြစ်ကြောင်းစစ်တမ်းတစ်ရပ်တွင် ဖော်ပြသည်ဟုအမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ မိုင်အမ်မီအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ယင်းသူကြွယ်များသည် ၎င်းတို့ပစ်မှတ်ထားသည့် ကမ္ဘာ့မြို့ ကြီးများတွင် အိမ်ခြံမြေကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားကြသည် ဟုအဆိုပါစစ်တမ်းတွင်ဖော်ပြသည်။ ယင်းစစ်တမ်းကို လန်ဒန်အခြေစိုက် အိမ်ခြံမြေအကြံပေးအဖွဲ့ ကလပ်တန်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစစ်တမ်းအရအရှေ့ အလယ်ပိုင်းဒေသပြင်ပတွင် နယူးယောက်သည် ယူအေအီးသူကြွယ်တို့ ထိပ်တန်းရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာနေရာ ဖြစ်လာမည်ဖြစ်ပြီးအရှေ့ အလယ်ပိုင်းတွင် ဒူဘိုင်းဖြစ်လာမည်ဟုဆိုသည်။

“အမေရိကန်ဒေါ်လာဈေးမာနေတာကလည်းကမ္ဘာ့အိမ်ခြံမြေဈေးကွက်မှာရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ တွန်းအားတစ်ခုပါပဲ။ အိမ်ခြံမြေဟာစိတ်ချရမှုအရှိဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်တယ်လို့ ရှေးရိုးယူဆချက်တွေ ဆက်ပြီးအားကောင်းလာမယ့် သဘောလည်း ဖြစ်ပါတယ်”ဟုကလပ်တန်မှ အမှုဆောင်တစ်ဦးဖြစ်သူစတီဗင် မော်ဂန်ကပြောကြားသည်။

“ကျွန်တော့်သဘောအရပြောရရင် လန်ဒန်ဟာ နယူးယောက်ထက် ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ပိုကောင်းတယ်။ ဒါပေမယ့် စစ်တမ်းအရတွေ့ရတာကတော့ နယူးယောက်ဟာ ၂၀၁၆ ခုနှစ်မှာရင်းနှီးမြှုပ်နှံ သူတွေ ရွေးချယ်တဲ့ ထိပ်ဆုံး ၃ မြို့ ထဲမှာပါပါတယ်” ဟုမော်ဂန်ကဆက်လက်ပြောကြားသည်။

အာရပ်ရင်းနှီးမြှုပ်နှံသူတို့ ဦးတည်သောထိပ်တန်းမြို့ များတွင် ဒူဘိုင်းပါဝင်သော်လည်း လန်ဒန်နှင့် နယူးယောက်မြို့ ကြီးများကဲ့သို့ ကျော်ကြားခြင်းမရှိချေ။
လန်ဒန်သည် ပင်လယ်ကွေ့ဒေသ ၀ယ်လက်များ၏ ရင်းနှီးမြှုပ်နှံရာဖြစ်ခဲ့သည်မှာ နှစ်ကာလကြာရှည်ခဲ့ပြီ လည်း ဖြစ်သည်။

“ဒူဘိုင်းမှာအငှားချထားမှုတွေဟာတစ်နှစ်ကနေငါးနှစ်ကြားကစလေ့ရှိတယ်။ လန်ဒန်ရုံးခန်းတွေကတော့ အနည်းဆုံး ၅ နှစ်ကနေစငှားပြီး ၁၅ နှစ်လောက်အထိ ငှားရမ်းနိုင်ပါတယ်။ နောက်တစ်ခုကလန်ဒန်မှာရှိတဲ့ စတော့ဈေးကွက်ကရင်းနှီးမြှုပ်နှံမှုလုပ်လို့ရတဲ့ အဆင့်ရှိပြီးဒူဘိုင်းကတော့ အထနှေးတယ်”ဟုမော်ဂန်ကပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service