အိမ်ခြံမြေဝင်ငွေခွန်နှုန်းထားနဲ့ မြေကွက်စံနှုန်း သင့်တင့်တဲ့နှုန်းထားဖြစ်ဖို့ မျှော်လင့်နေကြ

အိမ်ခြံမြေဝင်ငွေခွန်နှုန်းထားနဲ့ မြေကွက်စံနှုန်း သင့်တင့်တဲ့နှုန်းထားဖြစ်ဖို့ မျှော်လင့်နေကြ - Property News in Myanmar from iMyanmarHouse.com
1 Apr 2016 11:35 am တွင် တင်ခဲ့သည်
1612 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေအရောင်းအဝယ်မှာ ဝင်ငွေခွန်သစ်ကလည်း နှုန်းထားများနေတဲ့အပြင် သည်နှစ်ထဲမှာ သတ်မှတ်နိုင်တဲ့ မြေကွက်စံနှုန်းတွေလည်း မမြင့်အောင် အစိုးရသစ်အနေနဲ့ လုပ်ဆောင်ပေးနိုင်ဖို့ မျှောလင့်နေကြတယ်လို့ သိရပါတယ်။

အိမ်ခြံမြေအရောင်းအဝယ်မှာ အခွန်ပေးဆောင်တာနဲ့ပတ်သက်ပြီး အပြောများနေတာက စံနှုန်းသတ်မှတ်ချက်တွေများနေတဲ့အပြင် အခွန်နှုန်းထားသစ်ကလည်း များနေတာကြောင့်ပါ ။
အရင်ကဝင်ငွေခွန်နှုန်းထား နည်းတာကြောင့် စံနှုန်းမြင့်နေပေမဲ့ ပေးဆောင်တဲ့သူတွေက လက်ခံကြတယ် ။ ပြီးခဲ့တဲ့နှစ်မှာလည်း သတ်မှတ်စံနှုန်းတွေမြင့်ပေမဲ့ ဝင်ငွေခွန်နဲ့ တွက်ရင် ပေးဆောင်နိုင်တဲ့ အခြေအနေမှာရှိခဲပါတယ်။

အသစ်သတ်မှတ်လိုက်တဲ့ ဝင်ငွေခွန်နှုန်းထားကို လျှော့ပေးဖို့လွှတ်တောမှာလည်း တောင်းဆိုမှုတွေပြုလုပ်ဖို့ရှိတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တချို့က ပြောပါတယ်။ ၂၀၁၅ ခုနှစ်မှာ အိမ်ခြံမြေနဲ့ပတ်သက်ပြီး အခွန်ပေးဆောင်မှုတွေမှာ အရင်ဘဏ္ဏာနှစ်ကထက် ၁၅ ဘီလျံလျော့ကျခဲ့တယ်လို့ ပြည်တွင်းအခွန်ဦးစီးဌာနဲရဲ့စာရင်းတွေအရ သိရပါတယ်။

အကျိုးဆောင်အများစုနဲ့ စီးပွားရေးကျွမ်းကျင်သူတွေက ဝင်ငွေခွန်နှုန်းထားသစ်ကြောင့် အခွန်ပေးဆောင်သူတွေ နည်းနိုင်တယ် လို့ သုံးသပ်ခန့်မှန်းထားကြပါတယ်။ နှစ်စဉ်အခွန်နှုန်းထားသစ်ပြောင်းလဲသတ်မှတ်ခဲ့တိုင်း အိမ်ခြံမြေနဲ့ ပတ်သက်ပြီး အခွန်ပေးဆောင်တာက ဈေးကွက်ကို အကျိုးမသက်ရောက်ဘူး ၊ စံနှုန်းအပေါ်မှာသာ ပေးဆောင်ရမှာဆိုပြီး ပြောခဲ့ကြပါတယ်။

ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က ‘အရင်က အခွန်နှုန်းထားလျော့ပေးတယ် ၊ စံနှုန်းနဲ့ပြန်ထိန်းထားတယ် ၊ စံနှုန်းကိုပဲ လူတွေက စိတ်ဝင်စားခဲ့ကြတာ ၊ အခုက ဝင်ငွေခွန်ကပါ မြင့်လာတော့ ပေးဆောင်ဖို့က မတန်တဆမြင့်သွားတာကြောင့်ပါ’ လို့ပြောပါတယ်။

အခွန်ရှောင်ကြတယ်ဆိုတာကလည်း သာမန်လူအများစုက အခွန်ဆောင်တဲ့အခါ ကုန်ကျမယ့်ငွေပမာဏများတာကြောင့်ပါ ။ ဧပြီလ ၁ရက်နေ့မှာ စတင်သက်ဝင်လာမယ့် အိမ်ခြံမြေအခွန်နှုန်းထားက မပေးဆောင်နိုင်တဲ့ အခွန်နှုန်းထား ဖြစ်တာကြောင့် အိမ်ခြံမြေအကျိုးဆောင် အသင်းအဖွဲ့တွေကလည်း အခွန်နှုန်းလျှောချဖို့ လွှတ်တော်ကိုတောင်းဆိုမှုတွေ ပြုလုပ်မှာလို့ သိရပါတယ်။

ဝသုန်အကျိုးဆောင်က ဦးဝင်းနိုင်က ‘ အစိုးရသစ်လက်ထက်မှာ အခွန်နှုန်းထားသစ်ကိုရော ဒီနှစ်ထဲမှာ အသစ်သတ်မှတ်ဖို့ရှိတဲ့ စံနှုန်းအသစ်ကိုပါ ပြည်သူတွေပေးဆောင်နိုင်တဲ့ နှုန်းထားတွေ ဖြစ်စေချင်တာပါ ။ ဒီပုံစံအတိုင်းဆို အခွန်ဆောင်တဲ့သူတွေ နှုန်းကဒီနှစ်ထက်တောင် နည်းသွားနိုင်တယ်’ လို့ သူ့အမြင်ကို ပြောပါတယ်။

အိမ်ခြံမြေနဲ့ပတ်သက်ပြီး အခွန်ကောက်ခံရရှိမှုက ၂၀၁၄-၂၀၁၅ ဘဏ္ဏာနှစ် ဖေဖော်ဝါရီလကုန်ပိုင်းအထိကို ကျပ် ၄၀ ဘီလျံကောက်ခံရရှိခဲ့ပြီး သည်နှစ် ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်မှာတော့ ကျပ် ၂၅ ဘီလျံ ကောက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service