ထိုင်းအစိုးရသည် ဖူးခက်ကိုထိုင်း၏ နံပါတ်တစ် စမတ်မြို့ တော်အဖြစ် အဆင့်မြှင့်တင်ရန်အတွက် ၂၀၁၆ ခုနှစ် ဘဏ္ဍာငွေမှ ဘတ်ငွေ သန်း ၄၃၀ သုံးစွဲသွားမည်ဖြစ်ကြောင်းထိုင်းသတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဝန်ကြီးဌာန (ICT)ကထုတ်ပြန်သည်။
အဆိုပါဘဏ္ဍာငွေကိုဖူးခက်မြို့ အဆင့်မြှင့်တင်ရေးစီမံကိန်းများစွာတွင် အသုံးပြုသွားမည် ဖြစ်ပြီးလာမည့် ၃ နှစ်အတွင်းအပြီးသတ်နိုင်ရန် မျှော်လင့်ထားသည်။
Prince of Songkhlaတက္ကသိုလ်နှင့် ဘူဆန်တက္ကသိုလ်တို့သည် ဖူးခက်အဆင့်မြှင့်တင်ရေးအတွက် အစပျိုးမည့် စီမံကိန်းများသုတေသနပြုရန်အတွက် ပူးပေါင်းရန် သဘောတူညီခဲ့ကြပြီးနောက်ပိုင်းစမတ်မြို့ တော်စီမံကိန်းကိုအရှိန်မြှင့်တင်လာခြင်းဖြစ်ကြောင်း ICT ၀န်ကြီးဥတ္တမ သ၀ဏရာနက ထုတ်ဖော်ပြောကြားသည်။
ယခုအခါဖူးခက်တွင် with CAT Telecom နှင့်လက်တွဲ ကာရှေ့ ပြေးပန်းခြံကိုစတင်တည်ဆောက်လျက်ရှိပြီး CAT က အင်တာနက်အခြေခံ အဆောက်အအုံ များထောက်ပံ့ပေးမည် ဖြစ်သည်။
စမတ်မြို့ တော်ဟူသည်မှာ မြို့ ပြအခြေခံအဆောက်အအုံများကိုလည်ပတ်ရာတွင် ဒစ်ဂျစ်တယ်နည်းပညာများအသုံးပြုခြင်းကိုဆိုလိုပြီးကုန်းပေါ် ရေပြင်နှစ်ရပ်လုံးတွင် လုံခြုံစိတ်ချစွာဖြင့် စမတ်အသိုက်အ၀န်းအဖြစ်နေထိုင်နိုင်ကြစေရန် ရည်ရွယ်သည်။
ဖူးခက်စမတ်မြို့ တော်နှင့် အပ်စပ်မည့် ရှေ့ ပြေးထုတ်ကုန်များထုတ်လုပ်ပေးနိုင်မည့် developer များကိုလည်းထိုင်းအစိုးရကမျှော်လင့်ကြိုဆိုလျက်ရှိသည်။
လက်ရှိအားဖြင့် ဖူးခက်စမတ်မြို့ တော်တည်ထောင်နိုင်ရေးအတွက် ထိုင်းအစိုးရသည် တောင်ကိုရီးယား၏ ဒုတိယအကြီးမားဆုံးမြို့ တော် ဘူဆန်နှင့် နည်းပညာဖလှယ်ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူထားသည်။
ဘူဆန်မြို့ တော်ဝန် ဆူဗြောင်စူးနှင့် ဖူးခက်အုပ်ချုပ်ရေးမှူး ချာယိုအန် တီဖရာပေါင်သန်ဒါတို့အကြား နည်းပညာဖလှယ်ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် ၂၀၁၆ခှုနှစ်၊ မတ်လနှောင်းပိုင်းတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
ဖူးခက်ကိုစမတ်မြို့ တော်အဖြစ် တည်ထောင်ရခြင်း၏ အကြောင်းရင်းမှာ နိုင်ငံတကာခရီးသွားမြို့ တော်ဖြစ်ခြင်းကြောင့် ဖြစ်ကြောင်းမစ္စတာဥတ္တမကပြောကြားသည်။ ဖူးခက်လုံခြုံရေးအတွက် စီစီတီဗီကင်မရာပေါင်း ၂၀၀ ကျော်တပ်ဆင်သွားမည်ဟုဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)